ရှုံးသွားရင်တောင် နိုင်နေမည့် အလုပ်လုပ်ပါ။
ကိုယ် လုပ်ငန်း စတယ်။
အောင်မြင်ရင် ငွေရတယ်။
ရှုံးရင် သင်ခန်းစာ ရတယ်။
ဒါဆို ဘယ်မှာ ရှုံးတာလဲ?
ကိုယ် content ရေးတယ်။
viral ဖြစ်ရင် follower တက်တယ်။
viral မဖြစ်ရင် ကိုယ့်အတွေးက ပိုရှင်းသွားတယ်။
ဒါဆို ဘယ်မှာ ရှုံးတာလဲ?
ကိုယ် ကျွမ်းကျင်မှု သင်တယ်။
အလုပ်ရရင် ငွေရတယ်။
အလုပ်မရရင် ကိုယ့် skill က ကိုယ့်ဆီ ကျန်တယ်။
ဒါဆို ဘယ်မှာ ရှုံးတာလဲ?
ဒါက asymmetric bet ပါ။
ရှုံးရင် နည်းနည်း ရှုံးတယ်။
နိုင်ရင် အများကြီး နိုင်တယ်။
လူအများစုက ပြောင်းပြန်လုပ်တယ်။
နိုင်ရင် နည်းနည်း နိုင်တယ်။
ရှုံးရင် အကုန်လုံး ရှုံးတယ်။
ကိုယ်မှာ ရှိတဲ့ ငွေအကုန် ထည့်တယ်။
ကိုယ်မှာ ရှိတဲ့ အချိန်အကုန် ထည့်တယ်။
ကိုယ်မှာ ရှိတဲ့ ဆက်ဆံရေးအကုန် လောင်းတယ်။
ပြီးတော့ မအောင်မြင်ရင် ဘာမှ မကျန်ဘူး။
ဒါ ရဲရင့်တာ မဟုတ်ဘူး။
ဒါ မိုက်တာ။
ရှုံးသွားရင်တောင် နိုင်နေမည့် အလုပ်ဆိုတာ —
ကိုယ် gym သွားတယ်။
ကိုယ်ခန္ဓာ ပြောင်းသွားတယ်။
ဒါပေမယ့် မပြောင်းရင်တောင် ကျန်းမာရေး ကောင်းသွားတယ်။
ကိုယ် စာအုပ် ရေးတယ်။
ရောင်းကောင်းရင် ဝင်ငွေရတယ်။
မရောင်းရင်တောင် ကိုယ့်အတွေးတွေ စုစည်းပြီးသားဖြစ်သွားတယ်။
ကိုယ် လူတွေကို သင်ပေးတယ်။
ပိုက်ဆံရရင် ကောင်းတယ်။
မရရင်တောင် ကိုယ်က ပိုနားလည်သွားတယ်။
ဒါမျိုး အလုပ်ကို ရွေးပါ။
ရလဒ် ဘယ်လို ထွက်ထွက်
ကိုယ် ပိုကောင်းသွားမယ့် အလုပ်။
ရှုံးတဲ့ အခါမှာတောင်
ကိုယ့်လက်ထဲ တစ်ခုခု ကျန်နေမယ့် အလုပ်။
ဒါ အလုပ်ရွေးတာ မဟုတ်ဘူး။
ဒါ ဘဝရွေးတာ။
Phyo Paing @ Derek