Dr. Phyo Paing

https://yec.company

ကျွန်တော်တို့ အလုပ်၊
ကျွန်တော်တို့ဖန်တီးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေ ဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။

ဒီမိုကရေစီမှာလူတွေဘာကြောင့်ပိုတိုးတက်လဲဆိုရင်ဒီ ဒီမိုကရေစီဆိုတဲ့အတွေးအခေါ်ကို အေသင်မှာစတင်ကတည်းကသူ့ရဲ့ ရည်ရွယ်ချက်ကFreedom and Liberty ကိုအခြေခံတယ်။ လွပ်လပ်စွာတွေးခေါ်နိုင်မှုကိုယ့်အတွေးကို လွတ်လပ်စွာဖော်ပြနိုင်မှု ပေါ်အခြေခံတဲ့အတွက်ကိုယ့်ကိုကိုယ် fully expressလုပ်လို့ရတယ်။ Fully express လုပ်လို့ရတဲ့ နေရာမှာအနုပညာပိုထွန်းကားတယ်။ဘဝက ပိုပြီး အနှစ်သာရရှိတယ်။လူအများစုက ငွေကြေးမှာသာယာတဲ့အဆင့်ကို ကျော်လွန်လာရင်အတွေးအခေါ်မှာ သာယာတဲ့အဆင့်ရောက်လာကြမယ်။ ငွေကြေးကော၊ အတွေးအခေါ်ပါသာယာနိုင်ဖို့ ကိုယ့်ရဲ့ အတွေးအခေါ်အယူအဆ၊ အထင်အမြင်ကိုfully express လုပ်နိုင်တဲ့ပတ်ဝန်းကျင်လိုတယ်။​ ကျွန်တော်တို့ အလုပ်၊ကျွန်တော်တို့ဖန်တီးတဲ့လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။ ဒီလို ဖော်ထုတ်ဖို့ ကိုယ်ဘယ်သူလဲ၊ဘာကိုတန်ဖိုးထားလဲ၊ကိုယ့်အိမ်မက်က ဘာလဲ၊ကိုယ့်ကိုကိုယ် နားလည်မှုရှင်းလင်းပြတ်သားနေဖို့လိုတယ်။ Phyo Paing @ Derek

ကျွန်တော်တို့ အလုပ်၊
ကျွန်တော်တို့ဖန်တီးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေ ဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။
Read More »

Marketing Secret 1

ဇွတ်မရောင်းနဲ့။ ကျွန်တော့်ရဲ့ marketing def ကတော့သတ်မှတ်လူတွေဆီသတ်မှတ် မက်ဆေ့ကိုသတ်မှတ် ကုန်ကျစရိတ်ထက်နည်းနိုင်သမျှနည်းနည်းနဲ့ လူများနိုင်သမျှ များများတွေ့ရှိ၊ နားလည်၊ ခံစား၊ လုပ်ဆောင်အောင် လုပ်တာကို မားကတ်တင်းလို့ခေါ်တယ်။ Phyo Paing @ Derek

Marketing Secret 1 Read More »

လူတွေမှာ ဓာတ်ဆိုတာရှိတယ်။

ဒါကို English လို Vibes လို့ခေါ်မလား မသိဘူး။ တချို့သူတွေနားသွားရင် အလိုလို တက်ကြွလာတယ်။တချို့သူတွေနားသွားရင်အလိုလို ပျော်လာတယ်။ တချို့သူတွေနားသွားရင်တခြားကမ္ဘာကြီးတစ်ခုရောက်သွားသလိုပဲ။ တချို့သူတွေနားသွားရင်ကိုယ့်ရှိတဲ့အားတွေကို စုပ်ယူသွားသလိုပဲ။တချို့သူတွေနားသွားရင်ကိုယ်ပါ စိတ်ညစ်သွားတယ်။ ဓာတ်တူတဲ့ လူတွေစုမိတဲ့အခါအလုပ်တွေ ပိုတွင်တယ်။ snowball effect နဲ့ အလုပ်တွေ ပိုပြီးတယ်။ ဒီဓာတ်တွေ ဖန်တီးဖို့ တန်ဖိုးထားမှု core values ဆိုတာ မရှိမဖြစ်လိုလာတယ်။ ကျွန်တော်တို့ရဲ့ core values ကတော့customer firstmove fastwork hardlearn everyday ပဲ။ ဒီလေးခုနဲ့ပဲ နေထိုင်တယ်။ ဒီလေးခုနဲ့ မကိုက်ရင်ကျွန်တော်တို့ group ထဲဝင်လို့ မရဘူး။ ကိုယ့်ရဲ့ personal core values ကဘာလဲ။နောက်ကိုယ်က ပေးတဲ့ vibes ကဘာလဲ။ တခါတလေ ပြန်မေးရမည့်အချိန်တွေ

လူတွေမှာ ဓာတ်ဆိုတာရှိတယ်။ Read More »

ဘူကောင်ဆိုတာ

ဒီရက်ပိုင်း အသိတွေတွေ့တော့“ဘူကောင်တွေကိုရှောင်” ဆိုတဲ့စကားကို အရမ်းကြိုက်တယ်လို့တစ်ယောက်ပြီး တစ်ယောက်လာပြောကြတယ်။ ဘူကောင်ကို တိုတိုနဲ့ လိုရင်းချုပ်ရရင်“ဘေးထိုင် ဘုပြောနေတဲ့သူ = ဘူကောင်” ပဲ။သူ့ရဲ့ criteria တွေကိုတော့ infographics နဲ့ လုပ်ထားပေးတယ်။ လောကမှာ “ကိုယ်ဘာလိုချင်တာလဲ” ဆိုတာအဓိက စဥ်းစားနေဖို့လိုတယ်။ မလိုချင်တာ ပြဿနာတွေပဲထိုင်စဥ်းစားနေရင် ပြီးမှာ မဟုတ်ဘူး။ လိုချင်တာရအောင် “အလွယ်ဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံး”ဘယ်လို လုပ်မလဲ စဥ်းစားဖို့လိုတယ်။ ဒါကြောင့် ဘေးထိုင်ဘုပြောတာ ဟာအဖြေ မဟုတ်ဘူး။ တချို့ဘူကောင်တွေက ပြင်ပေးလို့ရတယ်။တချို့ဘူကောင်တွေက သူတို့ကိုယ်သူတို့ဘူလို့ ဘူနေမှန် မသိဘူး။တချို့ဘူကောင်တွေက ဘူမှန်းသိတယ်။ဒါပေမယ့် ဘူတဲ့ အရသာကို ကြိုက်တဲ့ဗြိဿာလို့ ဘူတောထဲက ရုန်းထွက်မရဘူး။ ဒါကြောင့် တိုတိုနဲ့လိုရင်း definition ကတော့“ဘေးထိုင်ဘုပြောသူကို ဘူကောင်ဟုခေါ်သည်။” ဘူသုံးမျိုးရှိတယ်။ ၁။ ဘူရိုးသူကတော့ ရိုးသားတယ်။သူ့အရှိအတိုင်း

ဘူကောင်ဆိုတာ Read More »

အနာဂတ်အတွက် နေ့စဥ်
ကြိုတင်ပြင်ဆင်မှုတွေ
ဘယ်လိုအခြေနေ ဖြစ်ဖြစ်
လုပ်နေဖို့လိုတယ်။

အခွင့်အရေးပေါ်လာမှ ဒီ bandwagon လှိုင်းကိုစီးမယ်ဆိုရင်နောက်ကျသွားနိုင်တယ်။ အခွင့်အရေးလှိုင်းလုံးတွေကတစ်လုံးပြီး တစ်လုံးလာနေတယ်။ အရေးကြီးတာ ဒီအခွင့်အရေးလာတဲ့အချိန်ကိုယ်က ပြင်ပြီးဆင်ပြီးဖြစ်နေပြီလား။ ဒါအရေးကြီးတယ်။ ဘယ်ကြီးကျယ်တဲ့အရာမှာ အခုရေတွင်းတူး အခုရေကြည်သောက်လုပ်လို့ မရဘူး။ နှစ်ရှည်လများ ပြင်ဆင်မှု၊စိတ်ရှည်မှု၊ ဇွဲ၊ အမျှော်အမြင်လိုတယ်။ သက်လုံကောင်းဖို့လိုတယ်။ အခွင့်အရေးပေါ်လာမှ ထလုပ်တဲ့အခါသူများပြေးပြီးတဲ့လမ်းနောက်ကလိုက်ရတာ ဖြစ်တဲ့အတွက်သူများနောက်ကလိုက်ရင် ဖုန်ပဲရှူရလိမ့်မယ်။ အနာဂတ်အတွက် နေ့စဥ်ကြိုတင်ပြင်ဆင်မှုတွေဘယ်လိုအခြေနေ ဖြစ်ဖြစ်လုပ်နေဖို့လိုတယ်။ Phyo Paing @ Derek

အနာဂတ်အတွက် နေ့စဥ်
ကြိုတင်ပြင်ဆင်မှုတွေ
ဘယ်လိုအခြေနေ ဖြစ်ဖြစ်
လုပ်နေဖို့လိုတယ်။
Read More »

စီးပွားရေးတစ်ခုမှာ အရေးကြီးတဲ့ “ခံယူချက်”

စီးပွားရေးတစ်ခုမှာ အရေးကြီးတဲ့ “ခံယူချက်” စီးပွားရေးဆိုတာ ငွေတစ်ခုတည်းအတွက်ဖြစ်တည်လာတာ မဟုတ်ဘူး။ ဒီတစ်ခုတည်းအတွက် ကြည့်ရင် DNA (အနှစ်သာရ) ပျောက်နေတဲ့ စီးပွားရေးပဲဖြစ်မယ်။ တရုတ်ပြည်မကြီးကို ကြည့်ကြည့်။ငွေရှိတယ်။ အလုပ်တွင်တယ်။ အနှစ်သာရ မဲ့နေတယ်။ သူ့မှာ Soul ပျောက်နေတယ်။ ဘာကြောင့်လဲ? အကုန်လုံးဟာ ငွေနောက်ပဲလိုက်လို့။ ငွေရှိလာတယ်။ ဒီတော့ ငွေထက် အဆင့်မြင့်တဲ့ပျော်ရွှင်မှုတွေကို တောင်းတလာတယ်။ လုပ်ငန်းတစ်ခုမှာ ခံယူချက်လိုတယ်။ ဘယ်ခံယူချက်အတွက် ဒီအလုပ်လုပ်နေတာလဲသိဖို့လိုတယ်။ဒါမှ Covid-19 တို့လိုမျိုးအနာဂတ်မှာလာနိုင်တဲ့ ဘေးဒုက္ခတွေကိုအိန္ဒြေရှိရှိ ကျော်လွှားနိုင်မှာ။“More like a spiritual pursuit”လို့ပြောရင် မှန်မယ်။ အနုပညာကို ပိုက်ဆံအတွက်လုပ်တာနဲ့ ခံယူချက်အတွက်လုပ်တာ ခံစားလို့ရတယ်။ ပိုက်ဆံအတွက်လုပ်တဲ့အခါ ပေါက်တဲ့အလုပ် အကုန်ထလုပ်ပြီးလိုင်းကြောင်သွားနိုင်တယ်။ ခံယူချက်အတွက် အလုပ်လုပ်တာက ရူးသွပ်မှု၊အနာဂတ်အတွက် ပြင်ဆင်မှုတွေနဲ့ အတွေးအခေါ်အပေါ် အခြေခံတယ်။ မရှိသေးတဲ့

စီးပွားရေးတစ်ခုမှာ အရေးကြီးတဲ့ “ခံယူချက်” Read More »

အမှားလုပ်ရမှာ မကြောက်ပါနဲ့။

ဘဝဆိုတာ စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာလို့ ခံယူထားတယ်။အမှားတွေ အများကြီးလုပ်ခဲ့ဖူးတယ်။ဒီအမှားတွေကပေးတဲ့သင်ခန်းစာတွေကြောင့်တိုးတက်မှုပိုမြန်လာတယ်။စမ်းသပ်မှု = အမှား = သင်ခန်းစာ = တိုးတက်မှုဒါကြောင့် ကိုယ်မလုပ်ဖူးတဲ့အလုပ်လုပ်ရမှာ စမ်းကြည့်ရမှာမကြောက်ပါနဲ့။ဘဝက ပေးတဲ့ သင်ခန်းစာတစ်ခုကဘာများဖြစ်မလဲ?ကျွန်တော့်အတွက်ကတော့အမှားဆိုတာ သင်ခန်းစာ။သင်ခန်းစာဆိုတာ တိုးတက်ဖို့။ဒါကြောင့် အမှားလုပ်ရမှာမကြောက်ပါနဲ့။Phyo Paing @ Derek

အမှားလုပ်ရမှာ မကြောက်ပါနဲ့။ Read More »

ပြောင်းလဲလို့မရတဲ့သူတွေထဲမှာ
အသစ်သင်ယူမှု
မလုပ်ချင်တဲ့သူတွေပါတယ်။

တချို့အချိန်တွေမှာ တချို့လူတွေကိုကျွန်တော်တို့ တဖြည်းဖြည်းပြောင်းလဲသွားရင် ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဘဝဆုံးဖြတ်ချက်တွေ ချခဲ့တဲ့ အချိန်တွေ ရှိကောင်းရှိလိမ့်မယ်။ အစပိုင်းမှာ အောင်မြင်သလိုလိုရှိပြီး နောက်ပိုင်းမှာ လူတွေမပြောင်းလဲချင်ရင်ပြောင်းလဲ ပေးလို့မရဘူးဆိုတာသိလာတဲ့ အချိန်တွေ ရှိကောင်းရှိမယ်။ ပြောင်းလဲလို့မရတဲ့သူတွေထဲမှာ အသစ်သင်ယူမှု မလုပ်ချင်တဲ့သူတွေပါတယ်။အသစ်သင်ယူမှု မလုပ်တဲ့အခါနှစ်ပေါင်းများစွာခေါင်းထဲရှိခဲ့တဲ့အတွေးအခေါ်ကို ပြောင်းလဲဖို့ မဖြစ်နိုင်သလောက် ခဲရင်းလာတယ်။ ဒီလို လေ့လာသင်ယူမှု မရှိဘဝကို တရားသေသတ်မှတ်ပြီးကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်မှုမရှိတခြားသူအကြောင်းပဲ အဓိကစဥ်းစား ကိုယ့်ကို အထင်ကြီးဖို့ ဟန်ဆောင်ကြိုးစားအပြင်ကို ပြတဲ့ ပုံရိပ်နဲ့တကယ့်လက်တွေ့ ဘဝနဲ့ ကွာဟချက်တွေရှိတဲ့ သူကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ လွယ်မလိုလိုနဲ့ ဖြစ်နိုင်ခြေအရမ်းနည်းတယ်ဆိုပြီးခံစားရတဲ့အချိန်တွေ တချို့လူတွေ တွေ့ဖူးကောင်းတွေ့ဖူးခဲ့ကြလိမ့်မယ်။ လူတွေကို ပြောင်းလဲဖို့ မျှော်လင့်ချက်တွေအများကြီးမထားထားပါနဲ့။ ကိုယ့်ကြောင့် ပြောင်းလဲသွားမယ်ဆိုပြီးလဲကိုယ့်ကိုကိုယ် အထင်မကြီးထားနဲ့။ လောကမှာ ပြောရမယ်ဆို မပြောင်းလဲချင်သူကို အနုနည်းနဲ့ ပြောင်းလဲရမှာ အခက်အခဲဆုံးပဲ။ Phyo Paing

ပြောင်းလဲလို့မရတဲ့သူတွေထဲမှာ
အသစ်သင်ယူမှု
မလုပ်ချင်တဲ့သူတွေပါတယ်။
Read More »

စီးပွားရေးဆိုတာ
ငွေတစ်ခုတည်းအတွက်
ဖြစ်တည်လာတာ မဟုတ်ဘူး။

ဒီတစ်ခုထဲအတွက် ကြည့်ရင် DNA ပျောက်နေတဲ့ စီးပွားရေးပဲဖြစ်မယ်။တရုတ်ပြည်မကြီးကို ကြည့်ကြည့်။ငွေရှိတယ်။ အလုပ်တွင်တယ်။ အနှစ်မဲ့နေတယ်။ သူ့မှာ Soul ပျောက်နေတယ်။ ဘာကြောင့်လဲ?အကုန်လုံးဟာ ငွေနောက်ပဲလိုက်လို့။ ငွေရှိလာတယ်။ ဒီတော့ ငွေထက်အဆင့်မြင့်တဲ့ပျော်ရွင်မှုတွေကို တောင်းတလာတယ်။ လုပ်ငန်းတစ်ခုမှာ ခံယူချက်လိုတယ်။ ဘယ်ခံယူချက်အတွက် ဒီအလုပ်လုပ်နေတာလဲသိဖို့လိုတယ်။ဒါမှ Covid-19 တို့၊ Coup တို့နဲ့အနာဂတ်မှာလာနိုင်တဲ့ catastrophe ကိုအန္ဒြေရှိရှိ ကျော်လွားနိုင်မှာ။More like a spiritual pursuit လို့ပြောရင် မှန်မယ်။ အနုပညာကို ပိုက်ဆံအတွက်လုပ်တာနဲ့ ခံယူချက်အတွက်လုပ်တာ ခံစားလို့ရတယ်။ ပိုက်ဆံအတွက်လုပ်တဲ့အခါ ပေါက်တဲ့အလုပ်အကုန်ထလုပ်ပြီးလိုင်းကြောင်သွားနိုင်တယ်။ ခံယူချက်အတွက်အလုပ်လုပ်တာက ရူးသွပ်မှု၊ အနာဂတ်အတွက်ပြင်ဆင်မှုတွေနဲ့ အတွေးအခေါ်ပေါ် အခြေခံတယ်။ မရှိသေးတဲ့ လမ်းဖောက်တယ်။ ဘာဆိုင်ပဲဖွင့်ဖွင့်၊ ဘာပစ္စည်းပဲရောင်းရောင်းဒီဆိုင်ပိုင်ရှင် ဦးဆောင်သူ အတွေးအခေါ်ဘယ်လောက်ရှိတယ်ဆိုတာ စားသုံးသူတွေ ခံစားရတယ်။ဒါကြောင့် လုပ်ငန်းတစ်ခုမှာ ဝိညာဉ်

စီးပွားရေးဆိုတာ
ငွေတစ်ခုတည်းအတွက်
ဖြစ်တည်လာတာ မဟုတ်ဘူး။
Read More »