အရင်းမရှိတဲ့ လုပ်ငန်း
ဒီနေ့ခေတ်မှာ ငွေရေးကြေးရေးအရင်းအနှီးမထည့်ချင်ရင်အရင်းမရှိတဲ့ လုပ်ငန်းလုပ်။ Phyo Paing @ Derek
ဒီနေ့ခေတ်မှာ ငွေရေးကြေးရေးအရင်းအနှီးမထည့်ချင်ရင်အရင်းမရှိတဲ့ လုပ်ငန်းလုပ်။ Phyo Paing @ Derek
အတွေး၊ အကြံ၊ အလုပ်၊စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ။ဒီခြောက်ခုက အရေးအကြီးဆုံးခြောက်ခုပဲ။ ဘာတွေတွေးနေလဲ၊ဘာတွေ ကြံစည်နေလဲ၊ဘာတွေ လုပ်ဆောင်သလဲ။ ဘယ်လို စိတ်ထားသလဲ။ကိုယ်မလုပ်ဘူးဆိုတဲ့ အလုပ်၊ကိုယ်လုပ်မယ်ဆိုတဲ့ အလုပ်ကိုစည်းကမ်းဘယ်လောက် လိုက်နာလဲ။သတိနဲ့နေပြီး ကိုယ့်ကိုယ်ကိုအသိကြာလေ တိုးလေ ဖြစ်လာသလား။ ဒီခြောက်ခု။ Phyo Paing @ Derek
သစ်ခုတ်ဖို့ အချိန်ခြောက်နာရီရရင်လေးနာရီကို ပုဆိန်သွေးမယ်။ကျန်နှစ်နာရီကို ခုတ်မယ်တဲ့။ဒါ အားလုံးသိကြတဲ့ လင်ကွန်းပြောခဲ့တဲ့စကားလေး။ကိုယ့်လုပ်ငန်းအတွက် အိမ်စာလုပ်ဓားသွေးဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်လုပ်ငန်းအတွက် အိမ်စာလုပ် ဓားသွေးဖြစ်ဖို့လိုတယ်။ Read More »
စီးပွါးရေးလုပ်ရင်းကိုယ်က လုပ်ငန်းကိုမပိုင်ပဲ၊လုပ်ငန်းက ကိုယ့်ကိုပိုင်သွားတယ်။စီးပွါးရေးလုပ်တယ်ဆိုတာဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။ Phyo Paing @ Derek
ဘတ်တံနဲ့ ဘောလုံးက ၁၁၀၀၀ ကျပ်ကျတယ်။ဘတ်တံက ဘောလုံးထက် ၁၀၀၀၀ ကျပ်ပိုတယ်။ဘောလုံးစျေးနှုန်းက ဘယ်လောက်လဲ။အရမ်းလွယ်တယ်ဟုတ်။၁၀၀၀ ကျတာပေါ့လို့ဖြေလိမ့်မယ်။ ဒါက ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့Thinking fast and slow မှာBehavioral Economics Professor လဲဖြစ်စာရေးဆရာလဲဖြစ်တဲ့ Daniel Kahneman ကSystem I နဲ့ System IIအလုပ်လုပ်ပုံကိုရှင်းပြတဲ့ဥပမာလေးဖြစ်ပါတယ်။ ပုံမှန် အော်တိုမစ်တစ်ချလိုက်တဲ့ဆုံးဖြတ်ချက်တွေကို System I ကလုပ်ဆောင်တယ်။ တကယ်တွက်ချက်ပြီး ယုတ္တိကျကျသေချာစဉ်းစားရတာကိုSystem II က အလုပ်လုပ်တယ်။ တကယ့်အဖြေအမှန်ကဘတ်တံ + ဘောလုံး = ၁၁၀၀၀ ကျပ်ဘတ်တံ = ဘောလုံး + ၁၀၀၀၀ ကျပ် (ဘတ်တံက ဘောလုံးထက် ၁၀၀၀၀ ကျပ်ပိုများ) ဒါဆိုဘောလုံး + ၁၀၀၀၀ ကျပ် +
အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်တဲ့နည်းလမ်းတွေထဲကအသိပညာအခြေပြု လုပ်ငန်းလုပ်ငန်းကိုတည်ဆောက်ဖို့ အချက် သုံးချက် ၁။ လူမှုကွန်ယက်မှာ အမာခံပရိသတ်ရအောင်တည်ဆောက်။ ၂။ ဒီလိုတည်ဆောက်ဖို့ ပုံမှန် ကိုယ့် follower တွေအတွက် အကျိုးရှိစေပြီးကိုယ်စိတ်ဝင်စားတဲ့ စာ၊ ဗီဒီယိုနဲ့ ပုံတွေ တင်။ ၃။ ဝင်ငွေလမ်းကြောင်းတစ်ခုထက်ပိုထား-Youtube, Facebook က ကြော်ငြာကဝင်ငွေရစေနိုင်သလို-ကိုယ့်ရဲ့ အတွင်းလူတွေအတွက်ပဲ သီးသန့်ဖန်တီးထားတဲ့ content တွေရဲ့subscription တွေကနေရနိုင်တယ်။-ကုန်ပစ္စည်းတွေဖန်တီးပြီး Merchantization ကလဲဝင်နိုင်တယ်။-ဝန်ဆောင်မှုလုပ်ငန်းတွေကလဲဝင်နိုင်တယ်။ Phyo Paing @ Derek
အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်တဲ့နည်းလမ်းတွေထဲက Read More »
စီးပွားရေး လုပ်တဲ့အခါစီးပွားရေး ဆန်မှရမယ်။ အလှူအတန်းလုပ်တဲ့အခါသဒ္ဒါစိတ်နဲ့ အလှူအတန်းဆန်မှရမယ်။ စီးပွားရေးဆန်တယ်ဆိုတာ ကိုယ့်ဦးစားပေးဖောက်သည်ရဲ့ လိုချင်တာ၊ လိုအပ်တာကိုဖြည့်ဆည်းပေးရင်းနှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိအောင်လုပ်တာ။ စီးပွားရေးလုပ်ပြီး စေတနာမပါတာလို့ပြောတဲ့အခါစျေးသက်သာတဲ့ Budget airline စီးတဲ့အခါ စျေးသက်သာတဲ့အရည်အသွေးပဲရမှာပဲ။ ဇိမ်ခံအရည်အသွေးမြင့်လေကြောင်းစီးရင်သူနဲ့တူတဲ့ အရည်အသွေးရမှာပဲ။ ယူတာနဲ့ တန်းတူပြန်မပေးနိုင်ရင်၊တန်ဖိုးပိုပြန်မပေးနိုင်ရင် ဘယ်လုပ်ငန်းမှ တာရှည်မခံဘူး။ စီးပွားရေးလုပ်တဲ့အခါ စီးပွားရေး ဆန်မှရမယ်လို့ထင်တယ်။ မှန်ကန်တဲ့ မျှော်မှန်းချက်ထားဖို့လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek
၁။ ကိုယ်ချမှတ်ထားတဲ့ စည်းကမ်းကိုယ်လိုက်နာရမယ်။ ၂။ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ရှိရမယ်။ ၃။ လုပ်ရပ်တိုင်းက ရည်မှန်းချက်ရောက်ဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ရမယ်။ ၄။ ဆုံးဖြတ်ချက်ကို ရဲရဲချရဲရမယ်။ ချီတုန်ချတုန်ဖြစ်မနေနဲ့။ ၅။ ကိုယ်လုပ်တဲ့အလုပ်ကိုချစ်မြတ်နိုးရမယ်။ ၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရမယ်။ ၇။ ဝေဖန်မှုတွေကို စိတ်ပိုင်းဆိုင်ရာအရ ကိုင်သွယ်နိုင်ရမယ်။ ၈။ ကိုယ့်စိတ်ကို နိုင်ရမယ်။ ၉။ ဒူပေဒါပေခံရမယ်။ ၁၀။ ချမ်းသာကြွယ်ဝမှုစစ်စစ်ကိုတည်ဆောက်ရမယ်။ ၁၁။ ကိုယ့်ကို အထောက်အပံ့ပြုမယ့်လူတွေနဲ့ ဝန်းရံရမယ်။ ၁၂။ အောင်စိတ်လိုတယ်။ အောင်စိတ်ဆိုတာ ကျဆုံးတာကိုခံရဲတာ။အောင်စိတ်ဆိုတာ အကောင်အထည်ဖော်ရဲတာ။အောင်စိတ်ဆိုတာ အလုပ်မဖြစ်တာကနေ သင်ခန်းစာယူပြီးအလုပ်ဖြစ်တာကို ဆက်လုပ်တာ။ အောင်စိတ်ဆိုတာ မလိုချင်တာ ဘူတာတွေပဲစဥ်းစားမနေပဲ၊လိုချင်တာတွေကိုအဓိကစဥ်းစားလုပ်ဆောင်တာ။ The 12-factors of business success စာအုပ်ကKEVIN HOGAN, DAVE LAKHANI, MOLLIE MARTI
ပိုက်ဆံရှာဖို့ ပိုက်ဆံနဲ့နီးရမယ်။ပိုက်ဆံနဲ့ နီးဖို့ လူတွေနဲ့ နီးရမယ်။လူတွေနဲ့ နီးဖို့ ကိုယ့်လုပ်ငန်းကိုလူတွေသိအောင်လုပ်ရတယ်။နောက်လူတွေ ယုံကြည်အောင်သက်သေပြရတယ်။ လူတွေ သိ လူတွေ ယုံကြည်အောင်လုပ်တာကိုမားကတ်တင်းလို့ အကြမ်းအဓိပ္ပာယ်ဖွင့်လို့ရတယ်။ ဘယ်သူတွေကို သိအောင်လုပ်မလဲ။ဥပမာ $1 million ရှာမယ်ဆိုပါတော့။$1 x 1000000 = $1 million$10 x 100000 = $1 million$100 x 10000 = $1 million$1000 x 1000 = $1 million$10000 x 100 = $1 million$100000 x 10 = $1 million$1000000 x 1 =$1 million ဘယ်လိုပုံစံမျိုးနဲ့ ငွေရှာမလဲ။စနစ်တစ်ခုချပြီးစျေးပေါတာကို လူအများအများကြီးကိုရောင်းမလား၊စျေးကြီးတာကို