ငွေ၊ ဂုဏ်၊ အချစ်၊ တရား။
လူအများစုက ပထမတစ်ခုကို အချစ်ဆုံးပဲ။
ငွေရရင် ဂုဏ်ရမယ်။ ဂုဏ်ရရင် အချစ်ရမယ်။ တရားကတော့ အသက်ကြီးမှ ထိုင်မယ်လို့ တွေးကြတယ်။
ကျွန်တော်လည်း တစ်ချိန်က ဒီအစဉ်အတိုင်း တွေးခဲ့ဖူးတယ်။
နောက်မှ သိလာတာက ငွေပါလာတိုင်း
ဂုဏ်က အလိုလို မပါလာဘူး။
အချစ်ကိုလည်း ငွေနဲ့ ဝယ်လို့ မရဘူး။
တကယ်တော့ ဒီစာရင်းကို နောက်ကနေ ပြန်ဖတ်ရမှာပါ။
တရားရှိတဲ့သူကို လူတွေ ယုံတယ်။
ချစ်ခင်ယုံကြည်တဲ့သူကို ဂုဏ်ပြုတယ်။
ဂုဏ်ရှိတဲ့သူဆီကို ငွေက လာတယ်။
ငွေက အစ မဟုတ်ဘူး။
တရားကနေ သီးလာတဲ့ နောက်ဆုံးအသီးပဲ။
Phyo Paing @ Derek