October 2023

ကိုယ့်လုပ်ငန်းက
ကိုယ်ကြီးသလောက်ပဲကြီးတယ်။

ကိုယ့်လုပ်ငန်းက ကိုယ်ကြီးသလောက်ပဲကြီးတယ်။ကိုယ်အရည်အချင်းရှိသလောက်ပဲ တိုးတက်တယ်။ စီးပွားရေးလုပ်ငန်းဆိုတာ ကစားပွဲတစ်ခုဆိုရင်ကိုယ်က နည်းပြတစ်ယောက်ဖြစ်ပြီးဝန်ထမ်းတွေက ကစားသမားတွေဖြစ်မယ်။ ကစားကွက် မဟာဗျူဟာတွေကိုချမှတ်ဖို့လိုသလိုကျွမ်းကျင်တဲ့ ကစားသမားတွေကိုလေ့ကျင့်ပေးဖို့လဲလိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ကိုယ့်လုပ်ငန်းက
ကိုယ်ကြီးသလောက်ပဲကြီးတယ်။
Read More »

လောကကို စိတ်တိုင်းကျချင်ရင်

လောကကို စိတ်တိုင်းကျချင်ရင်ကိုယ့်ကိုယ်ကို စိတ်တိုင်းကျအောင်အရင်လုပ်။ ကိုယ့်ရဲ့ စိတ်နဲ့ ကိုယ်ကျန်းမာရေး၊ခန္ဓာကိုယ် ပုံစံ၊​ကျွမ်းကျင်မှု၊​ ဝင်ငွေ၊နေ့စဥ်ဖြတ်သန်းမှုစိတ်တိုင်းကျပြီလား။ ဓာတ်တူရာစုဆိုတဲ့ စကားရှိတယ်။​မစင်ရှိတဲ့နေရာ ယင်ကောင်သွားတယ်။​ပန်းမံရှိတဲ့နေရာ ပျားပိတုန်းလာတယ်။ လူမှုကွန်ယက်လိုနေရာမှာကိုယ့်ကိုယ်ကို ယင်ကောင်မဖြစ်အောင်တော်တော်ဂရုစိုက်ရတယ်။​ Phyo Paing @ Derek

လောကကို စိတ်တိုင်းကျချင်ရင် Read More »

လုပ်ငန်းရှင်ဆိုတာ Band Owner

လုပ်ငန်းရှင်ဆိုတာ Band Owner အစပိုင်းမှာ ကိုယ်က သီချင်းဆိုမယ်။သီချင်းဆိုတာလဲကျွမ်းတယ်။နောက် သီချင်းလဲရေးမယ်။ Piano လဲကိုယ်တိုင်တီးမယ်။နောက် Drum တီးမယ်။ SME လုပ်ငန်းရှင်တွေအနေနဲ့လဲအလားတူပါပဲ ကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျတတ်ကြတယ်။SME Owner ဆိုတာ Band ပိုင်ရှင်ဆိုတာသိရမယ်။အကုန်ကိုယ်တစ်ယောက်ထဲ အကုန်လုပ်ချင်လို့မရဘူး။ အစပိုင်းမှာ လုပ်ငန်းကျွမ်းကျင်သူ Specialistဒုတိယနေရာမှာ Supporterနောက် Strategist နေရာကို တက်လှမ်းဖို့လိုတယ်။ ကိုယ်က အခု ဘယ် role မှာလဲပြန်ဆန်းစစ်ဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

လုပ်ငန်းရှင်ဆိုတာ Band Owner Read More »

စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ဖို့
ဘာတွေလိုမလဲ။

ကိုယ့်ကိုယ်ကို အားကစားသမားတစ်ယောက်လိုစဉ်းစားကြည့်။စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ဖို့ဘာတွေလိုမလဲ။ ၁။ အစားအသောက်၂။ နေ့စဉ်လေ့ကျင့်မှု၃။ စည်းကမ်း၄။ နည်းစနစ်၅။ ဒူပေဒါပေခံတဲ့ စိတ်ဓာတ်၆။ နေ့စဉ်ပြန်လည်ဆန်းစစ်မှု၇။ စဉ်ဆက်မပြတ် တိုးတက်အောင်လုပ်မှု Phyo Paing @ Derek

စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ဖို့
ဘာတွေလိုမလဲ။
Read More »

ဘဝဆိုတာ ပြဿနာတွေ ဖြေရှင်းတဲ့ နေရာတစ်ခုပဲ။

လိုချင်တာမရရင် ပြဿနာ၊လိုအပ်တာ မရရင် ပြဿနာ၊ပြဿနာကို ခံစားချက်ထည့်ရင် ဒုက္ခ။ပြဿနာကို ရင်ခုန်ခုန်နဲ့ဖြေရှင်းနိုင်ရင်စွဲလမ်းမှု။ အဆင့်ပိုတက်လာလေလေပြဿနာကြီးကြီးပိုကြုံလေ။ဒါတွေကို မတွေးပဲအေးရာအေးကြောင်း ပစ္စုပ္ပန်မှာနေတာကိုဝူးဝေ (无为) တဲ့။ Phyo Paing @ Derek

ဘဝဆိုတာ ပြဿနာတွေ ဖြေရှင်းတဲ့ နေရာတစ်ခုပဲ။ Read More »

ဘဝရှိရင် ဒုက္ခရှိတယ်။

ဒုက္ခရှိရင် သူနဲ့ဆန့်ကျင်ဖက်သုခလဲရှိတယ်။ သုခမတည်မြဲသလို ဒုက္ခကလဲ မတည်မြဲဘူး။ ဒါကြောင့် အနိစ္စ ဒုက္ခ အနတ္တလို့ဆိုကြတယ်။ အနိစ္စဆိုတာ မမြဲခြင်း။ဖောက်ပြန်တတ်တဲ့ရုပ်၊ စွဲလမ်းမှုကြောင့်ဖြစ်လာတဲ့နာမ်။တစ်ခုမှ မမြဲဘူး။ ဒါတွေက မသိတတ်သော အဝိဇ္ဇာနဲ့စွဲလန်းသော ဥပါဒါန်ကြောင့်ဖြစ်တည်နေတယ်လို့ ဗုဒ္ဓက ဟောကြားခဲ့တယ်။ ဒုက္ခဆိုတာ ဆင်းရဲခြင်း။ဒုက်ခဆိုတာ ဝဒေနာ။ဒုက္ခဆိုတာ ဝမ်းနည်းမှု။ဒုက္ခဆိုတာ သောကဖြစ်တယ်။ အနတ်တ ဆိုတာ နတ်တိ။ကိုယ်ဆိုတာ မရှိဘူး။အရာရာက တချိန်ထားခဲ့ရမှာပဲ။ဒါကြောင့် ဖက်တွယ်မထားနဲ့တဲ့။ ဒါနဲ့ အတွေးအခေါ် စမ်းသပ်မှုတစ်ခုပြုလုပ်ကြည့်တယ်။ ကိုယ့်ရဲ့ ရုပ်ခန္ဓာကိုယ်ကြီးနဲ့နာမ်ကို subscription နဲ့ ခဏငှားထားတယ်လို့ စဥ်းစားကြည့်တယ်။ တစ်နေ့ကျရင်တော့ သေချင်းတရားဆိုတဲ့အဆုံးသတ်တဲ့ အချိန်ရှိမယ်။ ဒီ ဘဝဂိမ်းကြီးထဲမှာ ဇာတ်ကောင်ကို အကောင်းဆုံးထိန်းကျောင်းဖို့ကရုပ်နဲ့ နာမ်နဲ့ ချိပ်ဆက်ဖို့ သတိလိုတယ်။ ကိုယ့်ကိုယ်ကို တာဝန်ယူဖို့လိုတယ်။ အရာရာကို ဖက်တွယ်မထားဖို့လိုတယ်။ အငှားရထားတဲ့ ရုပ်နဲ့

ဘဝရှိရင် ဒုက္ခရှိတယ်။ Read More »

အဖြေရှာနိုင်ဖို့က ပိုအရေးကြီးတယ်။

ပြဿနာတွေက လူတွေကို သန်မာစေတယ်။ အထူးသဖြင့် မရှောင်ပြေးခဲ့ရင်။ လုပ်ငန်းစတင်တယ်။ ရှောင်လွဲမရတာ ပြဿနာကြုံမှာပဲ။ ဘဝမှာ ကျန်းမာရေး၊အချစ်ရေး၊ အိမ်ထောင်ရေး၊ ငွေရေးကြေးရေး၊ အလုပ်အကိုင်၊ လူမှုရေး ရှောင်လွဲလို့မရတာပြဿနာပဲ။ နယ်ပယ်တစ်ခုမှာ နေရာတစ်ခုရောက်နေတဲ့သူတွေအားလုံးက ပြဿနာမကြုံခဲ့ကြလို့မဟုတ်ဘူး။ ပြဿနာကို ရင်ဆိုင်ဖြေရှင်းပုံမတူခဲ့ကြလို့။ အသက် ၁၀၀ မနေရ၊ အမှု ၁၀၀ တွေ့ရတတ်တယ် ဆိုတဲ့ အတိုင်းဘဝမှာတာ ပြဿနာ ဂိမ်းတစ်ခုပဲ။ ဒီပြဿနာကို ဖြေရှင်းနိုင်ရင်နောက်တစ်ဆင့်ရောက်မယ်။ အရေးကြီးတာ ပြဿနာကိုဖက်တွယ်မထားဖို့ပဲ။ အဖြေရှာနိုင်ဖို့က ပိုအရေးကြီးတယ်။ Phyo Paing @ Derek

အဖြေရှာနိုင်ဖို့က ပိုအရေးကြီးတယ်။ Read More »

အတ္တဆိုတာက ကိုယ့်ကိုယ်ကို
အရေးကြီးတယ်လို့ထင်တာ။

အတ္တဆိုတာက ကိုယ့်ကိုယ်ကိုအရေးကြီးတယ်လို့ထင်တာ။ ဒီအတွက် တခြားသူတွေကိုအထင်အမြင်သေးတာ၊ကိုယ့်အတွက်ပဲကြည့်တာဖြစ်လာတတ်တယ်တဲ့။ အတ္တဆိုတာ ဘဝတစ်ကွေ့မှာရည်ရွယ်ချက်ရောက်ဖို့ ကူညီပေးသလို အခြေအနေတစ်ခုရောက်ရင်ထပ်ပြီး တိုးတက်ဖို့အတွက် အတားအဆီးတစ်ခုဖြစ်လာတတ်တယ်။ Stoic အတွေးအခေါ်ပညာရှင်တွေကလဲအမြဲသတိပေးတယ်။ ဒီနေ့ဖတ်နေတာကတော့ Ryan Holiday ရဲ့ Ego is the enemy ပဲ။ Stoic Daily အကြောင်းတွေကိုYoutube ကနေ မျှဝေနေတဲ့သူတစ်ယောက်လဲဖြစ်တယ်။ သူ့ကို စတင်သိရှိတာက Tim Ferriss ရဲ့ 4-hour chef စာအုပ်ကိုမားကတ်တင်းလုပ်တဲ့အခါ growth-hacking လုပ်ပေးရာကသိလာတယ်။ အတ္တတွေကျော်လွှားဖို့၁။ ကိုယ်သိထားတာကိုပဲ အမှန်လို့မထင်ဖို့၂။ အမြဲသင်ယူလေ့လာနေဖို့၃။ မှားနေရင် ပြင်ဖို့၄။ လူကိုလူလို လေးလေးစားစားဆက်ဆံဖို့ ၅။ မာန်မာန မထောင်လွှားဖို့၆။ အတိတ်မှာ အလုပ်ဖြစ်ခဲ့တာ အနာဂတ်မှာ အလုပ်ဖြစ်ချင်မှဖြစ်မယ်ဆိုတာနှလုံးသွင်းဖို့၇။ ကိုယ်ချင်စာတရားထားဖို့လိုတယ်။ Phyo Paing @

အတ္တဆိုတာက ကိုယ့်ကိုယ်ကို
အရေးကြီးတယ်လို့ထင်တာ။
Read More »

လူတွေကို အပြောင်းအလဲလုပ်ပေးတာ

လူတွေကို အပြောင်းအလဲလုပ်ပေးတာ“ပညာရေး”။ ကျွန်တော်ကတော့ model နှစ်မျိုးနဲ့သွားတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက်လေ့လာနိုင်ဖို့Youtube မှာ 380 ကျော်တင်ထားပေးတယ်။ နောက် drphyopaing .com မှာ စာအုပ်ထဲမှာ ရေးထားတဲ့ အကြောင်းအရာအကုန်လုံးအပြင်တစ်သက်လုံးရေးထားသမျှ အကုန်တင်ထားပေးတယ်။နောက် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ဆရာ၊ ဆရာမတွေအတွက် Modern Teaching Techniques (MTT) ကို၂၀၁၈ ကစတင်ပြီး Covid-19 မတိုင်ခင်တဲ့ပညာဒါန မျှဝေပေးခဲ့တယ်။ နောက်တစ်မျိုးကတော့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်တွေအတွက်လိုအပ်တဲ့ ငွေကြေးထပ်ရှာဖို့လုပ်ရတယ်။ဒီမှာ YEC ရဲ့ product တွေဖြစ်တဲ့Toe Tet, Dream Lab, Akyanpay,Insidernote App တွေကို အခပေးbusiness model နဲ့ တည်ဆောက်ထားတယ်။ ကိုယ်ဖန်တီးမှုတွေက လူအများကြီးအတွက်အကျိုးရှိစေနိုင်မှ ရှိစေလိမ့်မယ်။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဖက်ကမျှဝေနေဖို့ပဲလိုတယ်လို့ထင်တယ်။ မြန်မာနိုင်ငံမှာဆို ဆရာကြီးပီမိုးနင်းတို့၊လူထုစိန်ဝင်းတို့လို ဆရာတွေဆိုရင်လဲအရမ်းလေးစားဖို့ကောင်းတယ်လို့ထင်တယ်။ Phyo Paing @

လူတွေကို အပြောင်းအလဲလုပ်ပေးတာ Read More »

လူတွေရဲ့ ရွေ့မည့်အကွက်တွေကို
ကြိုသိနေဖို့ လူ့အကြောင်းတော့
သေချာသိထားဖို့လိုတယ်။

လူတွေရဲ့ အငုံစိတ်ထဲမှာတခြားသူတွေထက် သာတယ်ဆိုတဲ့Superiority ဖြစ်ချင်တဲ့ စိတ်ရှိတတ်တယ်။ဒါကိုတော့ စိတ်ပညာရှင် Alfred Adler က ဆိုတယ်။ အဲ့လို သာတယ်ဆိုတဲ့ စိတ်ဖြစ်ဖို့နည်းလမ်းနှစ်မျိုးရှိတယ်။တစ်မျိုးက ကိုယ့်ရဲ့တိုက်ကို အမြင့်ဆုံးတည်ဆောက်တာ။နောက်တစ်မျိုးက တခြားတိုက်တွေကိုဖြိုတာ။ လူတစ်မျိုးက ကိုယ်လိုချင်တဲ့အိမ်မက်တွေ အကောင်အထည်ဖော်ဖို့လုပ်တယ်။နောက်တစ်မျိုးက တခြားသူတွေရဲ့ဆွတ်ခူးမှုကို ဘာမှမဟုတ်ပါဘူးကွာဖြစ်အောင်ဟာသလုပ်တယ်။တဖက်လူကို ပြောတာတစ်မျိုးလုပ်တာတစ်မျိုး hypocrite ဖြစ်အောင်ပုံဖော်ဖို့ကြိုးစားတတ်တယ်။ လူတွေရဲ့ Psycho နားမလည်ရင်ကိုယ်ကြီးခံနေရမည့်ခေတ်မှာလူတွေရဲ့ ရွေ့မည့်အကွက်တွေကိုကြိုသိနေဖို့ လူ့အကြောင်းတော့သေချာသိထားဖို့လိုတယ်။ Phyo Paing @ Derek

လူတွေရဲ့ ရွေ့မည့်အကွက်တွေကို
ကြိုသိနေဖို့ လူ့အကြောင်းတော့
သေချာသိထားဖို့လိုတယ်။
Read More »