Dr. Phyo Paing

https://yec.company

သင်ခန်းစာယူတတ်တဲ့သူပဲ
တကယ်တိုးတက်တာ။

အောင်မြင်မှုကကိုယ်လုပ်တာ မှန်တယ်လို့ထင်စေတတ်တယ်။ ကျရှုံးမှုကတော့ကိုယ်ဘာမှားနေလဲဆိုတာပြန်စဉ်းစားစေတယ်။ ဒါကြောင့်အောင်မြင်တိုင်း မတိုးတက်ဘူး။ကျရှုံးတိုင်းလည်း မဆုံးရှုံးဘူး။ သင်ခန်းစာယူတတ်တဲ့သူပဲတကယ်တိုးတက်တာ။ Phyo Paing @ Derek

သင်ခန်းစာယူတတ်တဲ့သူပဲ
တကယ်တိုးတက်တာ။
Read More »

လွတ်လပ်မှုဆိုတာ

လွတ်လပ်မှုဆိုတာလုပ်ချင်တာ အကုန်လုပ်ရတာ မဟုတ်ဘူး။ မလုပ်ရလည်းစိတ်ထဲမှာ အေးချမ်းနေတာ။ တစ်ခုခု ရမှ ပျော်မယ်။တစ်နေရာရာ ရောက်မှ ငြိမ်မယ်ဆိုရင်ကိုယ်က အဲ့ဒီအရာတွေရဲ့အကျဉ်းသား ဖြစ်နေပြီ။ Phyo Paing @ Derek

လွတ်လပ်မှုဆိုတာ Read More »

ဒီသုံးခုပြောင်းရင်

ဘဝရဲ့ ကံကိုပြောင်းချင်ရင်တွေ့တဲ့လူ၊နေတဲ့နေရာ၊ခေါင်းထဲထည့်တဲ့အိုင်ဒီယာကိုပြောင်း။ ဒီသုံးခုပြောင်းရင်အမြင်ပြောင်း၊ခံစားချက်ပြောင်း၊လုပ်ရပ်ပြောင်းပြီးကံပြောင်းတယ်။ Phyo Paing @ Derek

ဒီသုံးခုပြောင်းရင် Read More »

ဘဝမှာ အခက်အခဲဆုံး
ကျော်လွှားရတာတစ်ခုက
ကိုယ့်ကိုကိုယ် ဝေဖန်တာ။

ဘဝမှာ အခက်အခဲဆုံးကျော်လွှားရတာတစ်ခုကကိုယ့်ကိုကိုယ် ဝေဖန်တာ။ တစ်သက်လုံးဝေဖန်ခံခဲ့ရတဲ့အတိတ်ကို မေ့ပြီးကိုယ့်ကိုကိုယ် self-esteem မြင့်ယုံကြည်မှုတည်ဆောက်ဖို့ တော်တော်ပြန်ကြိုးစားယူရတယ်။ လူတွေနဲ့စကားပြောပြီးတိုင်းငါမှားသွားပြီလား ကိုယ့်ကိုကိုယ် ဝေဖန်အပြစ်တင်စိတ်။ တစ်ခုခုဆို သူတပါးထက်ကိုယ့်ကိုကိုယ် အပြင်တင်လိုစိတ်ကတော်တော် ဆိုးကျိုးပေးတယ်။ ကိုယ့်အလှည့်သားသမီးတွေကို ဆုံးမတဲ့အခါအပြစ်တင်တာမျိုးမဟုတ်ပဲအပြုသဘောဆောင်ပြီးself-esteem ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးတတ်ဖို့ယုံကြည်တတ်ဖို့ အမြဲကြိုးစားဖြစ်တယ်။ Phyo Paing @ Derek

ဘဝမှာ အခက်အခဲဆုံး
ကျော်လွှားရတာတစ်ခုက
ကိုယ့်ကိုကိုယ် ဝေဖန်တာ။
Read More »

ဘဝမှာ သေချာမှုကို ရှာနေတာထက်
မသေချာမှုနဲ့ နေတတ်ဖို့က ပိုအရေးကြီးတယ်။

သေချာမှ လုပ်မယ်ဆိုရင်ဘယ်တော့မှ စဖြစ်မှာ မဟုတ်ဘူး။ ဘဝမှာ ဘာမှ မသေချာဘူး။ ဒီနေ့ မှန်တဲ့ ဆုံးဖြတ်ချက်ကမနက်ဖြန် မှားသွားနိုင်တယ်။ ဒီနေ့ အလုပ်ဖြစ်တဲ့ နည်းလမ်းကနောက်နှစ် အလုပ်မဖြစ်တော့တာမျိုး ရှိတယ်။ အနိစ္စဆိုတာ ဒါပဲ။အရာရာ ပြောင်းလဲနေတယ်။ ပြောင်းလဲနေတဲ့ လောကကြီးမှာမပြောင်းလဲမယ့် အဖြေကို လိုက်ရှာနေရင်အချိန်ပဲ ကုန်သွားမယ်။ ကျွန်တော်တို့ လိုအပ်တာသေချာမှု မဟုတ်ဘူး။ရှင်းလင်းမှု။ ဘာလိုချင်လဲ သိဖို့လိုတယ်။ဘာလုပ်နိုင်လဲ သိဖို့လိုတယ်။ဘာကို မသိသေးလဲ သိဖို့လိုတယ်။ အားလုံးသိမှ စလုပ်ရတာ မဟုတ်ဘူး။သိသလောက်နဲ့ စလုပ်။လုပ်ရင်း သင်ယူ။သိလာတာနဲ့ ပြန်ပြင်။ မသေချာတာကို လက်ခံတယ်ဆိုတာမစဉ်းစားဘဲ လုပ်တာ မဟုတ်ဘူး။ သေချာအောင် စဉ်းစားတယ်။ဒါပေမဲ့ ၁၀၀ ရာခိုင်နှုန်း သေချာဖို့ မစောင့်ဘူး။ ဘဝမှာ သေချာမှုကို ရှာနေတာထက်မသေချာမှုနဲ့ နေတတ်ဖို့က ပိုအရေးကြီးတယ်။ Phyo Paing

ဘဝမှာ သေချာမှုကို ရှာနေတာထက်
မသေချာမှုနဲ့ နေတတ်ဖို့က ပိုအရေးကြီးတယ်။
Read More »

ဘဝမှာ ဖြစ်ပျက်တာတွေကို
အမြဲတမ်း ရွေးချယ်လို့ မရဘူး။

လူတွေကအခြေအနေတွေ ပြောင်းလဲသွားရင်ပျော်ရွှင်လာမယ်လို့ ထင်ကြတယ်။ ပိုက်ဆံပိုရှိရင်၊အလုပ်ပိုကောင်းရင်၊လူတွေ ကိုယ့်ကို နားလည်ပေးရင်ဘဝက ပိုကောင်းလာမယ်လို့ ထင်ကြတယ်။ ဒါပေမဲ့တစ်ခါတလေပြောင်းလဲဖို့ လိုနေတာအခြေအနေ မဟုတ်ဘူး။ အခြေအနေကိုကိုယ်မြင်နေတဲ့ အမြင်ပဲ။ ပြဿနာလို့ မြင်ရင်စိတ်ပင်ပန်းရမယ်။ သင်ခန်းစာလို့ မြင်ရင်တစ်ခုခု သင်ယူနိုင်မယ်။ အဖြစ်အပျက်တစ်ခုတည်းကလူတစ်ယောက်ကို ဖျက်ဆီးနိုင်သလိုနောက်တစ်ယောက်ကိုလည်းပိုသန်မာလာစေနိုင်တယ်။ ဘဝမှာ ဖြစ်ပျက်တာတွေကိုအမြဲတမ်း ရွေးချယ်လို့ မရဘူး။ ဒါပေမဲ့အဲဒီအရာတွေကိုဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာကိုယ်ရွေးချယ်လို့ ရတယ်။ အမြင်ပြောင်းတာနဲ့လောကကြီး မပြောင်းသွားပေမဲ့ကိုယ်တွေ့ကြုံနေရတဲ့ လောကကပြောင်းလဲသွားနိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ ဖြစ်ပျက်တာတွေကို
အမြဲတမ်း ရွေးချယ်လို့ မရဘူး။
Read More »

ခံစားချက်ဆိုတာ
ကိုယ့်ဆီကို ရောက်လာတဲ့
ဧည့်သည်တွေပဲ။

စိတ်ဆိုးတိုင်းတုံ့ပြန်ဖို့ မလိုဘူး။ ဝမ်းနည်းတိုင်းဆုံးဖြတ်ချက်ချဖို့ မလိုဘူး။ ကြောက်တိုင်းနောက်ဆုတ်ဖို့ မလိုဘူး။ ခံစားချက်ဆိုတာကိုယ့်ဆီကို ရောက်လာတဲ့ဧည့်သည်တွေပဲ။ ဧည့်သည်တိုင်းကိုအိမ်ရှင်နေရာ ပေးစရာ မလိုဘူး။ စိတ်သန်မာတယ်ဆိုတာဘာမှ မခံစားရတော့တာ မဟုတ်ဘူး။ ခံစားနေရတာကို သိပြီးဘာလုပ်မလဲဆိုတာကိုယ်တိုင် ရွေးချယ်နိုင်တာ။ Phyo Paing @ Derek

ခံစားချက်ဆိုတာ
ကိုယ့်ဆီကို ရောက်လာတဲ့
ဧည့်သည်တွေပဲ။
Read More »

အတွေး၊ အကြံ၊ အလုပ်ကို ဂရုစိုက်။

စကားလုံးတွေမှာ ပါဝါရှိတယ်။ စကားလုံးတွေက မနောကံနဲ့ ဝစီကံဖြစ်စေပြီးကာယကံကိုလဲ နှိုးဆွတယ်။ ကောင်းမွန်းတဲ့ဘဝ တည်ဆောက်ဖို့ကိုယ်တိုင်ပြောနေတဲ့စကားလုံးတွေကို ပြန်ပြီး ဂရုစိုက်ရတယ်။ ကိုယ့်ရဲ့ ပါဆန်နယ် ပြောနေကျစကားလုံးတွေက ဘာတွေလဲ။ ကာယကံ၊ ဝစီကံ၊ မနောကံကိုကောင်းတဲ့နည်းနဲ့ နှိုးဆွပေးတဲ့စကားလုံးလား။ ကံခေစေမည့် စကားလုံးလား။ ကိုယ့်ဘဝ၊ ကိုယ့်ကံ၊ အတွေး၊ အကြံ၊ အလုပ်နဲ့ပဲဖိတ်ခေါ်တတ်ကြတယ်။ ကံခေတဲ့ဘဝက လွတ်ဖို့ကာယကံ၊ ဝစီကံ၊ မနောကံကိုဂရုစိုက်ပြင်။ ဒါကို ပြင်ဖို့ အတွေး၊ အကြံ၊ အလုပ်ကို ဂရုစိုက်။ Phyo Paing @ Derek

အတွေး၊ အကြံ၊ အလုပ်ကို ဂရုစိုက်။ Read More »

အရင်းအနှီးနည်းနည်းနဲ့ စတင်လို့ရမည့်SCALE Business Model

မသေချာ မရေရာတဲ့ဒီနေ့ခေတ် လုပ်ငန်းစတင်မယ်ဆိုအရင်းအနှီးနည်းနည်းနဲ့ စတင်လို့ရမည့်SCALE Business Model ကိုအသုံးပြုဒီအဆင့် ၆ ဆင့်နဲ့ စတင်ပါ။အသေးစိတ်ကို Youtube မှာ နှစ်နာရီစာသင်ခန်းစာတင်ထားပေးပါတယ်။ 👇 Phyo Paing @ Derek

အရင်းအနှီးနည်းနည်းနဲ့ စတင်လို့ရမည့်SCALE Business Model Read More »

ကိုယ့်ကိုကိုယ်တော့ ဆုလဒ်လို့အမြဲယုံကြည်ထားတယ်။

ကိုယ့်ကိုကိုယ်တော့ ဆုလဒ်လို့အမြဲယုံကြည်ထားတယ်။ ကိုယ်နဲ့သိတဲ့သူတွေကိုလဲကိုယ့်အသိပညာ၊ အတတ်ပညာစွမ်းသလောက်အကုန်ကူညီပေးတယ်။ ကိုယ်ချစ်တဲ့သူတွေကိုကာကွယ်ပေးတယ်။တာဝန်ယူတယ်။ ကိုယ်နဲ့သိလို့ ဆိုးကျိုးဖြစ်သွားတာမရှိအောင်အမြဲဂရုစိုက်သလိုတွေ့တိုင်းလဲ တိုးတက်အောင်ကူညီတယ်။ ဘဝကိုတော့ ဒီလိုပဲဖြတ်သန်းတယ်။​မိဘ၊ မောင်နှမ၊ သားသမီး၊​သမီးရည်းစားလင်မယား၊လုပ်ငန်းပါတနာ၊ကိုယ့်ဆီဝယ်တဲ့သူ၊ဝန်ထမ်း၊ အသိမိတ်ဆွေ၊ကိုယ်ကျင်လည်ရာပတ်ဝန်းကျင် အကုန်တူတူပဲ။ ကိုယ့်ကိုကိုယ်တော့ ဆုလဒ်လို့ပဲအမြဲစဥ်းစားတယ်။ Phyo Paing @ Derek drphyopaing

ကိုယ့်ကိုကိုယ်တော့ ဆုလဒ်လို့အမြဲယုံကြည်ထားတယ်။ Read More »