ကိုယ့်ဘဝမှာဘာလုပ်ရမှန်းမသိရင်
စာရွက်တစ်ရွက်ယူ။
၁ ကနေ ၁၀ အထိအမှတ်ပေးကြည့်။
၁ က အနည်းဆုံး၊ ၁၀ က အမှတ်ပြည့်၊
၅ က အလည်အလတ်။
ကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သက်လို့ ၁-၁၀
အလုပ်စီးပွါးနဲ့ပတ်သက်လို့ ၁-၁၀
ငွေရေးကြေးရေးနဲ့ပတ်သက်လို့ ၁-၁၀
အချစ်၊ အိမ်ထောင်၊ မိသားစုအရေးနဲ့ပတ်သက်လို့ ၁-၁၀
အပေါင်းအသင်းနဲ့ပတ်သက်လို့ ၁-၁၀
တိုးတက်ရေးနဲ့ပတ်သက်လို့ ၁-၁၀
စိတ်ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ၁-၁၀
ဒီနယ်ပယ် ၇ ခုကို အမှတ်ပေးပြီး
အမှတ်နည်းနေတာတွေကိုဖြည့်ကြည့်။
ဒါကို Wheel of life လို့လဲခေါ်တယ်။
တခါတလေ သူများနဲ့ပြိုင်စရာမလိုဘူး။
ကိုယ့်ဘဝကိုယ် စိတ်တိုင်းကျဖို့လိုတယ်။
Phyo Paing @ Derek