April 2023

စွန့်လွတ်အနစ်နာခံခြင်းတွေက
ဘဝ အဓိပ္ပာယ်ရှိတယ်။

ကိုယ့်မိသားစုအတွက်သားအကြီးဖြစ်တဲ့အတွက်ခါးဆီးခံပြီး အိမ်တာဝန်ထမ်းတာ။သားသမီးတွေအတွက်ဘဝကို စွန့်လွတ်လိုက်တာ။ နိိုင်ငံအတွက် ကိုယ့်ဘဝရဲ့အကောင်းဆုံးအချိန်တွေကိုစတေးလိုက်တာ။ဒုက္ခထဲမှာ ဘဝအဓိပ္ပာယ်ရှိတယ်။ဒါကို meaning from suffering လို့ခေါ်တယ်။ လီကွန်းယူက သူလုပ်ချင်တဲ့ရှေ့နေအလုပ်ကို စွန့်လွတ်ပြီးသူ့လူတွေအတွက် နိုင်ငံရေးသမားလုပ်ရမယ်ဆိုပြီးဘဝတစ်ခုလုံးမြုပ်နှံခဲ့တယ်။ အလားတူပဲ။ ဘဝမှာ စွန့်လွတ်အနစ်နာခံခြင်းတွေကဘဝ အဓိပ္ပာယ်ရှိတယ်။ Phyo Paing @ Derek

စွန့်လွတ်အနစ်နာခံခြင်းတွေက
ဘဝ အဓိပ္ပာယ်ရှိတယ်။
Read More »

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း
တည်ဆောက်ဖို့ အရေးအကြီးဆုံး

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ အရေးအကြီးဆုံးစကားလုံးတစ်လုံးက “Productize” ပဲဖြစ်တယ်။ ကိုယ်က ရှမ်းခေါ်ကဆွဲပဲရောင်းရောင်း၊ အကင်ဆိုင်ပဲဖွင့်ဖွင့်၊ logo ဆွဲတာပဲလုပ်လုပ်စနစ်ချမယ်ဆိုရင် ကိုယ့်လုပ်ငန်းကို ကုန်ပစ္စည်းတစ်ခုလိုဖြစ်အောင် “Productize” လုပ်ဖို့လိုတယ်။ ဒီိလို “Productize” လုပ်မှ လုပ်ငန်းတစ်ခုကနေ တစ်ခု Copy & Paste လုပ်ဖို့လွယ်သွားမယ်။ချဲ့ရထွင်ရလွယ်သွားမယ်။ ကိုယ်မပါပဲ လည်ပတ်လို့ရသွားမယ်။ လုပ်ငန်းတစ်ခုကို “Productize” လုပ်ဖို့ကိုယ့်ရဲ့ လုပ်ငန်းစဥ် “Process” တွေကိုချရေးပြီး လွယ်ကူအောင်လုပ်ဖို့လိုတယ်။ ကိုယ်ရောင်းနေတဲ့ ကုန်ပစ္စည်း၊ စျေးနှုန်းတွေကိုလွန်ကူရိုးရှင်းအောင် “Plan” လုပ်ဖို့လိုတယ်။ အလွယ်ကူဆုံးနည်းလမ်းကတော့ ရောင်းတဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုကန့်သတ်လိုက်တာဖြစ်တယ်။ KFC ဆိုရင် ရောင်းနေတဲ့အမည်များမယ်ထင်တတ်ကြတယ်။တကယ်တမ်းအဓိက ရောင်းတာ ကြက်ကြော်။ဒါကို item အများကြီးရတဲ့ပုံဖြစ်အောင်ထမင်းနဲ့တွဲ၊ အာလူးကြော်နဲ့တွဲ၊ ကိုကာကိုလာနဲ့ ပေါင်းတယ်။ McDonald တို့လို Franchise တွေကလဲ“Productize” လုပ်ထားတဲ့

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း
တည်ဆောက်ဖို့ အရေးအကြီးဆုံး
Read More »

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။

ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ်ပိရမစ်ကို တစ်ယောက်တည်းတည်ဆောက်လို့မရဘူး။မဟာတံတိုင်းကို တစ်ယောက်တည်းတည်ဆောက်လို့မရဘူး။ဘယ်ကြီးကျယ်တဲ့အရာမှ တစ်ယောက်တည်းလုပ်လို့မလွယ်ဘူး။စီရိုနာဒို ဘယ်လောက်တော်တော်တစ်ယောက်တည်း တစ်သင်းလုပ်လို့မရနိုင်ဘူး။ Leverage ကုတ်အား ကန်အားလိုတယ်။ဒါကြောင့် တချို့ ကျောင်းတုန်းက အဆင့်တစ်ရပြီးမွဲနေတာ လူတွေကို မခိုင်းတတ်လို့။ Leverage ယူ အသုံးချလို့ရတဲ့အရာတွေမှာ၁။ လူတွေရဲ့ အချိန်၊ ကျွမ်းကျင်မှု၂။ ငွေ၃။ နည်းပညာ၄။ နည်းစနစ် အစရှိတာတွေပါတယ်။ ဒါတွေကို ခိုင်းစေဖို့စီမံခန့်ခွဲမှုကို သေချာတတ်ဖို့လိုတယ်။ ကျွန်တော် လူတွေကို စီမံခန့်ခွဲမှုလုပ်ရတာကို အသေမုန်းတယ်။စိတ်လုံးဝ ရှည်လေ့မရှိခဲ့ဘူး။ကိုယ်သွားတဲ့ နှုန်းကိုမလိုက်နိုင်ဘူးဆိုပြီးခဏခဏစဉ်းစားခဲ့ဖူးတယ်။ နောက်ပိုင်းပြန်စဉ်းစားကြည့်တယ်။နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး။Leverage ကို အသုံးချဖို့လူတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဘယ်လိုဦးဆောင်ပြီး အကောင်ထည်ဖော်ချင်တာတွေကိုဖြစ်အောင်လုပ်မလဲ သိဖို့လိုတယ်။ ဒါနဲ့ စီးပွါးစီမံကို လေ့လာခဲ့မိတယ်။၂၀၁၃ ကစလို့ Marketing Managementမားကတ်တင်းစီမံခန့်ခွဲမှုကိုBusiness School တစ်ခုမှာ သင်ရင်းနဲ့ပေါ့။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
Read More »

ဘဝမှာ အရေးအကြီးဆုံးက
ကိုယ့်ရဲ့ “Best Version”
အကောင်းဆုံးပုံစံဖြစ်ဖို့ပဲ။

ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ခံစားမှုရေးရာ၊ ပညာရေး။ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံဖြစ်ဖို့ ကိုယ်ဘာကို ထိန်းချုပ်လို့ရလဲ၊ ဘာကို ထိန်းချုပ်လို့မရဘူးလဲ သိရမယ်။ ထိန်းချုပ်လို့ရတာကိုပဲ ထိန်းချုပ်။ ထိန်းချုပ်လို့မရတာတွေကို စဥ်းစားတွေးပူပြီး ဗျာများမနေနဲ့။ ကိုယ့်ကိုကိုယ် အထိန်းအကွပ်ထား။ self-control ရှိဖို့လိုတယ်။ ကိုယ့်ကိုကိုယ် အမြဲအလိုမလိုက်နဲ့။ လုပ်ချင်ပြီး မလုပ်သင့်တာကို မလုပ်ပဲ နေနိုင်အောင် နေကြည့်။ စည်းကမ်းရှိဖို့လိုတယ်။ discipline အရေးကြီးတယ်။ စည်းကမ်းသည် လူ၏တန်ဖိုးဆိုတာမှန်တယ်။ကိုယ်သတ်မှတ်ထားတဲ့အရာတွေကိုမဖြစ်ဖြစ်အောင် လုပ်။ ဘဝကို အရမ်းမသာယာနဲ့။ easy life ထက် meaningful life ဖြစ်ဖို့ပိုအရေးကြီးတယ်။ ဒါကြောင့် planned suffering လို့ခေါ်တဲ့ကိုယ့်ကို သက်သောင့်သက်သာမရှိစေတဲ့အရာတွေကို ရံဖန်ရံခါ သို့ နေ့စဥ်လုပ်ပေး။ cardio ဆော့ပြီး အရမ်းမောတဲ့ခံစားချက်တို့။ လူတွေ ငြင်းပယ်တာကို ခံနိုင်ဖို့

ဘဝမှာ အရေးအကြီးဆုံးက
ကိုယ့်ရဲ့ “Best Version”
အကောင်းဆုံးပုံစံဖြစ်ဖို့ပဲ။
Read More »

လူတွေပြောတာကို မယုံဘူး။
လူတွေ လုပ်ပြတာကိုပဲ ယုံတယ်။

စာဖတ်ပြီး ပြောပြဖို့လွယ်တယ်။တကယ်အလုပ်လုပ် စမ်းသပ်မှုတွေလုပ်ပြီးပြောပြဖို့သာ ခက်တာ။ ဒါကြောင့် ဒီနောက်ပိုင်း စာဖတ်ပြီးသင်တဲ့ဆရာတွေထက်တကယ်လက်တွေ့ ကျင့်သုံးပြီးသင်တဲ့practitioner တွေဆီကပဲ လေ့လာဖြစ်တယ်။ စွန့်ဦးတီထွင်အကြောင်းသင်ပြီးဘာလုပ်ငန်းမှ မယ်မယ်ရရမလုပ်ဖူးတဲ့ဆရာဆီက လေ့လာပြီး ဘာတတ်မလဲ။ မားကတ်တင်းသင်ပြီးဘာအမှတ်တံဆိပ်တစ်ခုမှ မဖောက်ဖူးတဲ့သူဘာ campaign မှာ အောင်အောင်မြင်မြင်မလုပ်ဖူးတဲ့သူ ဆီသင်လို့ ဘာတတ်မလဲ။ ငွေကြေးဆိုင်တာ တန်ဖိုးဖြတ်သူအကြံပေးသူလုပ်ပြီး ဘာ deal မှာဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင်မလုပ်ဖူးတဲ့သူ။ App တစ်ခု၊ Website တစ်ခုDigital Product Management တွေသင်ပြီးဘာနည်းပညာကုန်ပစ္စည်းတစ်ခုမှ မထုတ်ဖူးတဲ့သူ။ မန်းနေ့မန့်သင်ပြီး လူပေါင်း ၁၀၀ လောက်ကိုမှစီမံမခန့်ခွဲဖူးတဲ့သူ။ဒါတွေကို သတိပြုမိဖို့လိုတယ်။ ဒါကြောင့် စာထဲမှာပါတာ ပြန်ဖတ်ပြတဲ့“ပါတာဖတ်” တွေကို ရှောင်ဖို့လိုတယ်။ New Next University မှာလဲ”ပါတာဖတ်” တွေ မရှိပဲPractitioner တွေနဲ့ပဲ သင်ကြားဖို့ဦးဆောင်သူတွေနဲ့ တိုင်ပင်ထားတယ်။ Phyo Paing

လူတွေပြောတာကို မယုံဘူး။
လူတွေ လုပ်ပြတာကိုပဲ ယုံတယ်။
Read More »

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။

ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ်ပိရမစ်ကို တစ်ယောက်တည်းတည်ဆောက်လို့မရဘူး။မဟာတံတိုင်းကို တစ်ယောက်တည်းတည်ဆောက်လို့မရဘူး။ဘယ်ကြီးကျယ်တဲ့အရာမှ တစ်ယောက်တည်းလုပ်လို့မလွယ်ဘူး။စီရိုနာဒို ဘယ်လောက်တော်တော်တစ်ယောက်တည်း တစ်သင်းလုပ်လို့မရနိုင်ဘူး။ Leverage ကုတ်အား ကန်အားလိုတယ်။ဒါကြောင့် တချို့ ကျောင်းတုန်းက အဆင့်တစ်ရပြီးမွဲနေတာ လူတွေကို မခိုင်းတတ်လို့။ Leverage ယူ အသုံးချလို့ရတဲ့အရာတွေမှာ၁။ လူတွေရဲ့ အချိန်၊ ကျွမ်းကျင်မှု၂။ ငွေ၃။ နည်းပညာ၄။ နည်းစနစ် အစရှိတာတွေပါတယ်။ ဒါတွေကို ခိုင်းစေဖို့စီမံခန့်ခွဲမှုကို သေချာတတ်ဖို့လိုတယ်။ ကျွန်တော် လူတွေကို စီမံခန့်ခွဲမှုလုပ်ရတာကို အသေမုန်းတယ်။စိတ်လုံးဝ ရှည်လေ့မရှိခဲ့ဘူး။ကိုယ်သွားတဲ့ နှုန်းကိုမလိုက်နိုင်ဘူးဆိုပြီးခဏခဏစဉ်းစားခဲ့ဖူးတယ်။ နောက်ပိုင်းပြန်စဉ်းစားကြည့်တယ်။နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး။Leverage ကို အသုံးချဖို့လူတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဘယ်လိုဦးဆောင်ပြီး အကောင်ထည်ဖော်ချင်တာတွေကိုဖြစ်အောင်လုပ်မလဲ သိဖို့လိုတယ်။ ဒါနဲ့ စီးပွါးစီမံကို လေ့လာခဲ့မိတယ်။၂၀၁၃ ကစလို့ Marketing Managementမားကတ်တင်းစီမံခန့်ခွဲမှုကိုBusiness School တစ်ခုမှာ သင်ရင်းနဲ့ပေါ့။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ Phyo Paing @ Derek

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
Read More »

ဒါကို scalability လို့ခေါ်တယ်။

လူတွေ သန်းပေါင်းများစွာအသုံးပြုနေတဲ့ product တွေကြည့်ကြည့်ဘယ်လောက်မိုက်သလဲ။ အရင်ကဆို ဒီလို ကုန်ပစ္စည်းတွေထုတ်ဖို့ စက်ရုံကြီးတွေနဲ့ လူထောင်၊ သောင်းပေါင်းများစွာလိုတယ်။ ဒီနေ့လို နည်းပညာခေတ်မှာ လူဆယ်ဂဏန်းနဲ့ တချို့ဆို လူဆယ်ယောက်အောက်နဲ့လူသန်းပေါင်းများစွာအသုံးပြုတဲ့ နည်းပညာ ကုန်ပစ္စည်းတွေ ထုတ်လို့ရလာတယ်။ တချို့ နည်းပညာကုန်ပစ္စည်းတွေက လူသားတွေရဲ့ ဘဝမှာ မရှိမဖြစ်မသုံးမဖြစ်တွေ ဖြစ်လာတယ်။ အမြင်သာဆုံး မြန်မာပြည်မှာဆို Grab နဲ့ Foodpanda ပေါ့။ နောက်တစ်ခုက social media လူသန်းပေါင်းများစွာဆီ ကိုယ်ပေးချင်တဲ့message သတင်း ရောက်ဖို့ အရင်လို သတင်းစာတိုက်တွေ၊TV ကပြဖို့တွေ စောင့်နေစရာမလိုတော့ဘူး။ ကိုယ့် video တစ်ခု၊ စာတစ်ကြောင်းက လူသန်းပေါင်းများစွာဆီကို အခမဲ့ ဖြန့်ဖြူးနိုင်တဲ့ အချိန်ဖြစ်သွားတယ်။ စဥ်းစားကြည့်ကြည့် ကိုယ်ရေးတဲ့စာကို လူသန်းပေါင်းများစွာဆီရောက်အောင်လုပ်နိုင်တဲ့ခံစားချက်။ ကိုယ်ဖန်တီးလိုက်တဲ့ ဒီဂျစ်တယ်ထုတ်ကုန်တစ်ခုကလူသန်းပေါင်းများစွာအသုံးပြုနေတဲ့ခံစားချက်။ ဒါကို

ဒါကို scalability လို့ခေါ်တယ်။ Read More »

ဒီမဟာဗျူဟာကို love strategy
အချစ်ဗျူဟာလို့ခေါ်တယ်

ငယ်ငယ် မိခင်ဝမ်းဗိုက်ထဲမှာကိုးလလောက်နေခဲ့ရပြီးလောကကြီးထဲ ကန်ထုတ်ခံရတဲ့အခါအော်ငိုပြီး လောကကြီးထဲရောက်လာတယ်။ လူတွေ ကိုယ့်ကိုဆက်ဆံတဲ့ပုံကြည့်ပြီးဘယ်သူက အဖေ၊ဘယ်သူက အမေ။လူတွေကို သုံးသပ်ကြည့်ပြီးလူတွေနဲ့အဆင်ပြေအောင်ခံစားမှုတွေ၊ တန်ဖိုးထားမှုတွေ၊ယုံကြည်မှုတွေ၊ အမူအရာတွေဖြစ်လာတယ်။ လူတိုင်းက မိခင်ဝမ်းဗိုက်ထဲကထွက်လာပြီးတဲ့နောက် သူ့ရဲ့အရင်းနှီးဆုံးလူရှိတယ်။အဲ့ဒီသူဆီကနေ emotional home ကိုရှာတယ်။ဒီ emotional home နဲ့ ဆက်သွယ်ဖို့မဟာဗျူဟာလိုတယ်။ဒီမဟာဗျူဟာကို love strategyအချစ်ဗျူဟာလို့ခေါ်တယ်။ တချို့က အဖေကို ပိုချစ်တယ်။တချို့က အမေကို ပိုချစ်တယ်။တချို့က အဖိုး၊ အဖွား။ သူတို့ရဲ့အချစ်ကို ရဖို့ ကြိုးစားအားထုတ်မှုတွေပြုလုပ်ရတယ်။တချို့က အမေစကားနားထောင်ရတယ်။​တချို့က အမေ့အပေါ်နွဲ့ဆိုးဆိုးမှအမေ့ရဲ့ အာရုံစိုက်မှုရတယ်။တချို့က ဆိုးသွမ်းပေတေမှ။တချို့ က မိဘပြောတဲ့ တလွဲလုပ်မှ။ဒီပေါ်မူတည်ပြီးတချို့က သမီးလိမ္မာ၊သားလိမ္မာဖြစ်သွားတယ်။ တချို့သူတွေက လူမိုက်ဆိုတဲ့ခေါင်းစဥ်နဲ့ ရှင်သန်တယ်။ သမီးရည်းစားထားတဲ့အခါလဲအလားတူပဲကိုယ်အချစ်ဆုံး အဖေ၊ အမေနဲ့ပုံစံတူတဲ့ emotional home ပေးနိုင်တဲ့သူများကို အဓိကရှာတယ်။တချို့က ကိုယ့်ကိုဘာဖြစ်ဖြစ်ချစ်တဲ့သူ။​တချို့က ကိုယ့်ကို စိန်ခေါ်တဲ့သူ။တချို့က ကိုယ့်က

ဒီမဟာဗျူဟာကို love strategy
အချစ်ဗျူဟာလို့ခေါ်တယ်
Read More »

ဒီလိုအချိန်ကို SEE လို့ခေါ်တယ်

ကိုယ့်ဘဝရဲ့ အကြေကွဲဆုံးအချိန်ကိုစဥ်းစားကြည့်လိုက်။အဲ့အချိန်က ကိုယ့်ဘဝကိုအပြောင်းအလဲ လုပ်ပေးတဲ့လူတစ်ယောက်နဲ့ ဆိုင်တယ်။ဘဝမှာ သေရာပါတဲ့ ဒဏ်ရာဆိုတာအဲ့ကနေလာတယ်။ဒီလိုအချိန်ကို SEE လို့ခေါ်တယ်။Significant Emotional Eventဒီအချိန်တွေက လူတွေကိုအပြောင်းအလဲ အကြီးအကျယ်ဖြစ်စေတယ်။ Phyo Paing @ Derek

ဒီလိုအချိန်ကို SEE လို့ခေါ်တယ် Read More »

ကိုယ့်ကိုကိုယ် လွတ်လပ်ခွင့်ပေးကြည့်ပါ

လူတချို့က ငယ်ငယ်တုန်းကလဲပင်ပင်ပန်းပန်းနဲ့ မလုပ်ချင်တဲ့အလုပ်တွေလုပ်ခဲ့ရတယ်။ နောက်စိတ်ဖိဆီးမှုများများနဲ့မကြိုက်တဲ့ဒေသမှာကိုယ်မနှစ်မြိုနဲ့သူတွေကိုပြုံးပြပြီး ဘဝကြီးကိုအံဝင်ဂွင်ကျဖြစ်အောင် ဖြတ်သန်းနေခဲ့ဖူးတယ်။ ဝါသနာမပါတဲ့ အသိ၊ အတတ်ပညာတွေကိုဘောင်ဝင်အောင်လေ့လာရင်းမကျက်ချင်တဲ့စာတွေကျက်ပြီးဖြတ်သန်းခဲ့ရတယ်။ ကြေကွဲစရာ၊ ဝမ်းနည်းစရာတွေကြား၊trauma response တွေကြောင့်ဘဝကို ဒေါင်ကျကျဖြတ်သန်းရင်းကိုယ့်ဘဝကိုကိုယ် enjoy လုပ်ဖို့မေ့နေတတ်တယ်။​ တခါတလေ အကြွေးယူပြီးလုပ်ငန်းတွေ စမိရင် မပြီးတော့တဲ့ပူပင်မှုတွေနဲ့။ အိမ်ထောင်ရေး၊ သားရေးသမီးရေးနဲ့လောလောပြီး ကနေရတဲ့လောကထဲမှာ လွတ်လပ်မှုရဲ့အဓိပ္ပာယ်ပျောက်နေတဲ့ သူတွေရှိတတ်တယ်။ ဘဝမှာ လွတ်လပ်မှုသုံးမျိုးလိုတယ်။ခန္ဓာကိုယ်အချုပ်အနှောင်ကင်းဖို့physical freedomစိတ်ခံစားမှုအချုပ်အနှောင်ကင်းဖို့psychological freedomအတွေးအခေါ် ဝါဒတွေကိုကျော်လွန်ပြီးလွတ်မြောက်မှုရဖို့spiritual freedom ကိုယ့်ကိုကိုယ် လွတ်လပ်ခွင့်ပေးလိုက်ပါ။​အကြွေးတွေကိုတတ်နိုင်သလောက်ရှောင်ပါ။​အကြွေးရှိရင် လွတ်မြောက်မှုရဖို့မလွယ်ဘူး။နောက်ဘဝရှင်သန်ဖို့အတွက်financial plan သေချာလုပ်ဖို့လိုတယ်။အသုံးစရိတ်တွေကို ဘာမှမလုပ်ပဲနှစ်နှစ်လောက်အနည်းဆုံးနေနိုင်အောင်စီမံထားဖို့လိုတယ်။ဒါမှလဲ​ physical freedom ကလွတ်မြောက်မှာ။ နောက် တွယ်တာတာတွေကိုလျော့။attachment တွေက emotional freedom ကိုပျောက်စေတယ်။သဝန်တိုတာ၊ ဒေါသထွက်တာတွေဖြစ်စေတယ်။​သူများနဲ့ နှိုင်းယှဥ်ပြီး ကိုယ့်ကိုကိုယ်အားမလိုအားမရဖြစ်တာလျော့ဖို့လိုတယ်။ နောက်ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့အာရုံတွေ ကိုယ်နဲ့ကပ်နေဖို့spiritual freedom လိုတယ်။​ ကိုယ့်ကိုကိုယ်

ကိုယ့်ကိုကိုယ် လွတ်လပ်ခွင့်ပေးကြည့်ပါ Read More »