ဒီနေ့ခေတ် လုပ်ငန်းတွေမှာ
အရေးအကြီးဆုံးအရာ ၃ ခုရှိတယ်။
၁။ အိုင်ပီ (Intellectual Property)
၂။ မီဒီယာအက်ဆက် (Media Assets)
၃။ ဆော့ဝဲ နဲ့ ဒေတာ (Software & Data)
၁။ အိုင်ပီ (Intellectual Property)
အိုင်ပီဆိုတဲ့ နေရာမှာ
နောက်ဥာဏမူပိုင်ခွင့်နဲ့ပတ်သက်လို့
ကိုယ့်အမှတ်တံဆိပ်တွေပါမယ်။
တခြားသူတွေလိုက်လုပ်ရခက်တဲ့
လျှို့ဝှက်ချက်တွေပါမယ်။
တချို့လုပ်ငန်းတွေအတွက်
ဘယ်မှာဝယ်၊ ဘယ်မှာလွဲ၊
ဒီလျှို့ဝှက်လေးတွေကလဲ IP ပဲ။
လူတိုင်းကို အသိပေးလို့မရဘူး။
နောက် ကိုယ့်ဝက်ဆိုက်ရဲ့
ဒိုမိန်းနာမည်ပါမယ်။
၂။ မီဒီယာအက်ဆက် (Media Assets)
လူမှုကွန်ယက်နဲ့ မီဒီယာတွေမှာရှိတဲ့
အရင်းအနှီးတွေ။
ဥပမာ Facebook, Tik Tok, Instagram,
Youtube, Linkedin အစရှိတဲ့
Social Media တွေမှာရှိနေတဲ့
Followers, Organic Engagement တွေ။
၃။ ဆော့ဝဲ နဲ့ ဒေတာ (Software & Data)
ကိုယ့်လုပ်ငန်းလည်ပတ်မှုစနစ်တွေကို
တခြားလုပ်ငန်းတွေထက်
စွမ်းဆောင်ရည်မြင့်မြန်ဆန်စေတဲ့ထဲမှာ
ဆော့ဝဲတွေပါတယ်။
ဒီ ဆော့ဝဲတွေက အတွင်းပိုင်းချဲ့ထွင်ဖို့ပဲဖြစ်ဖြစ်၊
လူများများကိုရောင်းဖို့ပဲဖြစ်ဖြစ်
အထူးအထောက်အပံ့ပြု ကူညီပေးတယ်။
ဒါက ကိုယ့်လုပ်ငန်းကို
တခြားလုပ်ငန်းတွေထက်
ခေါင်းတစ်လုံးသာစေတဲ့အချက်ပဲ။
နောက် ဒေတာကတော့
စျေးကွက်နဲ့ ဖောက်သည်တွေအကြောင်းကို
အထူးသိမြင်နားလည်စေနိုင်တဲ့အရာဖြစ်တယ်။
နောက် ဒီ ဒေတာကိုအသုံးပြု
ဆုံးဖြတ်ချက်တွေ လုပ်လို့ရသလို၊
ထုတ်ကုန်အသစ်တွေ ဖန်တီးလို့ရပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ ဒီသုံးခုကို
ဂရုပြုအားဖြည့်ဖို့လိုနိုင်တယ်။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay