Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ရဲ့ နေ့စဉ် အတွေး၊ အကြံ၊ အလုပ်ကို
ဂရုပြုပါ။

လူတွေရဲ့ဘဝ ကွာခြားတာ
အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။

အဲ့ထဲက အကြောင်းတစ်ခုက
ဦးနှောက်တည်ဆောက်ပုံ
Brain structure မတူလို့။

ဥပမာ Prefrontal lobe (PFC) အားကောင်းတဲ့သူက
ရေရှည်ကို စီမံကိန်းချနိုင်တယ်။
ကိုယ့်ရဲ့တဒင်္ဂခံစားချက်တွေကိုထိန်းနိုင်တယ်။
ဆုံးဖြတ်ချက်ပြတ်သားတယ်။

Hippocampus အားကောင်းရင်
သင်ယူရမြန်တယ်၊ သင်ယူနိုင်တယ်၊
အခြေအနေကို သဘောပေါက်နိုင်စွမ်းအားကောင်းတယ်။
အရိပ်အကဲကိုသိတယ်။
မှန်ဥာဏ်အားကောင်းတယ်။

Amygdala က ပုံမှန်ထိန်းနိုင်ရင်
ကိုယ့်စိတ်ခံစားမှုတွေ သတိပြုနိုင်မှုအားကောင်းတယ်။
လိုတာထက်ပို အလုပ်လုပ်ရင်
စိုးရိမ်စိတ်တွေများတတ်တယ်။

Basal Ganglia အားကောင်းရင်
အမူအကျင့်တည်ဆောက်ရလွယ်တာ၊
စည်းကမ်းရှိတာလွယ်ကူတယ်။

Neurotransmitters စနစ်မှာ
ဒိုပါမင်း Dopamine အလုပ်လုပ်အားကောင်းတဲ့သူက
ရည်ရွယ်ချက်ကြီးတယ်၊
တပြိုင်တည်းမှာ စွဲလမ်းတတ်မှုလဲများတယ်။
Serotonin အလုပ်လုပ်အားကောင်းရင်
တည်ငြိမ်တယ်၊ ကြံ့ကြံ့ခံတယ်။
Norepinephrine က အာရုံစိုက်နိုင်စွမ်း၊
နိုးကြားတက်ကြွမှုနဲ့ဆိုင်တယ်။

မွေးကတည်းက လူတွေရဲ့ brain structure မတူသလို၊
ပြင်ချင်တယ်ဆိုရင်
ကိုယ့်ရဲ့ အတွေး၊ အကြံ၊ အလုပ်ကိုပြင်ရင်လဲ
ဦးနှောက်ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံကိုပြင်လို့ရတယ်။
ဒါကို Neuroplasticity လို့ခေါ်တယ်။

ဥပမာ တရားထိုင်တဲ့သူတွေမှာ
Hippocampus ကြီးလာတာတွေ့ရသလိုမျိုး။

ဒီနေ့ခေတ်က အစားအသောက်နဲ့
အမူအကျင့်ပြောင်းရင်တောင်
Gene expression ပြောင်းလို့ရတယ်ဆိုတာ
သိလာကြပြီ။
ဒါကို epigenetics လို့ခေါ်ပါတယ်။

ကိုယ့်ရဲ့ နေ့စဉ် အတွေး၊ အကြံ၊ အလုပ်ကို
ဂရုပြုပါ။

Phyo Paing @ Derek

Share Your Idea!​