အေးချမ်းမှုအရသာကိုသိပြီးတော့
ပူလောင်မှုတွေမရချင်တော့ဘူး။
ဖြစ်ချင်တာတွေများပြီး
ဖြစ်နိုင်တာတွေနည်းနေရင်
ပူလောင်တာပဲ။
ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာမျှနေရင်
ဘဝက အထာကျကျစီးဆင်းနေမယ်။
နေတဲ့နေရာ၊
လုပ်တဲ့အလုပ်၊
တွေ့တဲ့သူ၊
တွေးနဲ့အတွေး၊
နေ့စဥ်အမူအကျင့်အရေးကြီးတယ်။
Phyo Paing @ Derek