တကယ်လို့ အသက် ၈၂ နှစ်ထိနေရရင်
ရက်ပေါင်း ၃၀၀၀၀ နေရမယ်။
တိတိကျကျပြောရရင်
၈၂ နှစ်နဲ့ ၅၁ ရက်။
ဘဝဆိုတာ ရက်ပေါင်း ၃၀၀၀၀ နေရတဲ့
ဂိမ်းတစ်ခုသာဆိုရင်
ပထမ ရက်ပေါင်း ၁ သောင်းက
အသက် ၂၇ နှစ်လောက်ထိနေရမယ်။
ဒုတိယ ရက်ပေါင်း ၁ သောင်းက
အသက် ၅၅ နှစ်ထိ နေရမယ်။
တတိယ ရက်ပေါင်း ၁ သောင်းက
အသက် ၈၂ ထိ နေရမယ်။
ကိုယ်က ကံကောင်းရင်
ကျန်းမာရေးလိုက်စားရင်
နည်းနည်းပိုနေရကောင်းနေရမယ်။
ပထမ ၂၇ နှစ်ထိက လောကအကြောင်း၊
လူတွေအကြောင်း
နားလည်အောင် ပညာသင်၊
အသည်းကွဲ၊ လေ့လာတဲ့အချိန်။
ဒုတိယ အသက် ၅၅ နှစ်ထိအရွယ်က
ဘဝမှာ သန်မာပြီး
ငွေကြေးလဲမဆိုး၊
အပေါင်းအသင်းလဲမဆိုး
အကောင်းဆုံးအရွယ်။
တတိယအရွယ် ၅၅ ကျော်ကတော့
ကိုယ်သားသမီးနဲ့
နောက်မျိုးဆက်တွေ လက်ဆင့်ကမ်းတဲ့အရွယ်
ဖြစ်ကောင်းဖြစ်မယ်။
ပထမ ၂၇ နှစ်ထိက
မတူညီတဲ့ သူတွေနဲ့ပေါင်း၊
မတူညီတဲ့ အတတ်ပညာတွေစူးစမ်း၊
မသိသေးတဲ့ လောကအတွေ့အကြုံတွေရ။
ရူးရူးမူးမူး ချစ်ကျွမ်းဝင်၊
အသည်းကွဲ၊
လမ်းတွေပျောက်လိုက်ရှာလိုက်။
ဒုတိယ ရက်ပေါင်း ၁၀၀၀၀ အတွက်
အလုပ်အကိုင်လေးရှိလာပြီ၊
ဘဝရဲ့ ဒုတိယအရွယ်ရောက်လာပြီ။
ဘဝအကြောင်းတွေ နားလည်လာပြီ။
ဘဝမှာ သိထားရမှာကတော့
ဒုတိယအရွယ် ၅၅ မတိုင်ခင်က
ဘဝရဲ့ အကောင်းဆုံး
အစိတ်ပိုင်းတစ်ခုပဲ။
စိတ်ဓာတ်ကျ၊ အားငယ်၊
ဘေးထိုင်ဘုပြောပြီး
ဘဝကို ဖြတ်သန်းနေတာထက်
ကိုယ်လိုချင်တဲ့ဘဝကို
တည်ဆောက်နေတာ
ပိုပြီး လက်တွေ့ကျနိုင်တယ်။
Phyo Paing @ Derek