Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အပြောင်းအလဲ လုပ်ပေးနိုင်တယ်။

ဆရာတစ်ယောက်ရဲ့ စွမ်းအားက
လူတစ်ယောက်ဘဝကို
အပြောင်းအလဲ လုပ်ပေးနိုင်တယ်။

ဘဝရဲ့စာသင်ခြင်း Trauma က
တရုတ်ကျောင်းတွေမှာရတယ်။
ဒါကြောင့် သူငယ်ချင်းအားမီတီ
မေဖြိုးရဲ့ အစ်ကိုနဲ့
ကျောင်းအမြဲပြေးတယ်။
ကျောင်းဘေးမှာ သူကြက်တိုက်တာကိုကြည့်၊
ဖဲထိုင်ရိုက်။

ကိုးတန်းရောက်မှ ဆရာဂျွန်ဆိုတဲ့
မြန်မာအန္ဒိယလူမျိုးအင်္ဂလိပ်စာဆရာနဲ့တွေ့တယ်။
ဘဝမှာ အကြီးဆုံးအပြောင်းအလဲတစ်ခုဖြစ်တယ်။
ဘဝအမြင်တွေ အကုန်ပြောင်းသွားတယ်။
ကိုးတန်း၊ ဆယ်တန်းပြီးတော့
အင်္ဂလိပ်စာဖတ်တတ်လာတယ်။

နောက် စာအုပ်နဲ့ audiobook
နောက် video တိတ်ခွေတွေနဲ့လေ့လာခဲ့တယ်။
မမြင်ဖူးတဲ့ဆရာတွေ အများကြီးပဲ။

ဆေးကျောင်းပြီးတော့ ကံကောင်းတာတစ်ခုက
Apex Business School မှာ
ဆရာကျော်ဇော်လင်းနဲ့တွေ့တယ်။
မားကတ်တင်းနဲ့ စီမံခန့်ခွဲမှုကိုလေ့လာခဲ့တယ်။
ဘဝ နောက်တစ်ကွေ့ပြန်ပြောင်းတယ်။
လွန်ခဲ့တဲ့ ဆယ့်လေးနှစ်က။

ဘဝမှာ ဆရာတွေအများကြီးရှိတယ်။​
ဒီ ဆရာ၊ ဆရာမတွေက
တကယ့်စိတ်ရင်း၊ ဝါသနာနဲ့
စေတနာကို ထိတွေ့တဲ့အခါ
ဘဝတစ်ခုလုံးပြောင်းလဲသွားတတ်တယ်။

ကိုယ့်မှာလဲ တခြားသူတွေကို
ပြန်လည်ကူညီပေးဖို့ တာဝန်ရှိတယ်လို့
အမြဲနှလုံးသွင်းထားတယ်။

Phyo Paing @ Derek

Share Your Idea!​