မားကတ်တင်းကို စုဗူးလိုလုပ်ပါ။
မကြာခင်စတင်မည့် Marketing Flagship Program ကို Facebook ရဲ့ Sapwar Marketing မှာ ကြည့်ရှုပါ။
မကြာခင်စတင်မည့် Marketing Flagship Program ကို Facebook ရဲ့ Sapwar Marketing မှာ ကြည့်ရှုပါ။
ဘဝမှာ နေပျော်ဖို့ အချက်သုံးချက်လိုတယ်။ ၁။ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အသက်မွေးဝမ်းကျောင်းပညာရပ် (Mastery) ၂။ သူစိမ်းကိုအသိ၊ အသိကိုဖောက်သည်၊ဖောက်သည်ကို အမာခံပရိသတ်၊အမာခံပရိသတ်ကို အတွင်းလူအပြောင်းအလဲလုပ်ပေးနိုင်တဲ့ မားကတ်တင်းပညာရပ် (Marketing) ၃။ လူတွေနဲ့ စနစ်တွေပေါင်းပြီးရည်မှန်းချက်ပန်းတိုင်ရောက်အောင်စီမံခန့်ခွဲနိုင်စွမ်း (Management) ဘဝအပြောင်းအလဲ လုပ်ချင်ရင်ဒီ M သုံးလုံးကို ကျွမ်းကျင်အောင်လုပ်။ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ပညာရှိရင်လမ်းမပျောက်တော့ဘူး။ ဘယ်နေရာရောက်ရောက် ထမင်းမငတ်ဘူး။ မားကတ်တင်းပညာရပ်သိရင်ငွေကို များများနဲ့ မြန်မြန်ရှာတတ်လာမယ်။ စီမံခန့်ခွဲမှု ပညာတတ်ရင်ကိုယ်တစ်ယောက်တည်းလုပ်နေစရာမလိုတော့ပဲတခြားလူတွေရဲ့ အချိန်၊တခြားသူတွေရဲ့ ကျွမ်းကျင်မှုနဲ့ ရေရှည်ငွေကို ငွေရှာပေးနေတဲ့လုပ်ငန်းတွေတည်ဆောက်နိုင်မယ်။ M သုံးလုံးဆောင်ဖို့လိုတယ်အားတီ၊ အားမေတို့။ Phyo Paing @ Derek
ဘယ်နိုင်ငံ၊ ဘယ်နေရာမှာ၊ဘာအလုပ် လုပ်နေနေအင်တာနက်နဲ့ ဖုန်းတစ်လုံးရှိနေသမျှဘဝကို အပြောင်းအလဲဖြစ်အောင်လုပ်ပိုင်ခွင့် အများကြီးရှိသေးတယ်။ ဘာကြောင့်လဲဆိုတော့၁။ အဆက်အသွယ်၂။ ဘာသာစကား၃။ ကျွမ်းကျင်မှု၄။ အားပေးသူနဲ့ အောင်မြင်မှုဒီလေးခုစလုံး ဖန်တီးနိုင်စွမ်းရှိနေသေးလို့။ Phyo Paing @ Derek
မှန်ကန်တဲ့ သတင်းအချက်တစ်ခုကသော့တစ်ချောင်းလိုပဲ။ပိတ်နေတဲ့ တံခါးတွေ၊အခွင့်အလမ်းတွေကို ပွင့်သွားစေနိုင်တယ်။ Phyo Paing @ Derek
သင်မတော်တာ မဟုတ်ဘူး။သတ်မှတ်ထားတဲ့ ယမ်းဒရားကသင့်အစွမ်းအစတွေကိုချုပ်နှောင်ထားတာ ဖြစ်နိုင်တယ်။ It’s not that you are incompetent. The redundant laws of the society you live in and the traditional circle of expectations could be constraining your potential and abilities. Phyo Paing @ Derek
ဒီအလုပ်နဲ့ ဘွဲ့ရတယ်။ဒါနဲ့ တစ်သက်လုံးအသက်မွေးရမယ်။အဲ့ဒီခေတ်ကုန်သွားပြီ။ ဒီနေ့ခေတ် career က project တစ်ခုလိုဖြစ်သွားပြီ။ ခေတ်အပြောင်းအလဲက အရမ်းမြန်တယ်။သင်ယူခြင်း သင်ကြားခြင်းဖြစ်စဥ်ကိုအမြဲလုပ်နေမှ ရမယ်။ လူဘယ်နှစ်ယောက်ကများကိုယ်ရထားတဲ့ ဘွဲ့နဲ့ အသက်မွေးကြသလဲကိန်းဂဏန်းတွေကို ပြန်ကြည့်ကြည့်လို့ရတယ်။ profession ဆိုတာ စျေးကွက်ပြဿနာတွေကိုဖြေရှင်းပေးဖို့။ ဒါတွေကို project တစ်ခုအနေနဲ့ကြည့်ပြီးအမြဲသင်ယူသွားဖို့လိုနိုင်တယ်။ Phyo Paing @ Derek
ကိုယ်ဘယ်အရာကို ဘယ်လောက်ကျွမ်းကျင်လဲအရေးကြီးသလို၊ကိုယ့်ကျွမ်းကျင်မှုကို ဝယ်ယူတဲ့စျေးကွက်ကလဲ အရေးကြီးတယ်။ Phyo Paing @ Derek
မနက််မိုးလင်းမျက်လုံးနှစ်လုံးဖွင့်တာနဲ့အလုပ်ပြီးတဲ့ထိကကိုယ့်အခန်းထဲမှာပဲ။ကွန်ပြူတာတစ်လုံးနဲ့လေ့လာချင်တာလေ့လာ၊လုပ်ချင်တဲ့ အလုပ်တွေလုပ်ပြီးနေ့တိုင်းပျော်နေတယ်။ ဒါကို DEAL ဆိုပြီး အတိုကောက်mini-booklet ထုတ်ထားပြီးDreamlab မှာ တင်ထားပေးပါတယ်။ DEAL ဆိုတာDaily Enjoyable Activities forLong-term Achievement ပါ။ ချမ်းသာတဲ့သူတိုင်း ပျော်နေတာမဟုတ်ဘူး။ပျော်လဲပျော် ငွေကြေးလဲအလုံအလောက်ရှိကိုယ့်ဘဝ ကိုယ်စိတ်ကြိုက်ပုံဖော်နိုင်ဖို့DEAL လိုတယ်။ Phyo Paing @ Derek
ကျောင်းကပေးတဲ့ ပုစ္ဆာတွေဖြေရှင်းနိုင်ရင်ကျောင်းမှာအောင်မြင်မယ်။ဘဝကပေးတဲ့ ပုစ္ဆာတွေဖြေရှင်းနိုင်ရင်ဘဝမှာ အောင်မြင်မယ်။စျေးကွက်က ပေးတဲ့ ပုစ္ဆာတွေဖြေရှင်းနိုင်ရင်စျေးကွက်မှာ အောင်မြင်မယ်။ Phyo Paing @ Derek
မဟုတ်လဲ လူတိုင်းတစ်နေ့သေမှာပဲ။မသေခင် ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေလုပ်ခဲ့ဖို့ပဲ။လိုချင်တဲ့ ရလဒ်ရဖို့လုပ်ရပ်တွေကို လုပ်ဆောင်တဲ့အခါ“အာရုံ” က အထူးအရေးကြီးတယ်။ အခွင့်အရေးမြင်တိုင်း လိုက်မလုပ်ဖို့နဲ့၊ကိုယ်လုပ်ချင်တဲ့အလုပ်ကို အထူးအာရုံစိုက်လုပ်ဖို့။ဒီနှစ်ခု အထူးအရေးကြီးတယ်။ Phyo Paing @ Derek