လုပ်တဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။
နေတဲ့နေရာ၊တွေ့တဲ့လူ၊ဖတ်တဲ့စာအုပ်၊ခေါင်းထဲထည့်တဲ့အတွေးအခေါ်၊လုပ်တဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။ Phyo Paing @ Derek
နေတဲ့နေရာ၊တွေ့တဲ့လူ၊ဖတ်တဲ့စာအုပ်၊ခေါင်းထဲထည့်တဲ့အတွေးအခေါ်၊လုပ်တဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။ Phyo Paing @ Derek
ကိုယ်လုပ်ချင်တာကိုလုပ်ပြီးဖြစ်ချင်တာကို ဖြစ်နေရင်တော့ဒါက အောင်မြင်မှုအစစ်ပဲ။ ကိုယ်မလုပ်ချင်တာကိုလုပ်ပြီးဖြစ်ချင်တာဖြစ်နေရင်လဲဒါက မဆိုးဘူး။ ကိုယ်လုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာမဖြစ်ရင်တော့တစ်ခုခုတော့လွဲနေပြီ။ ကိုယ်မလုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာမဖြစ်ရင်တော့အဆိုးဆုံးပဲ။ Phyo Paing @ Derek
ကိုယ်လုပ်ချင်တာကိုလုပ်ပြီးဖြစ်ချင်တာကို ဖြစ်နေရင်တော့ဒါက အောင်မြင်မှုအစစ်ပဲ။ Read More »
ဘဝမှာ ပြိုင်ဖို့စိတ်မဝင်စားဘူး။နိုင်ဖို့ပဲ စိတ်ဝင်စားတယ်။ ဒါကြောင့် မပြိုင်ဘဲနိုင်အောင်လုပ်ပါကိုယ့်ကိုကိုယ် အမြဲပြောတယ်။ ယှဥ်ပြိုင်တာကမောတယ်။ အနိုင်ယူရတဲ့ခံစားချက်က ပျော်ဖို့ကောင်းတယ်။ လိုချင်တာရတာ နိုင်တာပဲ။ လိုချင်တာရဖို့ တိုက်ရိုက်သွားပြိုင်စရာမလိုဘူး။ ဥာဏ်ရှိရှိနိုင်လို့ရတယ်။ Phyo Paing @ Derek
အယူမှားတာလောက်လူဖြစ်ရှုံးတာမရှိဘူး။ ဒါကြောင့်လဲ မဂ္ဂင်ရှစ်ပါးမှာ ဗုဒ္ဓက သမ္မာဒိဋ္ဌိ မှန်ကန်တဲ့ အယူအမြင်ရှိဖို့ဟောကြားခဲ့တယ်။ ဒါကြောင့်လဲ မိဘတွေလူတွေက မှန်ကန်တဲ့အယူအမြင်ရှိဖို့ငယ်ကတည်းက ပညာသင်ပေးခဲ့ကြတာဖြစ်တယ်။ ရုပ်ဝတ္ထုတွေရဲ့အကြောင်းသိဖို့ရူပဗေဒပညာသင်ယူခဲ့ကြတယ်။ ဒြပ်ဝတ္ထုတွေရဲ့သဘောတရားနားလည်ဖို့ဓာတုဗေဒသင်ယူခဲ့ကြတယ်။သက်ရှိတွေရဲ့ သဘောသဘာဝနားလည်ဖို့ဇီဝဗေဒသင်ယူခဲ့ကြတယ်။ ပြောဆိုဆက်ဆံနိုင်ဖို့ လူ့အသွားအလာနားလည်ဖို့ဘာသာစကားတွေ သင်ယူခဲ့ကြတယ်။ ပြဿနာတွေကို ယုတ္တိကျကျဖြေရှင်းနိုင်ဖို့ သင်္ချာပညာသင်ခဲ့ကြတယ်။ တခါတလေ ပညာသင်ပြီးပညာတတ်ချင်မှ တတ်တာ။ ဒါကြောင့် အိုင်စတိုင်းကThe only thing that interferes with my learning is my education.” တဲ့။ငါ့သင်ယူမှုအတွက်အဟန့်အတားကပညာရေးတဲ့။ တချို့ သာမန်ထက်ကျော်သွားတဲ့လေ့လာသူတွေအတွက် ကျောင်းတွေက ပညာသင်ပေးတဲ့နေရာမဟုတ်ပဲပညာသင်ဖို့ ကန့်သတ်တဲ့နေရာဖြစ်နေတတ်တယ်။ စဥ်းစားကြည့်လေ။ ကျောင်းတွေ အများကြီးတက်ဘွဲ့တွေယူခဲ့ပြီး ပညာတွေတတ်ကြလား။ သာမန်တက္ကသိုလ်အများစုကတတ်ချင်မှ တတ်လိမ့်မယ်။ တတ်သလိုလိုပဲဖြစ်လိမ့်မယ်။ ဒါက ဘွဲ့ရပညာမတတ်ဖြစ်လာစေတဲ့အကြောင်းအရင်းတစ်ခုပဲ။ ဘဝမှာ အယူမမှားဖို့ပညာရှာဖို့လိုတယ်။ Certificate ရှာရမှာမဟုတ်ဘူးလို့ထင်တယ်။ တကယ်လို့
အရေးအကြီးဆုံးက
အယူမမှားဖို့
ပညာသင် လေ့လာနေဖို့လိုတယ်။ Read More »
ဒီနေ့ဘာတွေ သင်ယူလိုက်ရလဲ။ တစ်ရက်တာမှာ အသစ်တစ်ခု မသင်ယူလိုက်ရင်ရာဇဝတ်မှုကျူးလွန်တယ်လို့ပဲကိုယ့်ကိုကိုယ် ယူဆတယ်။ ဘာလို့လဲဆို ကျွန်တော်ခံယူတာ learning is the leverage ပဲ။ ကိုယ့်မှာရှိတဲ့ ၁၀ သိန်း ကို သိန်း ၁၀၀၊ သိန်း ၁၀၀၀ ပွားစေနိုင်တဲ့အရေးကြီး အခရာကျတဲ့အရာကသင်ယူမှု learning လို့ပဲမြင်တယ်။ သင်ရင် မြင်မယ်။ မြင်ရင် မှားနေတာတွေပြင်လာနိုင်မယ်။ ငယ်ငယ်ကလေးမနူးမနပ်တုန်းကဆို အမှဲစဉ်းစားတာ သိန်း ၂၀၀ ရှိတယ်။ ၅၀၀ ရှိတယ်၊၁၀၀၀ ရှိတယ်။ ဘယ်လုပ်ရင်ကောင်းမလဲ။ ဘားမှ မလုပ်နဲ့။ အိုင်ဒီယာမရှိ၊စျေးကွက်မရှိ၊ကျွမ်းကျင်မှုမရှိလုပ်ရင်ကျားစားတာ ခံရလိမ့်မယ်။ အကောင်းဆုံးက ကိုယ်ကျွမ်းကျင်အောင်လုပ်မည့်နယ်ပယ်မှာ ဆရာတစ်စူဖြစ်အောင်လေ့လာ။ လေ့ကျင့်။ ဒီက စတင်ရမှာပဲ။ သင်ယူမှုက ဆပွားတိုးတက်စေတဲ့သော့ချက်ပဲ။ ဒါကြောင့် နေ့စဥ်သင်ယူမှုအသစ်မလုပ်လိုက်ရင်ရာဇဝတ်မှုကျူးလွန်တယ်လို့ပဲကိုယ့်ကိုကိုယ် ခံယူတယ်။ Phyo Paing
ဘဝဆိုတာ ခဏလေးပါပဲ။ လွန်ခဲ့တဲ့ဆယ်နှစ်၊ ဆယ့်ငါးနှစ်က ပုံတွေပြန်တက်လာရင်ဘဝဆိုတာ ပုံပြင်တစ်ပုဒ်လိုပဲ။ လိုချင်တာဖြစ်ဖို့ ဆန္ဒလိုတယ်။ ဝီရိယလိုတယ်။ အဓိဋ္ဌာန်လိုတယ်။ လောဘနဲ့ ဆန္ဒနဲ့မတူဘူး။ ဆန္ဒက တက်ကြွမှုကိုဖြစ်စေတယ်။လောဘက ပူလောင်မှုကိုဖြစ်စေတယ်။ ဆန္ဒဆိုတာ ရည်ရွယ်ချက်ရှိတယ်။အားထုတ်မှုရှိတယ်။ပကိဏ္ဏကစေတသိက် (၆) ပါးထဲပါတယ်။ လောဘဆိုတာကိုယ်နဲ့မထိုက်တာကို လိုချင်တာ။ကိုယ်နဲ့ထိုက်တန်တာထက်ပိုလိုချင်တာ။ မတော်လောဘ။ အကုသလစေတသိက် (၁၄) ပါးထဲပါတယ်။ လောကီဘဝမှာအေးချမ်းချင်ရင်အဘိဓမ္မာသာလေ့လာ။နောက်ကျင့်ကြံနေထိုင်။ စိတ်အကြောင်းနားလည်ရင်ဘဝကို အထာကျကျနေလို့ရလာမယ်။ Phyo Paing @ Derek
အကောင်းဆုံး မော်တီဗေးရှင်းကအောင်မြင်မှုပဲ။ အောင်မြင်လေလေပိုတက်ကြွပြီး အလုပ်လုပ်ချင်လေလေ။ စာတော်တဲ့သူတွေက ပိုတော်ပြီးငွေရှိတဲ့သူတွေက ငွေပိုရှာချင်တယ်။ ပါဝါရှိပြီးသူတွေက ပါဝါပိုရှိချင်တယ်။ ကားအကောင်းကြိုက်တဲ့သူတွေကကားအကောင်းပိုရချင်တယ်။ လူတွေက အောင်မြင်မှုအရသာတွေ့သွားရင်မော်တီဗေးရှင်းဆိုတာ အလိုလိုဖြစ်လာတယ်။ ခက်တာက ဒီအောင်မြင်မှုအရသာကိုစတွေ့ဖို့ကလဲ မော်တီဗေးရှင်းကလိုပြန်တယ်။ ဒါကြောင့် အစပဲခက်တာ။အောင်မြင်မှုလမ်းကြောင်းတစ်ခုတွေ့လေလေပိုလွယ်လာလေေပဲ။ Phyo Paing @ Derek
လုပ်သမျှဖြစ်ချင်ရင်ဖြစ်သမျှလိုက်မလုပ်ပါနဲ့။ အရေးမပါတာကိုအရာပေးမိတာလောက်အလုပ်မဖြစ်တာမရှိဘူး။ ဘဝမှာ ရွေးချယ်မှုကကြိုးစားမှုထက်ပိုအရေးကြီးပါတယ်။ ဒါကြောင့် ကံ၊ ဥာဏ်၊ ဝိရိယတစ်ခုချင်းစီလာတယ်။နေ့စဥ်မှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်ရတယ်။ မှန်ကန်တဲ့ စိတ်ထား မနောကံ၊မှန်ကန်တဲ့ အပြောအဆို ဝဇီကံ၊မှန်ကန်တဲ့လုပ်ဆောင်မှု ကာယံကံကံသုံးပါးကောင်းဖို့လိုတယ်။ သုတမယဉာဏ် (စာပေသင်ကြားမှုမှရရှိသော ဉာဏ်)စိန္တာမယဉာဏ် (တွေးခေါ်ဆင်ခြင်ခြင်းမှရရှိသော ဉာဏ်)ဘာဝနာမယဉာဏ် (ကျင့်ကြံအားထုတ်ခြင်းမှရရှိသော ဉာဏ်)ဥာဏ်သုံးပါးကိုလဲကောင်းအောင်အားထုတ်ဖို့လိုတယ်။ စံဝရဝိရိယမကောင်းမှုဒုစရိုက်များမှရှောင်ကြဉ်ရန် အားထုတ်ခြင်း။ပဟာနဝိရိယဖြစ်ပျက်နေပြီးသော အကုသိုလ်လောဘ၊ ဒေါသ၊ မောဟကိုပယ်ဖျောက်ရန် အားထုတ်ခြင်း။ဘာဝနာဝိရိယဒါန၊ သီလ၊ ဘာဝနာကိုပွားများဖို့အားထုတ်ခြင်း။အနုရက္ခဏာဝိရိယရရှိပြီးတဲ့ ကုသိုလ်၊ ပညာ၊ သမာဓိကိုထိန်းသိမ်းဖို့အားထုတ်ခြင်း။ဝိရိယလေးပါးကိုလဲကျင့်ဖို့လိုတယ်။ ကံလဲမကောင်း၊ဥာဏ်လဲမကောင်း၊ဝိရိယလဲမကောင်းရင်သံသရာတစ်ကွေ့ဒီတစ်နေ့ကတော့တိုင်ပတ်မှုအပေါင်းသရဖူဆောင်းနေမှာပဲ။ Phyo Paing @ Derek
ဘဝမှာ ပင်ပင်ပန်းပန်းကြိုးစားဖူးတယ်။ပင်ပန်းသလောက်လက်ထဲငွေမကျန်ဖြစ်တယ်။ ဘာအတွက်အသက်ရှင်နေသလဲဆိုတဲ့မေးခွန်းတောင်မေးဖူးတယ်။ဘယ်တော့များ ငါလုပ်ချင်တာလုပ်ရမလဲစဥ်းစားတယ်။ တစ်နေ့တစ်နေ့ အလုပ်သာလုပ်နေတာ။အရှေ့က ရောက်တယ်။အပေါ်မတက်သွားဘူး။ ဘာကြောင့်လဲဆိုတော့လမ်းလွဲကြီးမှာ တင်းခံနေလို့ဖြစ်နိုင်ပါတယ်။ အထာကျကျ ဆရာကျကျဘဝကို မပင်မပန်းနဲ့ဖြတ်သန်းပြီးရေမြင့်လေ ကြာသင့်လေဖြစ်ဖို့Flow ဆိုတာလိုတယ်။ အလုပ်လုပ်လို့ လုပ်မှန်းမသိ၊ကိုယ်လုပ်လိုက်တဲ့အလုပ်ကလဲကြာလေ အစွမ်းထက်လေ။အချိန်ဆိုတာ မကြည့်မိဘဲနေ့ရက်တိုင်းက စျာန်ဝင်နေတာမျိုး။ အသက်ရှင်ပြီး အသက်ဝင်နေတာမျိုးပေါ့။လူတွေက အချစ်နဲ့စတွေ့တဲ့အချိန်မှာလဲအသက်ရှင်ပြီး အသက်ဝင်တယ်။အလုပ်နဲ့ ဘဝ ထပ်တူကျတဲ့အခါလဲအသက်ရှင်ပြီး အသက်ဝင်တယ်။ ဒီ Flow ကို သိဖို့ကိုယ့်ကိုကိုယ် ပြန်ရှာဖွေပြီးဒီဇိုင်းလုပ်မှရမယ်။ ဒီအချက်နားလည်သွားတဲ့အချိန်ကိုယ့်ဘဝ ဘာနဲ့မှ မလဲချင်တော့ဘူး။ ကိုယ့် Flow ကိုယ်ဆရာကျကျလုပ်ဆောင်နိုင်ရင်သံသရာတစ်ကွေ့ဒီတစ်နေ့အတွက်ကတော့လူဖြစ်ရကျိုးနပ်နေမှာအမှန်ပဲ။ Phyo Paing @ Derek
ဒီအချက်နားလည်သွားတဲ့အချိန်
ကိုယ့်ဘဝ ဘာနဲ့မှ မလဲချင်တော့ဘူး။ Read More »
အလုပ်ဖြစ်တာကိုလိုက်ရှာတာကအလုပ်ကြိုးစားတာထက်ပိုခက်တတ်တယ်။ အလုပ်ဖြစ်တယ်ဆိုတာကနည်းနည်းလုပ်လိုက်ပြီးများများပြန်ရတာကိုဆိုတာ။ဥပမာ ၁ ဆအားထည့်ပြီး၁၀ ဆ၊ အဆ ၁၀၀ ပြန်ရတာမျိုး။ ဒီလိုနည်းနည်းလုပ်များများရတာကိုleverage လို့အသုံးပြုပါတယ်။ ကိုယ်တွေလို ကိုယ့်ဘဝကိုယ်တည်ဆောက်ရသူတွေအတွက်ဒီ leverage က အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ခုန်ပျံကျော်လွှားမှမကြီးရင်အချိန်အများကြီးမရှိဘူး။ ဥပမာအနေနဲ့ပြောရရင်၂၀၁၄ ကာလကနေ၂၀၂၀ လောက်ထိကကြော်ငြာ Facebook Ads တွေနည်းနည်းကြော်ငြာများများရတဲ့ကာလ။ ၂၀၁၇ Live ကာလ။၂၀၁၈ နှောင်းပိုင်းမှာcontent ဖန်တီးတာတွေကလူမှုကွန်ယက်သုံးdigital leverage လုပ်လို့ရတဲ့ကာလ။ ဒါက ဒီဂျစ်တယ်မားကတ်တင်းပိုင်းမှာ။ ဘဝမှာ အဲ့လိုနည်းနည်းလုပ် များများရကာလတွေရှိတယ်။ဒီနေ့ခေတ်ကတော့ အေအိုင်ဆိုပါတော့။ ဂုဏ်ထူးထွက်ဖို့ စာများများကျက်စရာမလိုဘူး။အလုပ်ဖြစ်တဲ့ မေးနိုင်တဲ့စာကိုဖတ်မှတ်လေ့လာနိုင်ဖို့ပဲလိုတယ်။ ဘဝမှာလဲ အများကြီးကျွမ်းကျင်စရာမလိုဘူး။အလုပ်ဖြစ်တာကို ကျွမ်းကျင်ရင်ရပြီ။ စာဖတ်တယ်ဆိုတာအလွယ်လမ်းနဲ့ ဘယ်အရာကိုယ့်အတွက် အလုပ်ဖြစ်သလဲလိုက်ရှာတာပဲ။ အဲ့ထက်မြန်တဲ့နည်းသိပ်မတွေ့ဖူးသေးဘူး။ လူတစ်ယောက်ရဲ့အတွေးရဲ့အရည်အသွေးကလူတစ်ယောက်ဘဝရဲ့ အရည်အသွေးပဲ။ ခရီးသွား၊ လူသစ်တွေ့၊စာဖတ်၊ စမ်းကြည့်၊ လေ့လာ။အလုပ်ဖြစ်တာတွေ့ရင်ဝုန်းသာဝုန်း။ အလုပ်ကတစ်သက်လုံးလုပ်လို့ရတယ်။အလုပ်က တစ်သက်လုံးဖြစ်မနေဘူး။ Phyo Paing
အလုပ်ကတစ်သက်လုံးလုပ်လို့ရတယ်။
အလုပ်က တစ်သက်လုံးဖြစ်မနေဘူး။ Read More »