စိတ်ဓာတ်အရေးကြီးပါတယ်။
စိတ်ဓာတ်အရေးကြီးပါတယ်။ အကြည်ဓာတ်မပျက်ဖို့လိုတယ်။ စိတ်ခံစားမှုကို စီမံခန့်ခွဲနိုင်ဖို့လိုတယ်။ #Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတွေ တည်ဆောက်ပါ။
စိတ်ဓာတ်အရေးကြီးပါတယ်။ အကြည်ဓာတ်မပျက်ဖို့လိုတယ်။ စိတ်ခံစားမှုကို စီမံခန့်ခွဲနိုင်ဖို့လိုတယ်။ #Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတွေ တည်ဆောက်ပါ။
ဒီနေ့ခေတ် BTS တို့ BlackPink တို့လိုKpop တွေ ဘာကြောင့်အောင်မြင်လဲဆို Strategic Planing နဲ့ Deliberate practice လုပ်လို့လို့မြင်တယ်။ Korea ရဲ့ soft power တည်ဆောက်ဖို့ Korean wave ကို တောင်ကိုရီးယားအစိုးရကကျောထောက်နောက်ခံပြုတယ်။ Psy တို့၊ Park Bom၊ Big Bang နဲ့ 2NE1 တို့ကိုမွေးထုတ်ပေးတဲ့ YG နဲ့ Rain နဲ့ Wonder girls တို့ကိုမွေးထုတ်ပေးတဲ့ JYPExo တို့ကိုမွေးထုတ်ပေးတဲ့ SM Entertainment အပြင်ဒေဝါလီခံလုနီးနီးမှာ မွေးထုတ်အောင်မြင်သွားတဲ့ BTSရဲ့ Big Hit Entertainment ဆိုပြီး Agency လေးခု က Korean Wave ကိုပုံဖော်တယ်။
ဝိတ်ချဖို့ ဆုံးဖြတ်ချက်ချတယ်။Gym သွားဖို့ စာရင်းပေးထားတယ်။မသွားဖြစ်ဘူး။ ဘာသာစကားသင်ယူဖို့ ဆုံးဖြတ်ချက်ချတယ်။သင်တန်းကြေးတွေသွင်းထားတယ်။မတက်ဖြစ်ဘူး။ ပညာတတ်ကြီးဖတ်ဖို့ လေ့လာမယ်။ နေ့စဥ်စာဖတ်မယ်ပြောတယ်။မဖတ်ဖြစ်ဘူး။ ဘဝမှာ ဖြစ်ချင်တာတွေဖြစ်လာဖို့အရေးအကြီးဆုံးအချက်ကတော့ “ဘဝနေနည်း” လို့မြင်တယ်။ ဖြစ်ချင်ပြီး ဖြစ်မလာတာဟာ ကိုယ့်ရဲ့ Action က Achievement ကိုရောက်ဖို့ လမ်းကြောင်း way of lifeမှားနေလို့ ဖြစ်နိုင်တယ်။ လူတွေက ဘဝမှာ တစ်ကြိမ်ပဲသေတယ်။အကြိမ်ကြိမ် နေ့တိုင်းနေရမှာဖြစ်တဲ့အတွက်“ဘဝနေနည်း” ကို သေချာ ဖန်တီးဖို့လိုလာတယ်။ Phyo Paing @ Derek
Covid-19 Vaccine တွေထွက်လာပြီ။ ကိုယ်လဲ ကိုယ်လက်ကျန်းမာနေသေးတယ်။ရာသီဥတုကလဲ သာယာနေတယ်။ လျှပ်စစ်မီးလဲ အရင်လိုမပျက်တော့ဘူး။ အင်တာနက်လိုင်းလဲ အရင်လဲ အဝိုင်းလည်နေတာမဟုတ်တော့ဘူး။ တကယ်လို့ အသက်ရှစ်ဆယ်အဖိုးအို၊ အဖွားအိုသာသင့်အရွယ်ပြန်ဖြစ်မယ်ဆိုရင် ဘယ်လောက်စွမ်းအင်တွေရှိလိုက်မလဲ? ထောင်ကျနေတဲ့လူတစ်ယောက် ထောင်ထဲကလွတ်လာတဲ့ ခံစားချက်ကိုခံစားကြည့်ကြည့်။ အရာရာကို အမြင်ပြောင်းရင် ရင်ခုန်စရာကြီးပဲ။ လောကကို မြင်တဲ့အမြင် Perspective နဲ့ပဲဆိုင်တယ်။ Phyo Paing @ Derek
အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်တခြားသူတွေရဲ့ ခွင့်ပြုချက်ကိုတောင်းခံမနေတော့ဘူး။ ပျော်ရွင်မှုရဲ့ သူခိုးက တခြားသူတွေရဲ့ခွင့်ပြုချက် approval ကို တောင်းခံတတ်တဲ့အကျင့်ပါ။ ငယ်ငယ်ကဆို တစ်ခုခုလုပ်ဖို့ လူတိုင်းကို အားနာနေတတ်တယ်။ကိုယ့်အထင်အမြင်အတိုင်းပြောလိုက်ရင်တဖက်သူ စိတ်မကောင်းဖြစ်သွားမှာ ဘယ်လိုခံစားရမလဲမသိဘူး အမြဲစဥ်းစားပြီး အားနာနေတတ်တယ်။ နောက် ဟင်းဝယ်၊ ထမင်းဝယ်ရင်တောင်ငါဝယ်လိုက်တာ လိုတာထက်များသွားပြီကွာဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်တာတွေလုပ်မိခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကပေါ့။ နောက်ပိုင်း ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပြီးကိုယ်ပိုင် အတွေးအခေါ်ပြန်ထုတ်တယ်။ ဘဝမှာ အရေးအကြီးဆုံးက နေပျော်ဖို့။ကျွန်တော့်ဘဝ နေပျော်ဖို့ အမြဲတိုးတက်နေဖို့လိုတယ်။တိုးတက်နေဖို့ အမြဲအသစ်တွေလေ့လာနေဖို့စမ်းသပ်မှုတွေ လုပ်နေဖို့ လိုတယ်။ ဆုံးရှုံးမှာ ကြောက်နေလို့မရဘူး။ တစ်သက်မှာ တစ်ခါ လူလာဖြစ်တာ။ဒီတော့ Personal Growth နဲ့ Experiment (Social, Business, etc) တွေ လုပ်တယ်။ နောက် ကိုယ့်ကို မပျော်စေတဲ့အထဲမှာ သူများနဲ့နှိုင်းယှဥ်တာ၊
အောင်မြင်တဲ့လုပ်ငန်းတိုင်းကျင့်သုံးတဲ့ PDCA PDCA ဆိုတာ Plan, Do, Check, Act လို့ခေါ်ပြီး အောင်မြင်တဲ့လုပ်ငန်းတိုင်း ကျင့်သုံးကြတဲ့ စီမံခန့်ခွဲမှု နည်းစနစ်ဖြစ်ပါတယ်။ ဒါကို W. Edwards Deming ကိုတီထွင်ခဲ့ပြီး Toyota တို့လို လုပ်ငန်းတွေမှာ အထူးကျင့်သုံးနဲ့နည်းစနစ်ဖြစ်ပါတယ်။ PDCA ဆိုတာကတော့ Plan စီမံကိန်းရေးဆွဲခြင်း Do လုပ်ဆောင်ခြင်း Check ပြန်လည်စစ်ဆေး သုံးသပ်ခြင်းAct ပြုပြင်စရာရှိသည်များကို ပြုပြင်ပြောင်းလဲလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ ပထမဆုံး Plan ချမှတ်ရပါတယ်။ လုပ်ငန်းတစ်ခုအတွက် Strategic Plan, Functional Plan (Marketing, HR, Production, etc) နဲ့ Operational Plan ဆိုပြီး အကြမ်းဖျင်း Plan သုံးမျိုးချမှတ်ရပါတယ်။ ဒီအဆင့်ကိုကျော်ပြီး
တကယ်တမ်း စီးပွားရေးလုပ်တဲ့အခါreality မှာ ဒီလိုမဟုတ်ဘူးဆိုတာတကယ်လုပ်ဖူးမှ သိလာကြတာပါ။ ငါလက်ထဲမှာ သိန်း ၁ သောင်း ၄ ထောင်ရှိပြီ မီလျံနာဖြစ်ပြီဟေ့ အဲ့လိုပြောဖို့ခက်ကြတယ်။ထီပေါက်တာ ကလွဲရင်ပေါ့။ ထီဆိုတာကလဲ သင်္ချာမတတ်တဲ့သူတွေအတွက်အခွန်အခလို့ပြောကြတယ်။ကျွန်တော်ကတော့ ကိုယ်မကြိုးစားရင်ကံမကောင်းတတ်တော့ ထီထိုးလေ့မရှိဘူး။ Danko သွားရင်တောင် ကံစမ်းမဲဘယ်တော့မှယူလေ့မရှိဘူး။ တကယ်တမ်း စီးပွားရေးနဖူးတွေ့ ဒူးတွေ့လုပ်တဲ့သူတွေကြည့်ရင် ဘယ်သူမှ Cash များများစားစားလက်ထဲ မထားကြဘူး။ ငွေပြန်ရှာပေးမည့် asset တွေမှာပဲ ရင်းနှီးမြုပ်နှံကြတယ်။ ဒီတော့ ဘယ်နှစ်နှစ်မှာ Millionaire ဖြစ်ရမည်ဆိုတဲ့ အိမ်မက်အစား Cashflow နဲ့ ရည်မှန်းချက်ချတာ သို့ Asset ပိုင်ဆိုင်မှုနဲ့ ရည်မှန်းချက်ချတာက ပိုကောင်းတယ်။ အမှန်တော့ Millionaire ဖြစ်ချင်တယ်ဆိုတာ Social Mobility တက်ချင်တာလို့ ယူဆလို့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက Social mobility
ငွေရေးကြေးရေး ငယ်ငယ်တက်ကျမ်းတွေ ဘာတွေအရမ်းဖတ်တော့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေRich Dad Poor Dad ကိုရေးတဲ့ Robert Kiyosaki ရဲ့ အယူအဆတစ်ခုကခေါင်းထဲ အရမ်းစွဲနေတယ်။ Cashflow is King တို့ Cashflow > Capital Gain တို့ကFinancial Decision အများစုကိုလွမ်းမိုးနေတယ်။ ကိုယ့်ကို ငွေရှာပေးတဲ့အရာတွေမှာ ငွေသုံး မနှမြောဖို့၊ လူအထင်ကြီးဖို့ထက် ကိုယ်ပျော်တဲ့အရာမှာသုံးစွဲဖို့ အဓိကစဉ်းစားတယ်။ ဘယ်သူပဲဖြစ်ဖြစ် Financial Education သိထားမှာ မှန်ကန်တဲ့ Financial decision ချမှတ်လို့ရမှာ။ တခါတလေ အလုပ်လုပ်တာ ဒီလောက်ကြာပြီဘာပိုင်ဆိုင်မှုတွေ ရှိနေပြီလဲဆိုတဲ့ မေးခွန်းကမှားတယ်။ ပိုင်ဆိုင်မှုရှိပြီး ဒီပိုင်ဆိုင်မှုက ငွေပြန်မရှာပေးရင် revenue-producing assetမဟုတ်တဲ့အတွက် အဖိုးမတန်ဘူး။ မှန်ကန်တဲ့မေးခွန်းက အလုပ်လုပ်တာဒီလောက်ကြာပြီ တစ်လတစ်လPositive Cashflow
ကိုယ့်ကို ငွေရှာပေးတဲ့အရာတွေမှာ
ငွေသုံး မနှမြောပါနဲ့။ Read More »
ကိုယ်ထက်ချမ်းသာတဲ့သူ၊ ကိုယ့်ထက် intel ပိုမြင့်တဲ့သူ၊ကိုယ့်ထက်ပို လူချစ်လူခင်ပေါများတဲ့သူ၊ အမြဲရှိနေမှာပါပဲ။တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ ဘဝဆိုတာ game တစ်ခုဆိုရင် ခန္ဓာကိုယ်နဲ့ ဘဝပေးအခြေအနေတစ်ခုရှိမယ်။ ဒီပေးထားချက်ပေါ်မူတည်ပြီး အကောင်းဆုံးလုပ်ရမှာကိုယ့်တာဝန်ပဲလေ။ ကျွန်တော် ကတော့ သူများတွေနဲ့ မနှိုင်းယှဥ်ဘူး။ ကိုယ့်ဘဝမှာ ဘယ်လောက်ဝေးဝေးပြေးနိုင်မလဲဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မလဲဒါကို အဓိက စဉ်းစားတယ်။ ဘယ်တော့မှ နောင်တ အကြီးအကျယ်ရပြီး စိတ်ညစ်မနေဘူး။ သင်ခန်းစာယူပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပြစ်မတင်ဘူး။ သူ့အရွယ်နဲ့ သူ့ဥာဏ် သူ့ အခြေအနေမှာ အကောင်းဆုံးထင်တဲ့အရာလုပ်ခဲ့တာပဲလေ။ ကျွန်တော့်ကတော့ ကိုယ့်ကိုကိုယ် ဖြစ်တည်မှုအတွက်ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဂုဏ်ယူတယ်။ ပေးခဲ့တဲ့ သင်ခန်းစာတိုင်းကို အကောင်းဆုံးကျော်ဖြတ်ခဲ့တယ်။မနူးမနပ်ကလေးဘဝမှာ တပါးသူအပေါ် မျှော်လင့်ချက်တွေအပြည့်ထားပြီးမနက်ဖြန်ဆိုတာ ရှေ့မဆက်ချင်လောက်အောင်ဖြစ်ဖူးတယ်။ ဒါပေမယ့် သင်ခန်းစာယူပြီး ရှေ့ဆက်ခဲ့ဖူးတယ်။ ကျွန်တော့်ဘဝခံယူချက်ကတော့ lean startup
အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။ ၁. အလုပ်အပေါ် ရူးသွပ်မှု မရှိလို့။ (အလုပ်ကအနားယူဖို့လောက်ပဲစဉ်းစားနေလို့။ အလုပ်လုပ်တဲ့ရည်ရွယ်ချက်က retired ယူဖို့ပဲစဉ်းစားနေလို့။) ၂. ဖောက်သည်တွေအပေါ်စေတနာမပါလို့။ ၃. ဝင်ငွေ၊ ထွက်ငွေစာရင်းကို သေချာမစီစစ်တဲ့အပြင်၊ မိမိလုပ်ငန်းရှုံးနေလား၊ မြတ်နေလား သေချာမသိလို့။ ၄. Timing တကယ်အလုပ်လုပ်နေသင့်တဲ့အချိန်မှာ လုပ်သင့်တာကို မလုပ်နေလို့။ မိုးရွာတုန်းရေမခံတတ်လို့။ ၅. အမြင်မရှိလို့။ လုပ်ငန်းနဲ့ပတ်သတ်တဲ့ Vision မရှိဘူး။ ဒီ ကုန်ပစ္စည်းအဆင်မပြေတော့ရင် ဒီ လုပ်ငန်းအဆင်မပြေတော့ရင် ဘာတွေဆက်လုပ်မလဲဆိုတဲ့ အသိအမြင်မရှိခဲ့လို့။ ၆. ပညာတတ်ပြီး တော်တဲ့ဝန်ထမ်းတွေကို လစာပေးခေါ်ရမှာ နှမြောလို့။ ဒါမှမဟုတ် ဒီလိုခေါ်လိုက်တဲ့အခါ ကိုယ့်ထက်ပိုတော်နေရင် အဆင်မပြေနိုင်ဘူးဆိုတဲ့ အတ္တခံနေလို့။ ၇. သင့်လုပ်ငန်းနဲ့ပတ်သက်လို့ တိုင်ပင်စရာ အတွေ့အကြုံရှိတဲ့သူမရှိလို့။ Phyo Paing @ Derek
အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။ Read More »