လူတွေအကြောင်းနားလည်ချင်ရင်
စာအုပ်တစ်ခုရှိတယ်။
စာအုပ်တစ်အုပ် ဖတ်ပြီး လူတွေကို ကြည့်တဲ့
မျက်လုံး ပြောင်းသွားခဲ့တယ်။
နာမည်က
Games People Play
ရေးသူက Eric Berne။
၁၉၆၄ မှာ ရေးခဲ့တာ။ နှစ်ပေါင်း ၆၀ ကျော်ပြီ။
ဒါပေမယ့် ဒီစာအုပ်ထဲက လူတွေ — ဒီနေ့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေဆဲ။
Berne က စိတ်ပညာရှင်။
လူနာတွေကို နှစ်ပေါင်းများစွာ လေ့လာပြီး တွေ့ခဲ့တာ ရှိတယ်။
လူတွေ စကားပြောတာ ဆက်သွယ်ဖို့တင် မဟုတ်ဘူး။
စိတ်ပိုင်းဆိုင်ရာ game ကစားဖို့။
သူ့ သီအိုရီရဲ့ အခြေခံက ရိုးရှင်းတယ်။
လူတိုင်းထဲမှာ စိတ်အခြေအနေ ၃ ခု ရှိတယ်။
Parent — မိဘဆီက ကူးလာတဲ့ အသံ။
“ဒါ မလုပ်ရဘူး” “ဒီလိုလုပ်မှ ဖြစ်မယ်”
Adult — အချက်အလက် ကြည့်ပြီး ယုတ္တိကျကျ ဖြေတဲ့ အပိုင်း။
Child — ခံစားချက်နဲ့ တုံ့ပြန်တဲ့ အပိုင်း။
ဆော့ချင်တဲ့ ကလေး ဖြစ်ဖြစ်။
ကြောက်နေတဲ့ ကလေး ဖြစ်ဖြစ်။
ပြဿနာက ဒီမှာ စတယ်။
ကိုယ်က Adult ကနေ ပြောတယ်။
“ဒီ project ဘယ်တော့ ပြီးမလဲ”
ဒါပေမယ့် တစ်ဖက်က Child ကနေ ကြားတယ်။
“ငါ့ကို အပြစ်တင်နေတာလား”
Berne က ဒါကို crossed transaction လို့ ခေါ်တယ်။
စကားပြောပြီး ပေါက်ကွဲတာ —
ပြောတဲ့ အကြောင်းအရာကြောင့် မဟုတ်ဘူး။
စိတ်အခြေအနေချင်း လွဲသွားလို့။
ဒါ ရုံးတွေမှာ နေ့တိုင်း ဖြစ်နေတယ်။
ဒါ အိမ်မှာ ညတိုင်း ဖြစ်နေတယ်။
ပြီးတော့ Berne က game တွေကို အမည်ပေးတယ်။
“If It Weren’t For You” —
ကိုယ့်ဘဝ မအောင်မြင်တာ သူများကြောင့်လို့
ကစားတဲ့ game။
တကယ်က ကိုယ်တိုင် မလုပ်ရဲတာကို ဖုံးထားတာ။
“Why Don’t You — Yes But” — အကြံဉာဏ် တောင်းတယ်။
ဒါပေမယ့် ပေးတိုင်း “ဒါပေမယ့်” နဲ့ ပယ်တယ်။
အဖြေ မလိုချင်ဘူး။
“ငါ့ပြဿနာက ဘယ်သူမှ ဖြေနိုင်လောက်အောင် ခက်တယ်” ဆိုတဲ့
ခံစားမှု လိုချင်တာ။
“Now I’ve Got You” —
တစ်ဖက်သား မှားတဲ့ အခိုက်ကို စောင့်နေတယ်။
မှားတာနဲ့ ဆုတ်ကိုင်ပြီး “မြင်လား” လုပ်တယ်။
ကိုယ်ကျင့်တရားအရ သာလွန်ကြောင်း ပြဖို့ ကစားတဲ့ game။
(ကျွန်တော်ဆို အိမ်က အမေ အဲ့လို လုပ်တာ အမြဲ ခံရတတ်တယ်။ 😄)
“See What You Made Me Do” —
ကိုယ့်အမှားကို သူများကြောင့်လို့ လွှဲပစ်တဲ့ game။
တာဝန်ကို မယူချင်လို့။
Berne က ပြောတယ်။
ဒီ game တွေ ကစားနေတာ ကောင်းလိုချင်လို့ မဟုတ်ဘူး။
ဆုလာဘ် ရလို့။
Game တိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ဆုလာဘ် ရှိတယ်။
သားကောင် နေရာ ကစားရင် — အာရုံစိုက်မှု ရတယ်။
ကယ်တင်သူ နေရာ ကစားရင် — အရေးပါမှု ရတယ်။
အကြဲဖြတ်သူ နေရာ ကစားရင် — အာဏာ ရတယ်။
ဒါကြောင့် game ကို ရပ်ဖို့ ခက်တာ။
ဆုလာဘ်ကို လက်လွှတ်ရမှာ ကြောက်လို့။
ဒါဆို ဘယ်လို ရပ်မလဲ။
Berne ရဲ့ အဖြေက ရိုးရှင်းတယ်။
ရင်းနှီးမှု။
Game မကစားဘဲ ရိုးရိုးသားသား ပြောတာ။
“ငါ ကြောက်နေတယ်” — သားကောင် game မကစားဘဲ ဖွင့်ပြောတာ။
“ငါ အသိအမှတ်ပြုခံချင်တယ်” — ကယ်တင်သူ game မကစားဘဲ ဖွင့်ပြောတာ။
ဒါ အခက်ဆုံး အရာ။
Game က လုံခြုံတယ်။ ရင်းနှီးမှုက ထိခိုက်လွယ်တယ်။
ဒါပေမယ့် game ထဲမှာ ချိတ်ဆက်မှု မရှိဘူး။
ရင်းနှီးမှုထဲမှာပဲ ချိတ်ဆက်မှု ရှိတယ်။
ဒီစာအုပ် ဖတ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ကြည့်ပါ။
ကိုယ့်ကိုကိုယ် ပြန်ကြည့်ပါ။
ဘယ် game ကစားနေသလဲ။
ဘာ ဆုလာဘ်အတွက် ကစားနေသလဲ။
ဒီ game ကို ရပ်ရင် ဘာ ဖြစ်မလဲ။
လူတွေကကစားနေတဲ့ ဂိမ်း
သဘောတရားကို နားလည်ဖို့လိုတယ်။
တချို့တွေကပြောလိမ့်မယ်
တရားရှိရင်ရပြီ။
မှန်ပါတယ်။
လူတိုင်းက လောကုတ္တရာကို မသွားနိုင်သေးဘူး။
Beyond လောကီကိုမသွားနိုင်သေးတဲ့အခါ
လောကုတ္တရာမှာ
မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေ၊
လူတွေကြားထဲရှင်သန်လို့ရအောင်
ဒါလေး မျှဝေပေးတာပါ။
တကယ်တရားရရင်
ငြင်းနေကြတော့မှာ မဟုတ်ဘူး။
ဒါကြောင့် လောကီဂိမ်းကိုနားလည်ဖို့
မျှဝေပေးတာဖြစ်ပါတယ်။
Phyo Paing @ Derek