တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့သူက
နယ်ပယ်တစ်ခုမှာ ထူးချွန်ပြီးတစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့သူကသူ့ရဲ့နတ်ဆိုးကို ကိုင်တွယ်တတ်လို့။ Phyo Paing @ Derek
နယ်ပယ်တစ်ခုမှာ ထူးချွန်ပြီးတစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့သူကသူ့ရဲ့နတ်ဆိုးကို ကိုင်တွယ်တတ်လို့။ Phyo Paing @ Derek
အလုပ်အတွက် ဘဝကိုမပေးဆပ်လိုက်နဲ့။ အလုပ်က ဘဝအတွက် ဖြစ်ရမယ်။ ကျွန်တော့်အယူအဆကတော့ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ထား။အနာဂတ်မှာ AI နဲ့ Robotics က နေရာတော်တော်များများကို အစားထိုးသွားမှာပဲ။ အနှေးနဲ့ အမြန်ပဲကွာမယ်။ ဒီတော့ ကိုယ်လုပ်နေတဲ့နယ်ပယ်ကိုအကျွမ်းကျင်ဆုံးဖြစ်အောင်လုပ်ထား။ ကိုယ်ဖြေရှင်းနေတဲ့စျေးကွက်ပြဿနာကိုထဲထဲဝင်ဝင်သိထား။ လိုအပ်တဲ့ အသိပညာတွေလေ့လာထား။ အမှတ်တံဆိပ်ကို တည်ဆောက်ထား။ ဘာသာစကားလိုအပ်ချက်တွေအကုန်လုံးဖြည့်ထား။ အနာဂတ်မှာ လူတစ်ယောက်နဲ့အေအိုင်တစ်ခုဖန်တီးတဲ့လုပ်ငန်းက သာမာန်ဥာဏစွမ်းအား အားနည်းတဲ့လူအများကြီးလုပ်တဲ့လုပ်ငန်းတွေထက်သာသွားမယ်လို့ယူဆတယ်။ လုပ်ငန်းတိုင်းက လုပ်အားပြိုင်နေတာမဟုတ်ဘူး။လုပ်ငန်းတိုင်းက ဥာဏအားပြိုင်နေတာ။ဘယ်သူက စျေးကွက်ပြဿနာကို အသေသပ်ဆုံးဖြေရှင်းနိုင်မလဲ။ ဒီအဖြေကိုအကောင်းဆုံးပေးနိုင်တဲ့သူကနိုင်မှာပဲ။ နေ့တိုင်းကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်ဖြည့်နေတာကလဲ စီးပွားရေးလုပ်နေတာပဲ။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ပထမဆုံး ပိုက်ဆံရှာ။ ပြီးမှ အဓိပ္ပာယ်ရှာ။ လိုအပ်တဲ့ ဘဝနေထိုင်ဖို့ပိုက်ဆံအရင်ရှာ။ ပြီးမှ ဘဝအဓိပ္ပာယ်ရှာ။ ပထမ money ဒုတိယ meaning.Money မရှိMeaning ရှာဖို့ခက်တယ်။ Phyo Paing @ Derek
၁။ လမ်းရှာတဲ့အချိန်။ Research လုပ်တဲ့အချိန်။ ဘာတွေထပ်လုပ်လို့ရမလဲအိုင်ဒီယာအသစ်တွေရှာတဲ့အချိန်။ ၂။ သင်ယူပြင်ဆင်တဲ့အချိန်။ အနာဂတ်အတွက်လိုအပ်တဲ့ပြင်ဆင်မှု၊ သင်ယူမှုတွေကို ကြိုတင်လုပ်ထားတဲ့အချိန်။Learning လုပ်တဲ့အချိန်။ ၃။ တတိယက ရေလည်ဝုန်းတဲ့အချိန်။ပြင်ဆင်မှုနဲ့ အခွင့်အရေးတွေ့တဲ့အချိန်All-in အားတိုက်အင်တိုက်လုပ်တဲ့အချိန်။ ဒီအချိန်မှာ နားပြီးအပျော်ခရီးသွားလိုက်အုံးမယ်မစဉ်းစားလိုက်နဲ့။ အားကုန်ထည့်။ ၄။ နားတဲ့အချိန်။ အလုပ်တွေ ခဏလောက်ပါးသွားတဲ့အခါပုံမှန်လေးလုပ်လိုက် ခဏလောက်နားလိုက်recharge လုပ်တဲ့အချိန်။ အခုချိန်က လမ်းရှာတဲ့အချိန်research လုပ်ပြီး ဘာတွေ ဆက်လုပ်ရမလဲရှာဖွေရတဲ့အချိန်လို့ထင်ပါတယ်။ ကျန်တဲ့သုံးခုက တွဲလို့ရတယ်။ All-in အချိန်မှာ All-in အသားကုန်အားထည့်ဖို့လိုတယ်။ အဲ့အချိန်အတွက် “လုပ်ရင်းပြင်ဆင်” နေဖို့လိုနိုင်တယ်။ Phyo Paing @ Derek
ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်“ယုံကြည်ယုံကြည်”အားပေးတဲ့သူမရှိရင်၊စျေးကွက်မရှိအောင်မအောင်မြင်ဘူး။ ယုံကြည်မှုတစ်ခုနဲ့ စျေးကွက်မှာ အောင်မြင်မှုမရနိုင်ဘူး။ ယုံကြည်ပြီးလုပ်လိုက်လို့ တိုင်ပတ်သွားတဲ့ ဥပမာတွေကမ္ဘာမှာ၊ မြန်မာမှာ မနည်းဘူး။ ဆုံးဖြတ်ချက်ဆိုတာ ယုံကြည်မှုနဲ့ချရတာမဟုတ်ဘူး။ဓမ္မဓိဋ္ဌာန် ကျကျတွေးတောကြံဆပြီးချမှတ်မှုပြုလုပ်ရတာ။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ယုံကြည်မှုတစ်ခုနဲ့
စျေးကွက်မှာ
အောင်မြင်မှုမရနိုင်ဘူး။ Read More »
ကြောက်စိတ်ဝင်လာရင်ဦးနှောက်အသိဥာဏ်တွေလျော့သွားတယ်။ အနာဂတ်ကို ကြောက်စိတ်။ သူများနဲ့ယှဥ်ပြီး အားငယ်စိတ်။ ကိုယ့်ကိုယ်ကိုယ် အထင်သေးမိပြီးအနာဂတ်ကို စိုးရိမ်စိတ်။ လူတွေမှာရှိတဲ့ စူပါပါဝါက“အချိန်”၊ “အင်နာဂျီ”၊ “အတွေးအခေါ်”၊“အကြံအစည်”၊ “အလုပ်အကိုင်”။ ဒီအရာတွေကြောင့် ဘဝရဲ့ ကောင်းချီးတွေရောက်လာတယ်။ ဒါတွေကို သေချာအသုံးမချနိုင်တဲ့အခါတိုင်ပတ်မှုအပေါင်း သရဖူဆောင်းတယ်။ Phyo Paing @ Derek
အချစ်ရေးတင်မဟုတ်ဘူး။မိဘနဲ့ သားသမီးကြားဆက်ဆံရေးလဲပါတယ်။ဘဝ အရည်အသွေးတစ်ခုပဲ။ ကိုယ့်ကိုနားလည်တဲ့မိဘနဲ့ကိုယ့်ကိုနားမလည်တဲ့မိဘနှစ်ယောက်ကြားဖြတ်သန်းရတဲ့ဘဝပုံစံကတူမှာမဟုတ်ဘူး။ ကိုယ်က လောကုတ္တရာမှာ တရားမရသေးဘူး၊တစ်ယောက်တည်းနေ၊တစ်စိတ်တည်းမထားတတ်သေးဘူးဆိုရင်လူတွေနဲ့ဆက်ဆံရမှာပဲ။လူတွေနဲ့ပေါင်းသင်းဆက်ဆံမှုမပြုရရင်အထီးကျန်မှာပဲ။ Relationship ဆက်ဆံရေးတိုင်းကတစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိရင် အရာရာဆိုပြေတယ်။ အရင်က ဒီ relationship လျှို့ဝှက်ချက်codes တွေကို မရှာဖွေနိုင်စဥ်ကနှစ်ပေါင်းများစွာ တိုင်ပတ်ခဲ့တယ်။ Relationship ဆိုတာ လူတွေနဲ့ဆက်ဆံရေးတည်ဆောက်ရတာဖြစ်တဲ့အတွက်လူ့အကြောင်း၊ လူ့သဘောမနော၊ ဖြတ်သန်းကြီးပြင်းလာတဲ့ ယဥ်ကျေးမှု၊ကမ္ဘာကြီးကိုမြင်တဲ့ပုံစံ mental model တန်ဖိုးထားမှု values နဲ့ တွန်းအားပေးတဲ့ motivation ခေါင်းထဲထည့်ထားတဲ့အတွေးအခေါ်၊ ယုံကြည်မှု၊ တုန့်ပြန်မှု ဒါတွေ အကုန်လုံးသိထားဖို့လိုနိုင်တယ်။တပြိုင်တည်းမှာ မိဘ၊ သားသမီး၊ သမီးရည်းစား၊ လင်မယားကတန်ဖိုးထားမှု၊ လောကအမြင်တွေတူရင်ဘယ်လောက်ခက်ခဲတဲ့ ဒုက္ခကြားဖြစ်ဖြစ်ဘဝအရည်အသွေး quality of life က ကောင်းနေမှာပဲ။ The quality of your relationship isthe quality of
ဟိုစပ်စပ် ဒီစပ်စပ်လိုက်လုပ်တာထက်တစ်ခုကို ဇောက်ချလုပ်ဖို့လိုလာတယ်။ လေဆာလို အာရုံစိုက်မှုလိုတယ်။ ဇွဲနဲ့ စည်းကမ်းလိုတယ်။ စိတ်ဓာတ်ခိုင်မာမှုလိုတယ်။ အတွေးအခေါ်ရှင်းလင်းဖို့လိုတယ်။ဒူပေဒါပေခံဖို့လိုတယ်။စူးစမ်းလိုစိတ်လိုတယ်။အမြဲသင်ယူနေဖို့လိုတယ်။ ကိုယ်နောက်ဆုံးသင်ယူခဲ့တဲ့ အတွေးအခေါ်အသစ်က ဘယ်တုန်းကလဲ။ Phyo Paing @ Derek
လူတွေက လောကကြီးကို တစ်သက်လုံးနေရမယ်အထင်နဲ့အဖြစ်အပျက်တွေကို စိတ်ညစ်တတ်ကြတယ်။စားသောက်ပုံနဲ့ ခေါင်းထဲထည့်တဲ့အတွေးအခေါ်မတူရင်တောင်တစ်ပတ်နဲ့တစ်ပတ် ပုံစံမတူတော့တဲ့ဘဝကြီး။ လူတိုင်းဟာ တစ်နေ့သေမှာပါ။ စောစောသေမှာနဲ့ နောက်ကျသေမှာပဲရှိတယ်။ သေမှာထက်ကြီးတဲ့ ပြဿနာ၊ မသေခင်လုပ်ချင်တဲ့အရာတွေ မကောင်းအထည်မဖော်ဘဲ သေသွားမည့်ပြဿနာလောက်ကြီးတာ မရှိဘူးလို့ထင်မိတယ်။ ရှင်သန်ခြင်းမှာ အဓိပ္ပာယ်တွေရှိတယ်။ ရုန်းကန်ခြင်းမှာ အဓိပ္ပာယ်တွေရှာဖို့လိုတယ်။ ဘဝဆိုတာ ဒုက္ခဆိုရင်ဘယ်ဒုက္ခကို ကိုယ်ဖြေရှင်းရတာကြိုက်လဲရွေးချယ်ရမှာပဲ။ ဘဝက Choose your struggle ပဲ။ဘယ်မှာ၊ ဘာကို၊ ဘယ်သူတွေနဲ့ ဘယ်လိုရုန်းကန်ကြမလဲ။ ဘဝမှာ ရုန်းကန်တာ ထုံးစံပါပဲ။ Phyo Paing @ Derek
၁၀၀ လုပ်ပြီး ၁၀ ရတာထက်၁၀ လုပ်ပြီး ၁၀၀ ရတာပိုစိတ်ဝင်စားမိတယ်။၁၀ လုပ်ပြီး ၁၀၀ ရနိုင်တာကိုLeverage အားယူအသုံးချမှုလို့ခေါ်တယ်။ အချိန်နဲ့ငွေနဲ့ဘဲ လဲလို့ရတယ်။ငွေကို ငွေနဲ့ ပြန်ရှာလို့ရတယ်။ ငွေကို နည်းပညာနဲ့ ပိုရှာလို့ရတယ်။ငွေကို မီဒီယာအားအသုံးပြုရှာလို့ရတယ်။ငွေကို ဥာဏ်သုံးရှာလို့ရတယ်။ငွေကို တခြားသူတွေရဲ့လုပ်အား၊ဥာဏ်အားသုံးရှာလို့ရတယ်။ငွေကို ဒါတွေအကုန်ပေါင်းသုံးရှာလို့ရတယ်။ ၁၀ လောက်လုပ်ပြီး ၁၀၀ ဖြစ်နိုင်တာကိုဘဲရှာတဲ့အခါ စိတ်ရှည်ဖို့လိုတယ်။စူးစမ်းလေ့လာဖို့လိုတယ်။ရွေးချယ်တတ်ဖို့လိုတယ်။အများနဲ့မတူညီရဲဖို့လိုတယ်။ Phyo Paing @ Derek