ဘဝမှာ အရေးအကြီးဆုံးအရာ ဘာလဲ လို့ မေးရင်
autonomy လို့ခေါ်တဲ့အရာဖြစ်နိုင်ပါတယ်။
လူတွေ
ငွေကြေး လို့ ပြောကြတယ်။
ချစ်ရတဲ့လူ လို့ ပြောကြတယ်။
အကုန်လုံးမှန်ပါတယ်။
ဒါပေမယ့်
ဒါတွေ အားလုံးထက်
ပိုအရေးကြီးတာ တစ်ခု ရှိတယ်။
ကိုယ့်ဘဝကို ကိုယ်တိုင် ရွေးချယ်ခွင့်
ရှိသလား မရှိဘူးလား ဆိုတဲ့ မေးခွန်း။
ဒါက ကျန်းမာခြင်း၊
ငွေကြေး ဒါတွေရှာဖွေရတဲ့
အဓိကရည်ရွယ်ချက်မဟုတ်လား။
ပိုက်ဆံရှိပြီး
ကိုယ့်ဘဝ ကိုယ် မပိုင်ဘူးဆိုရင်
ချမ်းသာတဲ့ ဘဝ မဟုတ်ဘူး
ဖြည်းဖြည်းချင်း သေနေတဲ့ ဘဝပဲ။
နေကောင်းတယ် ချုပ်နှောင်ခံနေရတယ်။
ချစ်ရတဲ့သူ ရှိပြီး
ကိုယ်လုပ်ချင်တာ မလုပ်ရဘဲ နေရတဲ့ ဘဝ
ဒါ ဘဝ မဟုတ်ဘူး
ဒါ အနေကြီးတဲ့ ထောင် တစ်ခု။
ကိုယ့်ဘဝကို ကိုယ် ရွေးနိုင်ဖို့
Autonomy (ကိုယ်ကံကိုယ် ဖန်တီးနိုင်ခြင်း) ဆိုတဲ့ အရာ
ဒါပဲ အဓိကအကျဆုံးတစ်ခုဖြစ်နိုင်ပါတယ်။
Phyo Paing @ Derek