ဘဝမှာ တချို့အရာတွေကို
no လို့ မြန်မြန်ပြောရဲဖို့လိုတယ်။
အလုပ်ဖြစ်၊ ပိုက်ဆံရနေဆိုင်း
ဆက်လုပ်နေလို့မရဘူး။
အနာဂတ်မှာ အထောက်အကူပိုဖြစ်တာရှိရင်
အခုချက်ချင်း ငွေကြေးမရသေးလဲ
လုပ်ဆောင်သင့်တယ်လို့မြင်တယ်။
နောက်ပြီး
သေပြီးဘာဖြစ်မလဲမသိပေမယ့်
မသေခင်မှာတော့
၁။ မကျန်းမမာဖြစ်နိုင်တယ်
၂။ ချစ်တဲ့သူတွေ သေဆုံးနိုင်တယ်
၃။ လူတွေကိုယ့်ကို မုန်းတာ၊ အထင်မကြီးတာ အထင်သေးတာ ဒါကလဲဖြစ်နိုင်တယ်
၄။ ငွေကြေးတွေ အကုန်ဆုံးရှုံးသွားနိုင်တယ်
၅။ ကမ္ဘာ စစ်ဖြစ်တဲ့အတွက် ဖန်တီးထားတဲ့အရာတွေပြိုလဲနိုင်တယ်
၆။ မသေခင် အသက်ငင်ရတဲ့အဖြစ်မျိုးဖြစ်နိုင်တယ်
အဆိုးဆုံးတွေကို ကြိုရေးထားကြည့်လိုက်တယ်။
ဒါတွေဖြစ်လာရင် ဘာတွေလုပ်လို့ရမလဲ၊
မဖြစ်ခင် ဘာတွေ ပြင်ဆင်ထားလို့ရမလဲ၊
မသေခင်ဘာတွေ လုပ်သွားမလဲ၊
ကိုယ့်ပလန်တွေက အဖြစ်အပျက်တွေကြောင့်
ဘာတွေပြောင်းသွားနိုင်လဲ ကြိုစဥ်းစားထားလိုက်တယ်။
ကိုယ်ကြိုတင်စဥ်းစားကြံစည်စားလေလေ
risk အန္တရာယ်ကို စီမံခန့်ခွဲနိုင်လေလေပဲ။
Phyo Paing @ Derek