ဥာဏ်နဲ့ ဥာဏ်ပညာမတူပါဘူး။
လူတွေကို ဆုံးဖြတ်ချက်အမှားတွေချမိစေတာ
စိတ်ခံစားမှုတွေရယ်၊
အတွေးအခေါ်လွဲသွားတာတွေပဲ။
ဥပမာ ပိရမစ်တွေကို အီဂျစ်တွေ
ဘယ်လိုဖန်တီးခဲ့တာ သူတို့မရှင်းပြနိုင်ဘူး။
ကြည့်လေ ဒါက ဂြိုလ်သားတွေ
ဖန်တီးခဲ့တဲ့ အဓိပ္ပာယ်ပဲ။
တစ်ခုခုကို သက်သေပြလို့မရခြင်းဟာ
နောက်တစ်ခုကို သက်သေပြလို့ရခြင်းပုံစံ
စဥ်းစားမှု။
Appeal to ignorance fallacy လို့ခေါ်ပါတယ်။
ကျွန်တော်ဆို ကိုလာအရမ်းကြိုက်တယ်။
သောက်လဲသောက်တာပဲ။
ဒါပေမည့် ကျွန်တော်ဝလာလားကြည့်။
အားကစားသမားတစ်ယောက်က
ပြောတယ်ဆိုပါတော့။
လူအများစုက သူ့ခန္ဓာကိုယ်နဲ့ ကိုလာသောက်တာကို
ကြည့်ကောင်းကြည့်လိမ့်မယ်။
ဒါပေမယ့် သူအားကစားတဲ့အချိန်နဲ့
တခြားအစားအသောက်တွေကို
စဥ်းစားဖို့ မေ့သွားတာမျိုးဖြစ်တတ်တယ်။
Correlation proves causation fallacy လို့ခေါ်ပါတယ်။
ဆရာကြီးဘယ်သူကပြောတာပဲ။
ဒီဘယ်သူကပြောတယ်ဆိုတဲ့
authority ယုံကြည်ရတဲ့သူတွေပြောတာဖြစ်တဲ့အတွက်
သက်သေပြစရာမရှိလဲ ယုံလိုက်တာမျိုး။
Appeal to authority fallacy ပါ။
နောက်တစ်ခုက
ခင်ဗျာမှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်။
ပြည်တွင်းမှာပဲ နေမှာလား၊
ပြည်ပထွက်မှာလား။
နှစ်ခုပဲ ရွေးချယ်မှုရှိတဲ့ပုံစံမျိုးကြားမှာ
တတိယရွေးချယ်မှုမရှိတဲ့အခါ အတွေးပိတ်သွားတာမျိုး။
False dichotomy လို့ခေါ်ပြီး
သမ္မတ ဂျော့ဘွတ်တုန်းကလဲ
အီရပ်စစ်ပွဲ ဆင်နွဲမယ်လုပ်တော့
With us or against us ဆိုပြီး လုပ်ခဲ့သေးတယ်။
နောက်တစ်ခုကတော့
ဆေးလိပ်သောက်တဲ့သူနားနေတဲ့အခါ
ဆေးလိပ်ငွေ့ကြောင့် လူတွေမကျန်းမာဖြစ်တာမှန်တယ်။
အဲ့ထက်ဆိုးတာဘာလဲ သိလား။
အရက်ဘီယာတွေပဲ။
ဒါကတော့ လူတွေကို အာရုံလွဲလိုက်တာ။
Red herrings လို့ခေါ်ပါတယ်။
ခင်ဗျားဆိုလိုချင်တဲ့သဘောက
ငွေမရှိရင် သေဆိုတဲ့သဘောပေါ့။
ပြောဆိုမှုတစ်ခုကို Over-simplified လုပ်လိုက်တာ။
Straw man arguments ပေါ့။
စစ်တုရင်ကစားကျွမ်းကျင်သူတစ်ယောက်ဟာ
အရက်သောက်ထားတဲ့အခါ
သူ့ကျွမ်းကျင်မှုကို အကောင်းဆုံးထုတ်သုံးနိုင်မလား
မသေချာသလို၊
စိတ်ခံစားမှု ပြင်းထန်တဲ့သူတစ်ယောက်ဟာ
အကောင်းဆုံး ကျိုးကြောင်းဆီလျော်စဥ်းစားတတ်မလား
မသေချာဘူး။
ဥာဏ် (intelligence) ကိုအသုံးပြုဖို့
စိတ် (mind) ကို ထိန်းကြောင်းနိုင်ဖို့
အထူးအရေးကြီးတယ်။
ဥာဏ်ကောင်းတယ်ဆိုပြီး စမာန်တက်ပြီး
လုပ်ချင်တာလုပ် overconfidence ဖြစ်တဲ့အခါ
တလွဲတွေ လျှောက်လုပ်မိတတ်တယ်။
ဒါကြောင့် bias တွေကိုရှောင်နိုင်ဖို့
အထက်ကပြောခဲ့တဲ့ အချက်တွေကို
သတိပြုမိဖို့လိုတယ်။
ဥာဏ် (intelligence) နဲ့ ဥာဏ်ပညာ (wisdom)
မတူပြန်ဘူး။
ဥာဏ်ပညာက ဓမ္မဓိဋ္ဌာန်ကျကျ သို့
အနီးစပ်ဆုံးဖြစ်အောင် မြင်နိုင်၊
တွေးနိုင်၊ ဆုံးဖြတ်နိုင်အောင်ကူညီပေးတယ်။
ဒီမှာ evidence-based wisdom
သက်သေအထောက်အထားအခြေပြု
ဥာဏ်ပညာ အရေးကြီးတယ်။
ဒီဥာဏ်ပညာဆိုတာ
စူးစမ်းမှု၊ လေ့လာမှု၊ စမ်းသပ်မှုကမှတဆင့်
တွေ့ရှိမှုဆိုတာ ဖြစ်လာတယ်။
ဒီလိုလုပ်ဆောင်မှု perpetual testing
ကိုယ့်သိထားတာ၊ ယုံကြည်ထားတာ
တကယ်ဟုတ်မဟုတ် စမ်းသပ်ဖို့လိုတယ်။
လေ့လာ learning လုပ်ဖို့လိုတယ်။
ဒီလိုလုပ်ဆောင်တဲ့ ခရီးလမ်းမှာ
နားမလည်တဲ့အရာတွေရှိမယ်။
ရှုပ်ထွေးမှုတွေရှိနိုင်တယ်။
မအောင်မြင်မှုတွေရှိနိုင်တယ်။
ဒါတွေကို productive failure လို့ခေါ်တယ်။
ကိုယ့်ကိုယ်ကို အကုန်သိအကုန်တတ်အစား
နိမ်ချပြီး လေ့လာတတ်ဖို့လိုတယ်။
ဒါကို intelligence humility လို့ခေါ်တယ်။
ကိုယ့်အားကိုယ်ကိုး လေ့လာတတ်ဖို့
မေးခွန်းထုတ်တတ်ဖို့လိုတယ်။
intelligence autonomy လို့ခေါ်တယ်။
ဆရာသင်မှ တတ်တာမဟုတ်ဘူး။
self-directed learning လုပ်လို့ရတယ်။
ဒီလို ဥာဏ်ပညာ (wisdom) တိုးတက်ဖို့
ကိုယ့်ယုံကြည်မှုတွေကို challenge လုပ်နိုင်တဲ့
အကြံပေးတွေ လိုတယ်။
နောက် ကိုယ့်ကိုယ်ကို နားလည်ဖို့
self-awareness ကောင်းကောင်းလိုတယ်။
တမင်တကာ အချိန်ပေးလေ့ကျင့်မှု
deliberate practice လိုတယ်။
ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့
reflective thinking လိုတယ်။
နောက်ပိုင်း AI ပေါ်လာတော့
intelligence တော့ရှိလာပြီ။
ဥာဏ်ရည်တု (Artificial intelligence) ခေတ်မှာ
ဥာဏ်ပညာ (wisdom) ကို အသုံးပြုနိုင်ရင်
အသုံးပြုနိုင်သလို ရှေ့ရောက်မည့်ခေတ်ဖြစ်ပါတယ်။
အရင် Elon Musk နဲ့ Jack Ma
စကားရည်လုပွဲ panel မှာ
Jack Ma ကို ရယ်စရာလို့ထင်ခဲ့တာ
သူ့အနေနဲ့ English က ပထမဘာသာစကားမဟုတ်တာကြောင့်
သေချာပြောတဲ့ အပိုင်းမှာ
နားထောင်သူတွေ သေချာမသိခဲ့ဘူး။
Wisdom ဥာဏ်ပညာနဲ့ Intelligence ဥာဏ်မတူဘူး။
ကံမရှိ ဥာဏ်ရှိတိုင်းမွဲဆိုတာ မှန်ကောင်းမှန်လိမ့်မယ်။
အဲ့ဒီဥာဏ်က intelligence ကိုပြောတာဖြစ်ပြီး
ဥာဏ်ပညာရှိတဲ့သူကတော့ အဲ့လိုဖြစ်ချင်မှဖြစ်မယ်။
ဒါကတော့ သိပ္ပံရေးရာ ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့
David Robson ရဲ့ ကမ္ဘာကျော်စာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့
The Intelligence Trap ထဲက
ကောက်နှုတ်ချက်တချို့ဖြစ်ပါတယ်။
Phyo Paing @ Derek