Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မားကတ်တင်းဆိုတာ တာတိုပြေးပွဲမှ မဟုတ်တာ။

အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပဲ
အိမ်ငှားခမပေးနိုင်ရင် ကန်ချခံရမယ်။

လုပ်ငန်းအတွက်အောင်မြင်မှုကလဲအလားတူပဲ
မားကတ်တင်းကို မဟာဗျူဟာကျကျ
ထိရောက်အောင် မလုပ်နိုင်တဲ့တစ်နေ့
ကန်ချခံရနိုင်တယ်။

နောက်ပြီး
မားကတ်တင်းဆိုတာ မာရသွန်။
တာတိုပြေးပွဲမဟုတ်ဘူးဆိုတာ
ဒီဂိမ်းထဲမှာ ကြာလာလေလေ
နားလည်လာလေလေဖြစ်လိမ့်မယ်။

ဒါကြောင့် မဟာဗျူဟာလိုတယ်။
တစ်ပွဲထိုးဗျူဟာနဲ့ မရဘူး။
စနစ်တကျအချိန်ပေးလေ့လာဖို့လိုတယ်။

သစ်တစ်ပင်သေးလေးကိုတစ်ချက်နဲ့
ခုတ်လို့ရကောင်းရမယ်။
သစ်ပင်ကြီးတွေအတွက် ရချင်မှရမယ်။

တာတိုက လုပ်ငန်းသေးတဲ့အခါရမယ်။
ဘယ်လို boost၊ ဘယ်လိုခေါင်းကြီးပိုင်းရေး၊
ဘယ်လိုလေးကြော်ငြာ၊
အွန်လိုင်းပေါ်နာမည်ကြီးနေတဲ့အပေါ် အသုံးချ။
ဒါတွေအကုန်လုံးက အလုပ်ဖြစ်တယ်။

ရေရှည်အတွက်ကျတော့
မာရသွန်ဖြစ်တဲ့အတွက် စနစ်တကျ
လေ့လာဖို့လိုတယ်။
ဘာကြောင့်လဲဆိုတော့
မားကတ်တင်းဆိုတာ တာတိုပြေးပွဲမှ
မဟုတ်တာ။

#gmc
#sapwar

Share Your Idea!​