အဆင့်နိမ့်ပြဿနာတွေက
အလုပ်လုပ်ဖို့ မော်တီဗေးရှင်းမရှိဘူး။
အချိန်ဆွဲနေမိတယ်။
စိတ်ခဏခဏ ညစ်တတ်တယ်။
ဘာလုပ်ရမလဲ ရှင်းရှင်းလင်းလင်းမသိဘူး။
လူတွေ ကိုယ့်ကိုဘယ်လိုထင်နေမလဲမသိဘူး။
ကြောက်တယ်။
ရှက်တယ်။
လမ်းခဏခဏ ပျောက်တယ်။
ရည်မှန်းချက်တွေက ပေါ်လိုက်ပျောက်လုပ်ပဲ။
ဆန္ဒပဲရှိတာ လုပ်ဖို့ခက်နေတယ်။
ပျင်းပျင်းနေတာ။
ဒါတွေက အဆင့်နိမ့်ပြဿနာတွေ။
ကိုယ့်ကိုကိုယ် စီမံနိုင်ဖို့က ပထမအဆင့်ပဲ။
Personal Development က
အခြေခံအဆင့်ပဲ။
ဒီ အဆင့်နိမ့်ပြဿနာတွေဖြေရှင်းပြီးမှ
Professional နဲ့ Business ပိုင်းကို
မြန်မြန်တက်နိုင်မှာ။
Phyo Paing @ Derek