အရာရာကို “အသုံးဝင်မှု”နဲ့
တန်ဖိုးဖြတ်တယ်။
ကိုယ့်ကိုကိုယ် ပြန်စဥ်းစားတယ်။
ငါဘာအသုံးဝင်သလဲ။
ကိုယ့်မိသားစုအတွက်၊
ကိုယ့်လူမျိုးအတွက်၊
ကိုယ့်နိုင်ငံအတွက်၊
ကမ္ဘာကြီးအတွက်။
ကိုယ်က ဝန်ပိစေတဲ့သူလား၊
ကိုယ်က အသုံးဝင်တဲ့သူလား။
လောကမှာ
ကိုယ့်ရဲ့အသုံးဝင်မှုက
“စမ်းသပ်၊ လေ့လာ၊
သင်ကြား၊ အကြံပေး”
ဒီလေးခုပဲ။
ဒီလေးခုနဲ့ အသက်မွေးတယ်။
ဒီလေးခုနဲ့ ဘဝကို တည်ဆောက်တယ်။
ဒါကြောင့် ဘဝရေးရာအဖြေရှာတဲ့အခါ
ကိုယ့်ကိုကိုယ်တိုးတက်ရေး Personal
ကိုယ့်အသက်မွေးမှုတိုးတက်ရေး Professional
ကိုယ့်စီးပွားရေးတိုးတက်ရေး Business
အသက်ရှင်ပြီး အသက်ဝင်မှု Spiritual
ဒီနယ်ပယ်လေးခုအတွက်
“စမ်းသပ်၊ လေ့လာ၊
သင်ကြား၊ အကြံပေး”
ဒီလေးခုနေ့တိုင်းလုပ်တယ်။
Phyo Paing @ Derek