Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုနိုင်တယ်။

တဖြေးဖြေးသိလာတာ
လူတွေကို ပိတ်ထားတဲ့အတားအဆီးက
“အတွေးအခေါ်” ပဲ။

ကျွန်တော်ကတော့
လုံးဝ အတွေးအခေါ်မတူညီတဲ့
မိဘနှစ်ပါးနဲ့ ကြီးတယ်။

အမေက တစ်ခုခုဝယ်တော့မယ်ဆို
အခုထိ စျေးကြည့်ပြီး
အရာရာကို ခက်ခဲနေတယ်လို့ထင်တဲ့
မိသားစုကလာတယ်။

အဖေက တစ်ခုခုဆို
အကောင်းဆုံးကို ဝယ်တယ်။
အရာရာ ဖန်တီးလို့ရတယ်လို့ထင်တယ်။

လေးတန်းကနေ ဆေးကျောင်းပထမနှစ်လောက်ထိက
မပြည့်မစုံနေခဲ့ရပေမယ့်
ကိုယ်လိုချင်တာရဖို့
ခက်ခဲတယ်လို့ ဘယ်တုန်းကမှ မစဥ်းစားမိဘူး။

လိုချင်တာရှိရင် ဖန်တီးယူလို့ရတယ်
ဒီနေ့အထိ အကြွင်းမဲ့ယုံကြည်တယ်။

ကားမရှိဘူး သေချာကြံဆရင်ဝယ်လို့ရတယ်။
အိမ်မရှိဘူး။
မြေမရှိဘူး။
ကျွမ်းကျင်မှုမရှိဘူး။
လုပ်ငန်းမရှိဘူး။
ငွေမရှိဘူး။
အကုန်လုံးက ကြံဆဖန်တီးယူလို့ရတယ်။

ဒီလောကအမြင်က အဖေဆီကရတာလို့လဲ
ယူဆတယ်။
ငယ်ငယ် ညနေဗီဒီယိုဇာတ်ကားကြည့်ပြီးတိုင်း
ဆန်ချိုအေးဆို ၅ ကျပ်တန်မသောက်နဲ့
၁၀ တန်သောက်။
သူနဲ့ မူဆယ်၊ မန္တလေး
သူ့ကားနဲ့အမြဲလိုက်သွားတာ၊
မျက်စိရှေ့မှာ အိမ်ဝယ်၊
ကားဝယ်၊ ၁၂ ဘီးကားကနေ
သစ်စက်နဲ့ လုပ်ငန်းဖန်တီးတာမြင်ခဲ့ရတော့
စီးပွားရေးလုပ်တာ ဘာမှခက်မနေဘူလို့
အမြဲယူဆတယ်။

ကိုယ့်ကိုပျက်စီးစေနိုင်တဲ့
ဆေးဝါးတို့ ဂရုစိုက်တယ်။

လူတွေကို အဓိက ပိတ်ထားတဲ့အရာက
အတွေးအခေါ်ပဲလို့ထင်တယ်။

စျေးကွက်မရှိ ရှိတဲ့နေရာသွားရမှာပဲ။

အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုနိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​