Philosophy

How > Why > What > Who

How တွေထဲ အရမ်းရောက်ပြီးWhy တွေ ပျောက်သွားတတ်တယ်။ဘဝမှာ Why ကိုသိရင်What က ရွေးချယ်လို့ အတော်လွယ်သွားပြီ။ စနစ်ချဖို့ How တွေကိုမေးရတယ်။မဟာဗျူဟာချဖို့ Why တွေကို မေးရတယ်။စနစ်နဲ့ မဟာဗျူဟာ ချိပ်ဆက်ဖို့အတွက်What နဲ့ Who လိုတယ်။ ဒီ Why, What, Who ပြည့်စုံတဲ့အခါHow က လွယ်ကူသွားနိုင်တယ်။ ပထမလုပ်ငန်းစတဲ့သူတိုင်းကHow အားကိုးပြီး စခဲ့ကြတယ်။ဒုတိယလုပ်ငန်းကိုWhat ဒါမှ မဟုတ် Who နဲ့ စကြတယ်။နောက်ပိုင်း Why ကို သိတဲ့အခါမဟာဗျူဟာ လုပ်ငန်းဂေဟစနစ်ချနိုင်လာမယ်။ ကမ္ဘာ့စီးပွားရေး နယ်ပယ်မှာမဟာဗျူဟာကောင်း ချတဲ့သူတွေအကုန်ကြည့်ရင်How နဲ့ စ Why ရံပြီး Who နဲ့ ဆက်တယ်။ ဒါကြောင့် Simon Sinek ရဲ့ စာအုပ်ခေါင်းစဥ်နဲ့ […]

How > Why > What > Who Read More »

Intellectual orgasm

ဥာဏ အော်ဂဇင်ရဖူးလား။Intellectual orgasm သို့braingasm လို့လဲခေါ်တယ်။“ဟ” လုံးဝ အလင်းပွင့်သွားတဲ့အချိန်။ကိုယ်စဥ်းစားပြီး အဖြေမရတဲ့အရာတစ်ခုကရှင်းလင်းပြီး အဖြေရသွားတဲ့အချိန်။ဒီလို အခိုက်အတန့်တွေကဘဝကို အဓိပ္ပာယ်ရှိစေတယ်။ လူနဲ့ တိရစ္ဆာန်ကို ကွာစေတာ“အသိဥာဏ်”။ဒီအသိဥာဏ်ကို မသုံးရင် ရှုံးတာပဲ။ Phyo Paing @ Derek

Intellectual orgasm Read More »

မဟာဗျူဟာ

စဥ်ထားတဲ့ မဟာဗျူဟာကိုမမြင်ခင်မှာ အရူးလို့ပြောကြလိမ့်မယ်။စဥ်ထားတာ အကောင်အထည်ပေါ်လို့မြင်သွားတဲ့အခါအမျှော်အမြင်ရှိတယ်လို့ ပြောကြလိမ့်မယ်။ ဘယ်လေးကို ဘယ်လိုလုပ်တယ်ဗျူဟာကို ကော်ပီကူးလို့ရကောင်းရလိမ့်မယ်၊တွေးပုံ၊ ကြံပုံ၊ လုပ်ပုံတွေပေါင်းစပ်ပြီးစိတ်ရှည်ရှည်အချိန်ပေးတည်ဆောက်ရတဲ့မဟာဗျူဟာကို ကော်ပီကူးလို့ ခက်လိမ့်မယ်။ Phyo Paing @ Derek

မဟာဗျူဟာ Read More »

Know thyself

ဘဝမှာ ကိုယ့်အတွက်အခက်ခဲဆုံးက တစ်ခုကကိုယ့်ကိုယ်ကို နားလည်အောင်လုပ်ရတာပဲ။ ကိုယ့်ကိုယ်ကို နားလည်မှကိုယ့်စကားကိုယ် နားထောင်အောင်လုပ်လို့ရတယ်။ ဒါကြောင့်လဲ ဆိုကရေးတီးက Know thyself တဲ့။ ဒီစကားလုံး နှစ်လုံးက သိပ်တန်ဖိုးရှိတာပဲ။ ကိုယ့်ရဲ့အတွေး၊ အကြံ၊ အလုပ်တွေနေ့တိုင်း ပိုနားလည်အောင်လုပ်ပြီးလိုအပ်ရင် ပြုပြင်နေရတယ်။ Phyo Paing @ Derek

Know thyself Read More »

Alignment လွဲတတ်ကြတယ်။

လူတွေက လောကကြီးကိုကိုယ့်ပုံပြင်ထဲ ဝင်စေချင်ကြတယ်။ ကိုယ့်မိဘရဲ့ ပုံပြင်နဲ့ကိုယ့်ပုံပြင် မတူတဲ့အခါ။ ကိုယ်ချစ်တဲ့သူနဲ့ကိုယ့်ရဲ့ ပုံပြင်မတူတဲ့အခါ။ ဝန်ထမ်းတွေနဲ့အုပ်ချုပ်သူရဲ့ ပုံပြင်မတူတဲ့အခါ။ Alignment လွဲတတ်ကြတယ်။ ကမ္ဘာကြီးကို အဓိပ္ပာယ်ဖွင့်ဖို့ပုံပြင်နဲ့ မြင်ကြတဲ့အခါပြောနေတဲ့ ပုံပြင်တွေ တူဖို့တော်တော်အရေးကြီးတယ်။ ဒါမှ ဘဝရဲ့ အခန်းဆက်တွေမှာတူတူရှေ့ဆက်လို့ရမှာ။ Phyo Paing @ Derek

Alignment လွဲတတ်ကြတယ်။ Read More »

အမြင်တွေတော့ ကွာသွားတယ်။

အရင်က ပိန်ချင်လို့လေ့ကျင့်ခန်းလုပ်တယ်။နောက်ပိုင်း ကိုယ့်ကိုယ်ကိုလေးစားမှု respect တစ်ခုအနေနဲ့ခန္ဓာကိုယ်ပျက်ယွင်းနေတာကိုထိန်းသိမ်းဖို့ လေ့ကျင့်ခန်းလုပ်တယ်။ အမြင်တွေတော့ ကွာသွားတယ်။ Phyo Paing @ Derek

အမြင်တွေတော့ ကွာသွားတယ်။ Read More »

ပညာရေး

သည်၏မရွေး ကျက်ခဲ့အလွတ်ကျက်ကျောင်းပညာရေးစနစ်နဲ့ ကြီးလာတဲ့ကျွန်တော်တို့ ဂျန်နရေးရှင်းနဲ့ခုခေတ် ကျောင်းကောင်းတွေမှာကြီးလာတဲ့ ဂျန်နရေးရှင်းနဲ့ တော်တော်ကွာတယ်။ လူတွေကို လေးလေးစားစားဆက်ဆံတတ်တာ၊လူကြီးလူကောင်းလို ပြုမူနေထိုင်ပြောဆိုတတ်တာ၊စဥ်းစားတတ်တာကလေးအရွယ်ကတည်းက ကွာတယ်။ ကိုယ်တွေက ကိုယ်နဲ့မတူရင်မှားတယ်လို့ ထင်ပြီးတခြားသူကို ဟားတိုက်ပြောင်းလှောင်ပြီးကြီးလာတဲ့ ဘလိမ်းမာ ဂျန်နေရေးရှင်းကဆိုတော့အကျင့်ဆိုးတွေ တော်တော်ဖျောက်ယူရတယ်။ ခုထိ အကုန်မပျောက်သေးဘူး။ ပညာရေးက လူတွေရဲ့စဥ်းစားပုံ၊ အပြုအမူတွေကိုတော်တော်လေး လွမ်းမိုးတယ်။ ပြောတဲ့စကား၊ စဥ်းစားတဲ့ပုံကြည့်တာနဲ့ဘယ်က ပညာသင်ခဲ့တယ်၊ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာအကြမ်းဖျင်းသိနိုင်တယ်။ Phyo Paing @ Derek

ပညာရေး Read More »

Digital ငန်းမွေးပါ။

ဒီနေ့အတွက် ပိုက်ဆံပဲမရှာနဲ့။အနာဂတ်အတွက်လဲ ပိုက်ဆံရှာ။ဒီလိုရှာဖို့ asset လိုတယ်။ Passive income ဆိုတာတည်ဆောက်ဖို့က“တန်ဖိုးရှိတဲ့” Asset လိုတယ်။ငန်းဥလိုချင်ရင် ငန်းတော့ရှိရမယ်။ Asset ပိုင်ဆိုင်မှုက ငန်းနဲ့တူရင်တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုက ဥဥတတ်တဲ့ ငန်းနဲ့တူတာပဲ။ ငန်းဥဥဖို့ အစာတော့ကျွေးရတယ်။အစားကျွေးတဲ့အလုပ်ကိုတော့ကိုယ်တိုင်မလုပ်ပဲ လွဲလို့ရတယ်။ ကိုယ့်ငန်းက ဘာငန်းလဲ။သမရိုးကျ ငန်းလား၊ ဒီဂျစ်တယ် ငန်းလား။ဥမဥတဲ့ ငန်းလား၊ ဥဥတဲ့ ငန်းလား။ Phyo Paing @ Derek

Digital ငန်းမွေးပါ။ Read More »

လူငယ်ဆိုရင် Laptop နဲ့
အသက်မွေးတဲ့ အလုပ်လုပ်ပါ။

ဒါက ဘယ်နေရာသွားသွားအသက်မွေးဝမ်းကြောင်းပြုလို့ရတယ်။ အရမ်း ရိုးရှင်းပေမယ့် ထိရောက်ပါတယ်။ Laptop တစ်လုံးရှိရင်ဒီဇိုင်း၊ ဗီဒီယိုတီးဖြတ်၊ ကွန်ပြူတာ ပရိုဂရမ်ကစလို့၊ဒီဂျစ်တယ်မားကတ်တင်း၊ အသက်မွေးဝမ်းကြောင်းပြုလို့ရတဲ့အရာအများကြီးပဲ။ အရေးကြီးတာ ကိုယ်အသုံးပြုတဲ့tool proficiency နဲ့၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုက စျေးကွက် ပြဿနာကိုဖြေရှင်းပေးဖို့လိုတယ်။ Laptop Lifestyle ဆိုတာ အဝတ်တစ်ထည်၊ အိမ်တစ်လုံးနဲ့ ကြိုက်တဲ့နေရာနေ အလုပ်လုပ်လို့ရတဲ့ဘဝမျိုး။ Digital Nomads တွေကCovid-19 နောက်ပိုင်းမှာ remote work တွေ Nomads lifestyle တွေပိုခေတ်စားလာတယ်။ အသုံးလုံးဖြစ်တဲ့ အင်္ဂလိပ်၊ အိုင်တီနဲ့ အခုဆို အေအိုင်အသုံးပြုနိုင်ဖို့ အရေးကြီးသထက်အရေးကြီးလာတယ်။ ရိုးရှင်း၊ အခြေခံကျပြီး အလုပ်ဖြစ်တာကိုစဥ်းစားကြည့်ပါ။ Phyo Paing @ Derek

လူငယ်ဆိုရင် Laptop နဲ့
အသက်မွေးတဲ့ အလုပ်လုပ်ပါ။
Read More »

ကိုယ့်အယူအဆနဲ့ ကိုယ်ပဲ။

လူအများလုပ်နေပြီး အလုပ်လဲဖြစ်၊ ငွေလဲဝင်၊လူလဲ အထင်ကြီးကိုယ်မလုပ်ချင်ရင် လုပ်စရာမလိုဘူး။ အလုပ်တစ်ခု လုပ်တဲ့အခါကိုယ့်ကို ပျော်စေမလား၊ တော်စေမလား၊ စိတ်ကျေနပ်မှု ရစေမလား၊ ဒီနေ့သာမက လာမည့်အနာဂတ်အတွက်ပါအကျိုးရှိစေမလား၊ သမာအာဇီဝနဲ့ ညီလား၊ ကိုယ်နဲ့ကိုက်လား ဒါတွေ အရင်စဥ်းစားကြည့်တယ်။ လူတိုင်း လုပ်နေတာ လိုက်လုပ်စရာမလိုဘူး။ ကျန်းမာကြံ့ခိုင်ရေး၊ စီးပွားရေး၊အသက်မွေးဝမ်းကြောင်း၊ အချစ်ရေး၊အိမ်ထောင်ရေး၊ သားသမီးရေး၊ ငွေရေးကြေးရေး၊ ဘာသာရေး၊ တိုးတက်ရေး ကိုယ့်အထာ၊ကိုယ့်အယူအဆနဲ့ ကိုယ်ပဲ။ Phyo Paing @ Derek

ကိုယ့်အယူအဆနဲ့ ကိုယ်ပဲ။ Read More »