Business

Personal brand က တော့ တည်ဆောက်ရတာ
အလွယ်ဆုံးပဲ။

Marketing သမားတစ်ယောက်ကိုကျွန်တော်တိုင်းတာတဲ့ ပေတံ KPI က ကိုယ့်ရဲ့ ကိုယ့်နာမည် personal brand ဒါမှ မဟုတ် စီးပွါးအမှတ်တံဆိပ် business brand ဒါမှမဟုတ် ကုန်ပစ္စည်း product brand ဒါမှမဟုတ် အတွေးအခေါ် ideology ကိုအထူးအားပေးတဲ့ ပုရိသတ်raving fans ဘယ်လောက်တည်ဆောက်နိုင်လဲပဲ။ Personal brand က တော့ တည်ဆောက်ရတာအလွယ်ဆုံးပဲ။ဒုတိယက business နဲ့ product brand။အခက်ခဲဆုံးက ကိုယ့်အတွေးအခေါ်ကိုVirus လိုပြန့်အောင် လုပ်တာ။ Phyo Paing @ Derek

Personal brand က တော့ တည်ဆောက်ရတာ
အလွယ်ဆုံးပဲ။
Read More »

Computer ဆိုတာ ငွေရိုက်စက်ပဲ။

ဒီ laptop တစ်လုံးကို Money-making machineငွေရိုက်စက်လို စမြင်တာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က။ တရုတ်ပြည်က ICBC bank ကိုသွားတယ်။ အကောင့်ဖွင့်တယ်။Post တင်ပြီး တရုတ်က ပစ္စည်းတွေ ဝယ်ပေးတယ်။ ၂၀၁၄ မှာ Redmi 1S တွေကို $13 Facebook က boost လုပ်ကြော်ငြာရင်တစ်ရက် အလုံး ၁၀၀ ကျော်ရောင်းရတယ်။တစ်လုံး ၁ သောင်းလောက်မြတ်တော့မားကတ်တင်းရဲ့ အစွမ်းအစကိုသိသွားတယ်။ နောက်ပိုင်းလူတွေအပြိုင်းစျေးလျော့တော့ကိုယ်တိုင် စိတ်ကြိုက်စျေးသတ်မှတ်လို့ရတဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေပဲဖန်တီးမယ်ဆိုပြီးသင်ကြားရေး လောကထဲ ခြေစုန်ပစ်ဝင်တယ်။ နောက်အကြံပေးတာ၊ Website, App ဖန်တီးတာ၊ Digital Transformation အပိုင်းကူညီပေးတာMarketing နဲ့ Strategy မဟာဗျူဟာချမှတ်တဲ့အပိုင်းကူညီပေးတဲ့အပိုင်းရောက်လာတယ်။ ကွန်ပြူတာကို ငွေရိုက်စက်ပြောင်းလို့ရတဲ့ယေဘူယျ အလုပ်နှစ်ခု ရှိတယ်။ တစ်ခုက Trading လုပ်တာ၊

Computer ဆိုတာ ငွေရိုက်စက်ပဲ။ Read More »

တစ်ခုခုကို သေချာဇောက်ချလုပ်ရင်

အသက်အရွယ်တစ်ခုရောက်လာရင်ကျွမ်းကျင်မှုတစ်ခုရှိလာမယ်။ဒီကျွမ်းကျင်မှုက စီးပွားရေးတစ်ခုဖြစ်လာနိုင်တယ်။ ဒီ expertise ကျွမ်းကျင်မှုကို ဝင်ငွေဖြစ်အောင်ပြောင်းလို့ရတယ်။ ကိုယ်လုပ်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့တူတဲ့ဒီစာအုပ်ကိုဖတ်ရင်း ပြန်စဉ်းစားမိတယ်။ ၂၀၀၅ အင်တာနက်မှာ Mirc ဖွင့်asl pls လို့ပြောတဲ့ခေတ်။ Naughty_Boy ဆိုပြီး အသေ chat တဲ့ခေတ်။Meebo တို့လို social message app တွေမှာမီးသွားသွားမွေးတဲ့ခေတ်။ တရုတ်ပြည်က ဘွန်ဆိုင်းတွေ သူငယ်ချင်းနဲ့ပေါင်း တင်သွင်းပြီးတရုတ်ကို သာလိကာ ပြန်ပို့တဲ့နှစ်။ ၂၀၀၆ လောက်က စဥ်းစားမိတယ်။ငါ ၂၀၁၂ ဇန်နဝါရီ မှာ ဘွဲ့ရလို့ ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းမပြုပဲ အသစ်က ပြန်စရမယ်ဆို ဘယ်လို ကျွမ်းကျင်မှုတွေလိုမလဲ? သေချာတာတစ်ခုက ပညာရပ်အသစ်ပြန်သင်ယူရမယ်။ဒီတော့ “သင်ယူခြင်း”ဆိုတာ လုပ်ရမှာဖြစ်တဲ့အတွက်ဒီသင်ယူခြင်းဖြစ်စဥ်ကို ဘယ်လိုနည်းနဲ့ချုံ့လို့ရမလဲလေ့လာကြည့်တော့ မှတ်ဥာဏ်ကောင်းနည်း၊ စာမြန်မြန်ဖတ်နည်း၊ဒီလို နည်းလမ်းတွေသွားတွေ့တယ်။ဒီ memory training နဲ့ speed-reading

တစ်ခုခုကို သေချာဇောက်ချလုပ်ရင် Read More »

ဒီနေ့ ကိုယ်တွေလုပ်နေတဲ့အလုပ်တွေဆိုတာ
လွန်ခဲ့တဲ့ ငါးနှစ်၊ ဆယ်နှစ်က ရှိခဲ့တာမဟုတ်ဘူး။

နောက်လာမည့် ငါးနှစ်၊ ဆယ်နှစ်ကျရင်လဲအခုလုပ်နေတဲ့ အလုပ်တွေကဖွံ့ဖြိုးချင်မှ ဖွင့်ဖြိုးတော့မှာ။ဒီနေ့ခေတ်က ကိုယ့်ကိုကိုယ်အမြဲမပျက် ပြန်ဖန်တီးနေမှ ရမှာ။ပိုနေမြဲ ကျားနေမြဲ မရတော့ဘူး။Reinventing yourself လုပ်ဖို့လိုတယ်။“အရင်လို” ဆိုတဲ့ စကားလုံးကိုကြက်ခြေခတ်လိုက်တော့။ Phyo Paing @ Derek

ဒီနေ့ ကိုယ်တွေလုပ်နေတဲ့အလုပ်တွေဆိုတာ
လွန်ခဲ့တဲ့ ငါးနှစ်၊ ဆယ်နှစ်က ရှိခဲ့တာမဟုတ်ဘူး။
Read More »

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ
ဘာတွေ လိုအပ်မလဲ

ဒီနေ့ခေတ် ကြော်ငြာတစ်ခုနဲ့တင်အလုပ်မဖြစ်တော့ဘူး။ အမှတ်တံဆိပ်ဆိုတာ ယုံကြည်မှုစနစ်တစ်ခုဖြစ်တယ်။ ဘာကြောင့် Adidas မစီးပဲ Nike စီးသလဲ?ဘာကြောင့် Seattle’s Coffee မသွားပဲStarbuck သွားသလဲ? ဒီအဖြေတွေအတွက် primal branding စာအုပ်က အချက်ခြောက်ချက်နဲ့ဖော်ပြထားတယ်။ အောင်မြင်တဲ့ brand တည်ဆောက်ရေးဖြစ်စဥ်နောက်ကွယ်မှာ အဆင့်ခုနှစ်ဆင့်ရှိတယ်။ အမှတ်တံဆိပ်တည်ဆောက်ခြင်းဆိုတာ ideaology တစ်ခုကိုလူတွေရင်ခုန်ပြီး လူအုပ်ကြီးဖြစ်သွားအောင်လှုပ်နှိုးခြင်း အဆင့်ပဲ။ ကျွန်တော်ကတော့ CCI RSPLCC Is Rising Star, Professor Levermore. ဒီလို အတိုကောက်မှတ်ထားတယ်။ ၁။ The Creation Story Apple ဆိုရင် garage ကနေSteve Jobs နဲ့ Steve Wozniakဘယ်လို စခဲ့တာ။ Nike ဆိုရင်လည်း ‎Phil Knight နဲ့သူ့

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ
ဘာတွေ လိုအပ်မလဲ
Read More »

Tesla က ဘီးလိမ့်တိုင်း
data ရနေတဲ့တဲ့အတွက်
သူ့ကို လာပြိုင်နိုင်တဲ့သူတွေကို
ကြိုတင်ပြီး barrier လုပ်ထားပြီးသား။

အလားတူပဲ။ လုပ်ငန်းတိုင်းက အချိန်ကြာလာတာနဲ့အမျှကိုယ့်ကို လာပြိုင်နိုင်တဲ့ လုပ်ငန်းတွေနည်းနိုင်သမျှ နည်းအောင် လုပ်ကြတယ်။ ဒါကို Operational effectiveness နဲ့လုပ်တယ်။ကိုယ်လုပ်တဲ့အလုပ်မှာ အရမ်းကျွမ်းကျင်ပြီးoperation မှာ လှည့်ကြည့်စရာမလိုတဲ့အခါပြိုင်ဖက်က ပြိုင်ဖို့ခက်တယ်။ ဒီတော့ ပြိုင်ဖက်ကုမ္ပဏီတွေက ကိုယ်မနိုင်တဲ့ game မှာ မကစားတော့ဘူး။နိုင်နိုင်မည့် game ကိုဖန်တီးတယ်။ ဒါကို strategic choice လို့ခေါ်တယ်။ Meta ရဲ့ Facebook, instagram နဲ့ Whatsapp ကnetwork အပေါ်အခြေခံပြီးသွားတယ်။ Social connection နဲ့သွားတယ်။ Tik Tok အနေနဲ့ follower ရှိစရာမလိုဘူး။နင့်အလုပ်က video တင်လိုက်။ကြိုက်တဲ့သူရှိရင် နင့်ကို follower ရှာပေးမယ်ဆိုတဲ့discovery ပုံစံနဲ့သွားတယ်။ ဒါကို For You မှာတွေ့နိုင်တယ်။ အောင်မြင်တော့ ခုနောက်ပိုင်းမှာ

Tesla က ဘီးလိမ့်တိုင်း
data ရနေတဲ့တဲ့အတွက်
သူ့ကို လာပြိုင်နိုင်တဲ့သူတွေကို
ကြိုတင်ပြီး barrier လုပ်ထားပြီးသား။
Read More »

Website လုပ်လိုက်တာနဲ့
လူတွေ လာဝယ်မယ်ထင်တတ်ကြတယ်။

Website ပေါ်မှာ ဒီအတိုင်းလာဝယ်ဖို့က consumer buying behavior ကိုကြည့်ရတယ်။စိန်ရွှေရတနာ၊ IT ပစ္စည်း၊ lifestyle productမတူနိုင်ဘူး။ အရင် ၂၀၁၆၊ ၂၀၁၇ လောက်က ဖုန်းခေါ်ရင် သိပ်ကိစ္စမရှိပေမယ့် ဆိုင်တစ်ဆိုင်သွားလို့ ဖုန်းနံပတ်ပေးခဲ့မိပြီးဖုန်းပြန်ဆက် follow-up လုပ်တဲ့အခါတော်တော် annoy ဖြစ်တယ်။ တစ်ခုခုမေးလိုက်လို့ ဖုန်းဆက်ပြန်ရှင်းပြမယ်ဆိုလဲတော်တော် လေးအဆင်မပြေဘူး။ အိမ်ခြံမြေလို ကိစ္စတို့၊ ကားတို့လို စျေးကြီးတဲ့ ကုန်ပစ္စည်းတွေဆို ကိစ္စမရှိပေမယ့်သေးသေးတောတော ဝယ်ယူမှုအတွက်ကအကုန်လုံး messenger လောက်မှပြီးချင်ကြတယ်။ Website တစ်ခုရှိရုံနဲ့လဲ လူတွေမလာဘူး။ ဒီ website ကို launch လုပ်တာ၊ post-launch နဲ့ လိုအပ်ရင် ပြန်လည်ပြင်ဆင်ရတာတွေလုပ်ရတာမျိုးရှိတယ်။ ဘယ်ခလုပ်ကိုတော့ လူတွေအနှိပ်များတယ်။ ဒါကိုသိဖို့ ဥပမာ hotjar လိုမျိုး tool နဲ့ကြည့်ပြန်သုံးသပ်ရသလို၊

Website လုပ်လိုက်တာနဲ့
လူတွေ လာဝယ်မယ်ထင်တတ်ကြတယ်။
Read More »

လူတိုင်းမှာ second brain တော့
ရှိဖို့လိုတယ်

ဒီနေ့ဖတ်ဖြစ်တဲ့ Building a second brain ဆိုတဲ့စာအုပ် ရေလည်မိုက်တယ်။ စာရေးဆရာက Tiago Forte ဖြစ်ပြီး လူတိုင်းမှာ ကိုယ့် idea တွေ၊စာအုပ်တွေ၊ internet ကရတဲ့သတင်းအချက်တွေကို မှတ်ထားတဲ့နေရာ၊ ပြန်ရှာတဲ့စနစ်ရှိဖို့လိုတာကို CORE framework နဲ့ ဖော်ပြသွားတယ်။ သတင်းတွေကို ဘယ်လို capture လုပ်မလဲ။ ဥပမာ lucid, apple note, mindmeister နဲ့one note ဒီလေးခုကို သုံးတယ်။စာရေးရင် Scrivener ကိုသုံးတယ်။ တချို့ project တွေအတွက် notion ကိုသုံးတယ်။နောက် စာအုပ်ဖတ်တဲ့ app မှာဆို kindle, books နဲ့ တရုတ် 微信读书 ကိုသုံးတယ်။ အရင်ကဆို instapaper တို့၊

လူတိုင်းမှာ second brain တော့
ရှိဖို့လိုတယ်
Read More »

ကိုယ့်ကို မတိုးတက်စေတော့တဲ့အလုပ် မလုပ်ဘူး

စီးပွားရေးလုပ်တဲ့ပထမ ရည်ရွယ်ချက်ကကိုယ်ပျော်တာကိုအချုပ်အချယ်မရှိ လုပ်နိုင်ဖို့။ နောက်တစ်ခုကကိုယ့်ကိုတိုးတက်အောင်လုပ်ပေးဖို့။ တတိယတစ်ချက်ကကိုယ်ရောက်ချင်တဲ့ အိမ်မက်ကိုတစ်ဆင့်ချင်းတွန်းပို့ပေးနိုင်အောင်လို့။ ဒါကြောင့် ကိုယ့်ကို မပျော်စေတော့တဲ့အလုပ်မလုပ်ဘူး။ကိုယ့်ကို မတိုးတက်စေတော့တဲ့အလုပ်မလုပ်ဘူး။ကိုယ်သွားနေတဲ့ လမ်းကြောင်းနဲ့သွေဖယ်စေတဲ့ အလုပ်မလုပ်တော့ပဲ လွဲပြောင်းပေးခဲ့တယ်။ ဘဝက တိုတိုလေး။ဒီသုံးချက်နဲ့ မကိုက်တဲ့အလုပ်မလုပ်သင့်ဘူးလို့ ကိုယ့်ဥပဒေသထဲထည့်ထားတယ်။​ Phyo Paing @ Derek

ကိုယ့်ကို မတိုးတက်စေတော့တဲ့အလုပ် မလုပ်ဘူး Read More »

မလုပ်သင့်တဲ့အလုပ်ကို လုပ်မိရင်

မရှုပ်သင့်တဲ့အရှုပ်ကို ရှုပ်မိတတ်တယ်။ စီးပွါးရေးတစ်ခုမှာ model မှားရင်မယ်တော်လဲ မကယ်နိုင်ဘူး။ တချို့ လွယ်လွယ်လုပ်လို့ရတဲ့ကိစ္စတွေကိုခက်ခက်ခဲခဲ လုပ်မိနေတတ်တယ်။ ဒါကိုတော့ အတွေ့အကြုံက သင်ပေမယ့်မှတ်ဥာဏ်က မေ့မေ့နေတတ်တယ်။ Phyo Paing @ Derek

မလုပ်သင့်တဲ့အလုပ်ကို လုပ်မိရင် Read More »