ဘ၀မှာ ပေါက်ပန်းမဖြစ်ဖို့ အပျင်းကြီးနေလို့မရဘူး။
သူ့အလိုလို ပေါက်တာ အများစုက မြက်ပင်နဲ့ ပေါက်ပန်းပဲ။ တကယ်ကောင်းတာ လိုချင်ရင် သေချာစိုက်ပျိုးပေါင်းသင်ရတာ သဘာ၀ဘဲ။ ဘ၀မှာ ပေါက်ပန်းမဖြစ်ဖို့ အပျင်းကြီးနေလို့ မရဘူး။
သူ့အလိုလို ပေါက်တာ အများစုက မြက်ပင်နဲ့ ပေါက်ပန်းပဲ။ တကယ်ကောင်းတာ လိုချင်ရင် သေချာစိုက်ပျိုးပေါင်းသင်ရတာ သဘာ၀ဘဲ။ ဘ၀မှာ ပေါက်ပန်းမဖြစ်ဖို့ အပျင်းကြီးနေလို့ မရဘူး။
Elon Musk က Personal development တို့Emotional mastery တို့လုပ်သလား?2021 နှစ်ကုန် Time Magazine မှာသူ့အကြောင်းရေးထားတယ်။ငယ်ငယ် တောင်အာရိကမှာနေတုန်းကတစ်ရက်ကို စာအုပ်နှစ်အုပ်ဖတ်တယ်တဲ့။နောက် ဖတ်စရာစာအုပ်ကုန်သွားတယ်တဲ့။ Personal development ဆိုတာသင်တန်းတွေတက်ပြီး ဝူးဝူးဝါးဝါးအော်တာတစ်ခုတည်းကိုပြောတာမဟုတ်ပဲ ကိုယ့်ရဲ့ စွမ်းဆောင်ရည်Productivity ကိုတိုးတက်စေတဲ့အရာမှန်သမျှကိုခေါ်တယ်။ Speed-reading စာဖတ်မြန်အောင်လေ့ကျင့်တာ၊မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့်တာ၊စိတ်အကြည်ဓာတ်မပျောက်ဖို့Emotional management လုပ်တာ၊အစားအသောက် plan သေချာလုပ်လေ့ကျင့်ခန်းလုပ်၊ အချိန်စီမံခန့်ခွဲတာ၊လူရှေ့သူရှေ့စကားထွက်ပြောတဲ့အခါလူတွေကိုယ့် presentation ကိုပြီးသွားမှာ စိုးရိမ်တဲ့အထိ skill ကိုမြင့်တာ၊ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်အောင်လုပ်တာကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင်လုပ်တာ အကုန်ပါတယ်။ Personal Development ကProfessional နဲ့ Business Development ရဲ့အုပ်မြစ်ပဲ။စိတ်ဓာတ်ကျတဲ့လုပ်ငန်းရှင် ဦးဆောင်တဲ့အောင်မြင်တဲ့လုပ်ငန်း မရှိသေးဘူး။ Phyo Paing @ Derek
ကိုယ်ဖန်တီးလိုက်တဲ့Content အရည်အသွေးကကိုယ်ဆွဲဆောင်တဲ့Audience အရည်အသွေးပဲ။လူကြိုက်များတာပဲ လုပ်လို့မရဘူး။ Phyo Paing @ Derek
ငယ်ငယ်က မြန်မာဇာတ်ကားတွေမှာအနောက်တိုင်းက ပြန်လာတဲ့အခါလူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလာတာကိုတွေ့ရမှာ ဖြစ်သလိုငယ်ငယ်က မြန်မာ့စာပေတွေမှာမောင်လူအေး ဘိလပ်ကပြန်လာတော့မြန်စာစကားမပြောတတ်တော့ပဲ“ရေချမ်းချမ်းတစ်ခွက်ပေးပါ” ဆိုတဲ့ဝတ္တုထဲကအကြောင်းအရာမျိုးလေးတွေဖတ်ဖူးလိမ့်မယ်။ ဆယ်တန်းပြီးတော့ Thomas Friedman ရဲ့The world is flat ဆိုတဲ့စာအုပ်ဖတ်လိုက်ရတဲ့အခါ အနာဂတ်အကြောင်းဘယ်လိုတွေ ဖြစ်နိုင်လဲဆိုတာခပ်ရေးရေးပုံဖော်လို့ရလာတယ်။ ၂၀၀၅ မှာ Internet ကို မန္တလေးမှာသုံးလို့ရတဲ့နေရာ KMD နဲ့ဆေးကျောင်းရှေ့က Japan Store ပဲရှိတယ်။KMD က တစ်နာရီ လေးရာ။စောင့်ပြီးသုံးရတယ်။asl pls ဆိုတဲ့ MIrc နဲ့ Meboo ခေတ်ကပေါ့။KMD က ညနေ ၆ နာရီပိတ်တော့Japan Store ညနေသွားတဲ့အခါတစ်နာရီငါးထောင်နဲ့ သွားသုံးခဲ့ရတဲ့ အချိန်တွေ။ YouTube သုံးနိုင်ဖို့အတွက်ဆိုတာDtunnel တို့လို Freedom VPN နဲ့မကောင်းတဲ့ line ကြားကဘာညာကျော်ခွရတဲ့အချိန်။ Metaverse ခေတ်မှာသူများတွေ Unreal
အသည်းနာရတဲ့အချိန်တွေလူတိုင်းမှာရှိတတ်ကြတယ်။အများစုက ကိုယ်ချစ်တဲ့သူတွေကိုယ်မျှော်မှန်းထားသလိုမဟုတ်ပဲတလွဲတွေးပြီး၊ တလွဲလုပ်တဲ့အချိန်တွေဖြစ်ကောင်းဖြစ်နိုင်သလို၊ကိုယ်ထင်ထားတဲ့ လုပ်နိုင်စွမ်းမရောက်တဲ့အချိန်တွေဖြစ်ကောင်းဖြစ်နိုင်တယ်။ အစပိုင်းမှာ ပြောမယ်။နောက်ပြောပါများ မောလာတော့တွေ့တိုင်း အကြည်ဓာတ်ပျောက်မယ်။နောက် လျစ်လျူရှုလိုက်မယ်။နောက် တဖြည်းဖြည်း connectionမမိဖြစ်လာမယ်။ဒါက သဘာဝ ဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်စဥ် တစ်ခုဖြစ်တယ်။ ဒီလို အချိန်နေကြုံတိုင်းဘဝနေထိုင်ရေး ဥပဒေသအသစ်တွေထုတ်ပြီး နေထိုင်ခြင်းအားဖြင့်နောက်ဖြတ်သန်းရမည့်ဘဝကပိုကောင်းလာနိုင်တယ်။ ဥပမာတွယ်တာစိတ် attachment ဆိုတဲ့အစားaffection ချစ်ခင်စိတ််နဲ့ ပေးဆပ်ဖို့ကြည့်တာမျိုး။ ဒါမှ မဟုတ် တခြားသူအပေါ်ထားတဲ့expectation တွေလျော့ပြီးကိုယ့်ကိုကိုယ်ပဲ မျှော်လင့်ချက်ထားထားမျိုး။ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။ လူတိုင်းတစ်နေ့သေရမှာဖြစ်တဲ့အတွက်တွယ်တာမှုတွေထားပြီး ကိုယ့်လိုအပ်ချက်ကိုသူ့ကို ဖြည့်ဆည်းခိုင်းမည့်အစားကိုယ်ချစ်တဲ့သူတွေကိုအရှိကိုအရှိအတိုင်း လက်ခံတာက ပိုကောင်းတဲ့နည်းလမ်းတစ်ခုပဲလို့ ခံယူထားလိုက်တယ်။ Phyo Paing @ Derek
ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာ
ဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။ Read More »
ပန်းသီးတစ်လုံးကြွေကျလာတာကြည့်ပြီး ဘာကြောင့် “လ” ကကြွေကျမလာသလဲဆိုတဲ့မေးခွန်းမေးပြီး ကမ္ဘာ့ဆွဲအားlaw of gravity ကိုတွေ့ရှိခဲ့သူ၊ဒီဥပဒေသကို သက်သေပြဖို့သင်္ချာပညာ Calculus ကို တည်ထွင်ခဲ့သူSir Isaac Newton နယူတန်ကMulti-level marketing (MLM) နဲ့သိပ်မကွာတဲ့ Ponzi scheme ကြောင့်သူ့ဘဝနေဝင်ချိန်မှာ ငွေကြေးတွေဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် စာပဲတတ်နေလို့မရဘူး။လူကြောလဲ နပ်ဖို့လိုတယ်။မားကတ်တင်းနဲ့ စီးပွားရေးလုပ်တဲ့အခါလူကြောနပ်ဖို့ အရမ်းအရေးကြီးတယ်။ Phyo Paing @ Derek
Marketing မှာ Next Level ရောက်သွားရင်ဘယ်လိုလေးရောင်းလိုက်ပါတို့၊ဘယ်လိုလေးရေးတို့မပြောတော့ဘူး။ ကိုယ့်ရဲ့ religion ကိုယ်ဖန်တီးလာတယ်။ဒါကြောင့် Apple ကို Marketing လုပ်ပေးခဲ့တဲ့အခု Canva ကို Marketing လုပ်ပေးနေတဲ့Guy Kawasaki က သူ့ကိုယ်သူMarketer လို့မသုံးဘူး။Chief Evangelist လို့သုံးတယ်။တနည်းအားဖြင့် ကိုယ့် religion ထဲကိုပြောင်းလာဖို့လုပ်တဲ့သူ Evangelist တဲ့။ ကမ္ဘာ့ထိပ်တန်း Marketerအကုန်ကြည့်လိုက်ရင်သူတို့ promote လုပ်တဲ့ philosophy ရှိတယ်။ Elon Musk ဆိုလဲ Evangelist ပဲ။Steve Jobs လဲ Evangelist ပဲ။Xiaomi ရဲ့ Lei Jun လဲ Evangelist ပဲ။ ကုန်ပစ္စည်းပဲထိုးရောင်းပြီးအတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်အတွေးအခေါ်မရှိတဲ့သူတွေပဲ ရင်ခုန်မှာပေါ့။ ဒါကြောင့် Marketing လုပ်တဲ့အခါကိုယ့်လုပ်ငန်းရဲ့ ယုံကြည်ချက်အတွေးအခေါ်အရေးကြီးတယ်။
ကိုးတန်းတုန်းက ဆရာမြောက်ပေးတာနဲ့English – Myanmar သာလွန်Dictionary ကြီးကို သူငယ်ချင်းပေးလိုက်တယ်။Oxford English – English Dictionaryဝယ်ပြီး စလေ့လာတယ်။အဲ့မှာစ တိုင်ပတ်ပါလေရော။ ၈ တန်းထိက ကျောင်းပြေးလိုက်၊game နှိပ်လိုက်လုပ်ခဲ့တော့အခြေခံမရှိတဲ့အခါ တော်တော်ခက်တယ်။ဒါနဲ့ အလွယ်ဆုံးနည်းလမ်းရှာတော့ပထမဆုံးစကားလုံးတွေက အဓိကပဲ။ဒီ hack လေးကို apply လုပ်လိုက်တော့အရမ်းလွယ်သွားတယ်။ စာအုပ်ဖတ်ရင်လဲအလားတူပဲစာရေးဆရာတွေက ပထမအပိုဒ်ကိုအကောင်းဆုံး လက်စွမ်းပြလေ့ရှိတယ်။ဒါမှ သူ့စာဆက်ဖက်မှာကိုး။ တချို့သေးသေးလေးတွေကကြီးမားတဲ့ ရလဒ်ကောင်းတွေရစေနိုင်တယ်။ Phyo Paing @ Derek
တချို့သေးသေးလေးတွေက ကြီးမားတဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။ Read More »
ဒီ Page ရဲ့ ရည်ရွယ်ချက်ကဘူကောင်တိုက်ဖျက်ရေးဖြစ်တဲ့အတွက်ဘူကောင်တွေကို ban တာ အမြဲလုပ်တယ်။ဒါကြောင့် Page မှာရောAccount မှာပါ ဘူကောင်ကင်းစင်နယ်မြေဖြစ်နေခြင်းဖြစ်တယ်။ အကြည်ဓာတ်တွေပဲ ပေးချင်တယ်။ဘာကြောင့်လဲဆိုတော့ဓာတ်ဆိုတာ ကူးစက်တတ်တဲ့သဘောရှိတယ်။ ဘူကောင်တွေက အမြဲမပျော်၊ကံမကောင်းဖြစ်နေပြီးပြစ်တင်ပြောဆို Blameငြီးထွား Complain လုပ်တတ်တဲ့သဘာဝတွေရှိသလိုအကျိုးမရှိပဲ အငြင်းသန်တဲ့သဘောသဘာဝတွေရှိတယ်။ကိုယ်လိုချင်တာကို သေချာမသဲကွဲဘူး။မလိုချင်တာတွေကိုပဲပြောတတ်တဲ့သဘာဝရှိတယ်။အလုပ်ကိုလက်ကြောတင်းအောင်မလုပ်ချင်ဘူး။ရလဒ်ကိုတော့ အများကြီးရချင်တယ်။ဒါကို work smart ဆိုပြီးခဏခဏပြောတတ်လေ့ရှိတယ်။ အားလုံးရဲ့ productivity စွမ်းဆောင်ရည်နဲ့profit အမြတ်ငွေ တိုးတက်ဖို့အကြည်ဓာတ်လိုတယ်။ဒီအကြည်ဓာတ်တွေ ထုတ်လွင့်ပြီးအားကောင်းစေဖို့ဘူကောင်တိုက်ဖျက်ရေးကိုစတင်ခဲ့တယ်။ Phyo Paing @ Derek
ဘူကောင်တိုက်ဖျက်ရေး = Mission (ဘူကောင် = unhappy and unlucky) Read More »
4-9 AM က တစ်ရက်တာအလုပ်တွေ မလုပ်ခင်ကိုယ့်ကိုကိုယ် training ဆင်းတဲ့အချိန်ပဲ။ စာဖတ်၊ တရားထိုင်၊ ဘာသာစကားလေ့ကျင့်၊သက်ဆိုင်ရာပညာရပ်လေ့လာ၊လေ့ကျင့်ခန်းလုပ်၊ကိုယ့်လုပ်ရပ်တွေကို ပြန်လည်သုံးသပ်၊အနာဂတ်အတွက်အချိန်ပေးစဉ်းစားတဲ့အချိန်ပဲ။ တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ်လေးငါးနာရီလောက်တော့အချိန်ပေးဖို့လိုတယ်။ ဒီလိုအချိန်ပေးနိုင်ဖို့ အလုပ်ကိုသေချာစနစ်ချ design လုပ်ဖို့လိုတယ်။ဒါကို lifestyle design လို့ခေါ်တယ်။ Phyo Paing @ Derek
တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ် လေးငါးနာရီလောက်တော့
အချိန်ပေးဖို့လိုတယ်။ Read More »