Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အလုပ်ကတစ်သက်လုံးလုပ်လို့ရတယ်။
အလုပ်က တစ်သက်လုံးဖြစ်မနေဘူး။

အလုပ်ဖြစ်တာကိုလိုက်ရှာတာက
အလုပ်ကြိုးစားတာထက်
ပိုခက်တတ်တယ်။

အလုပ်ဖြစ်တယ်ဆိုတာက
နည်းနည်းလုပ်လိုက်ပြီး
များများပြန်ရတာကိုဆိုတာ။
ဥပမာ ၁ ဆအားထည့်ပြီး
၁၀ ဆ၊ အဆ ၁၀၀ ပြန်ရတာမျိုး။

ဒီလိုနည်းနည်းလုပ်များများရတာကို
leverage လို့အသုံးပြုပါတယ်။

ကိုယ်တွေလို ကိုယ့်ဘဝ
ကိုယ်တည်ဆောက်ရသူတွေအတွက်
ဒီ leverage က အရေးကြီးတယ်။

ဘာကြောင့်လဲဆိုတော့
ခုန်ပျံကျော်လွှားမှမကြီးရင်
အချိန်အများကြီးမရှိဘူး။

ဥပမာအနေနဲ့ပြောရရင်
၂၀၁၄ ကာလကနေ
၂၀၂၀ လောက်ထိက
ကြော်ငြာ Facebook Ads တွေ
နည်းနည်းကြော်ငြာ
များများရတဲ့ကာလ။

၂၀၁၇ Live ကာလ။
၂၀၁၈ နှောင်းပိုင်းမှာ
content ဖန်တီးတာတွေက
လူမှုကွန်ယက်သုံး
digital leverage လုပ်လို့ရတဲ့ကာလ။

ဒါက ဒီဂျစ်တယ်မားကတ်တင်းပိုင်းမှာ။

ဘဝမှာ အဲ့လို
နည်းနည်းလုပ် များများရကာလတွေရှိတယ်။
ဒီနေ့ခေတ်ကတော့ အေအိုင်ဆိုပါတော့။

ဂုဏ်ထူးထွက်ဖို့ စာများများကျက်စရာမလိုဘူး။
အလုပ်ဖြစ်တဲ့ မေးနိုင်တဲ့စာကို
ဖတ်မှတ်လေ့လာနိုင်ဖို့ပဲလိုတယ်။

ဘဝမှာလဲ အများကြီး
ကျွမ်းကျင်စရာမလိုဘူး။
အလုပ်ဖြစ်တာကို ကျွမ်းကျင်ရင်ရပြီ။

စာဖတ်တယ်ဆိုတာ
အလွယ်လမ်းနဲ့ ဘယ်အရာ
ကိုယ့်အတွက် အလုပ်ဖြစ်သလဲ
လိုက်ရှာတာပဲ။

အဲ့ထက်မြန်တဲ့နည်းသိပ်မတွေ့ဖူးသေးဘူး။

လူတစ်ယောက်ရဲ့အတွေးရဲ့အရည်အသွေးက
လူတစ်ယောက်ဘဝရဲ့ အရည်အသွေးပဲ။

ခရီးသွား၊ လူသစ်တွေ့၊
စာဖတ်၊ စမ်းကြည့်၊ လေ့လာ။
အလုပ်ဖြစ်တာတွေ့ရင်
ဝုန်းသာဝုန်း။

အလုပ်ကတစ်သက်လုံးလုပ်လို့ရတယ်။
အလုပ်က တစ်သက်လုံးဖြစ်မနေဘူး။

Phyo Paing @ Derek

Share Your Idea!​