Alibaba ကို လက်ဝါးကြီးအုပ်မှုနဲ့
တရုတ်အစိုးရက စစ်ဆေးနေပြီ။
ဘာကြောင့်လဲဆိုတော့ တရုတ်စွန့်ဦးတီထွင်
လောကမှာ လူတော်တော်များများ အားကျတဲ့
Jack Ma အနေနဲ့ Ant Financial ပွဲမထွက်ခင်
တရုတ်စည်းကြပ်ရေးအဖွဲ့ကို ဆရာသွားလုပ်လို့
ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။
48 Laws of Power မှာ Robert Greene ရေးတဲ့
ပထမဥပဒေသကတော့
“Never Outshine Your Master” တဲ့။
Democracy မှာတော့ ပြည်သူလူထုကဆရာပဲ။
Communist လောက တရုတ်မှာတော့
Xi JinPing က ဆရာပဲ။
ဆရာ့ကို ဆရာသွားလုပ်လို့ မရဘူး။
တရုတ်ရဲ့ Bike Sharing Unicorn
Ofo ပြုတ်သွားတာ သူ့ဆရာ Didi နဲ့
ကတောက်ကဆဖြစ်တာလဲ တစ်ပိုင်းပါတယ်။
စီးပွားရေးတစ်ခု run တာဟာ
သာမာန်တစ်ရက်တာကို ဖြတ်သန်းတာနဲ့မတူပါဘူး။
Company မှာ အလုပ်လုပ်ရင် Office Politics ကို
နားလည်ရသလို
ကိုယ်တိုင်အလုပ်လုပ်တဲ့အခါလဲ Industry
အသွားအလာကို လေ့လာရပြန်တယ်။
Phyo Paing @ Derek