ဘဝမှာ တချို့လူတွေနဲ့
အဆက်အဆံမလုပ်ချင်ဘူး။
သိလဲမသိချင်ဘူး။
စကားလဲမပြောချင်ဘူး။
ခုလဲပတ်သက်ဖို့မရှိသလို
နောက်လဲ ပတ်သက်ဖို့မရှိဘူး။
ဒီလိုလူတွေနဲ့သိရလို့
ကောင်းတာလဲဘာမှဖြစ်မှာမဟုတ်သလို
သူ့ဘဝသူတောင် မကျေနပ်
တိုင်ပတ်နေတာဖြစ်တဲ့အတွက်
ဖြစ်နိုင်ရင် အတတ်နိုင်ဆုံးရှောင်တယ်။
ဒီလို လူတွေကိုလှောင်၊
လောကကိုပြောင်၊
ကိုယ့်ဘဝကို မကျေနပ်၊
လောကကို စိတ်တိုင်းမကျတဲ့သူတွေကို
ဘူကောင်လို့ပဲခေါ်မလား။
ကျွန်တော်ကတော့ ငွေဘယ်လောက်ရရ
ဒီလိုလူတွေရှောင်တယ်။
လူမှုကွန်ယက်မှာတွေ့ရင်
ထပ်မတွေ့ချင်တော့တဲ့အတွက်
ban လိုက်၊ block လိုက်တယ်။
ဘဝက တော်တော်လေး မိုက်လာတာ
ဘူကောင်တွေကို ဘဝထဲမှာမထားတာပဲ။
Phyo Paing @ Derek