အမြဲမေးကြတာ Branding, Marketing, Sale နဲ့ Customer Service ဘာကွာသလဲ? တခါတလေ ခင်တဲ့သူတွေဆို စနောက်ပြီး စာလုံးပေါင်းကွာတယ်လို့ ပြောလေ့ရှိတယ်။ အလွယ်ကူဆုံးပြောရမယ်ဆိုရင် ✍️Brand အမှတ်တံဆိပ်ဆိုတာ ကတိတစ်ခုပါ။ ဘယ်လိုပုံစံနဲ့ ကတိပေးကြလဲ? ကိုယ့်ကိုမှတ်မိဖို့ Visual Identity တည်ဆောက်ရတယ်။ logo, color, font, အသုံးပြုမည့် stationery အစရှိတာပေါ့။ ပြီးရင် ကိုယ်ရည်ရွယ်သွေးစဉ်းစားရတယ်။ ကိုယ့် အမှတ်တံဆိပ်သာလူတစ်ယောက်ဖြစ်ခဲ့မယ်ဆို ဘယ်လိုလူမျိုးဖြစ်မလဲ? ယောကျာ်းပုံနည်းနည်းပိုပေါက်မလား? ဒါမှမဟုတ် မိန်းကလေးပုံပိုပေါက်မလား? (Vivo နဲ့ Oppo ကိုခွဲကြည့်ရင်သိနိုင်ပါတယ်။) ဘယ်လို ကိုယ်ရည်ကိုယ်သွေးတွေရှိမလဲ? Brand personality လို့ခေါ်ပါတယ်။ ဘာတွေကတိပေးမှာလဲ? စိတ်ချယုံကြည် ဧရာဝတီဆိုတာမျိုးလား? ✍️Marketing က လူသိအောင်လုပ်တာ။ စိတ်ဝင်စားအောင်လုပ်တာ။ ပုံပြင်ပြောတာ။ လူတွေဘာကြိုက်တတ်လဲမေးတာ။