Dr. Phyo Paing

https://yec.company

စကားနောက် တရားပါတဲ့အတွက် ကိုယ့်ကိုအကျိုးမရှိစေတဲ့စကားတွေ မပြောဘူး။
နားမထောင်ဘူး။

လူအများစုရဲ့ နေ့စဥ်ဘဝတွေအဆင်ပြေရဲ့လားလို့မေးကြည့်။ဒီလိုပါပဲ။ ငရဲရောက်နေသလိုပဲ။ဒီလို အဖြေအများစု ကြားဖူးကြလိမ့်မယ်။​ ကျွန်တော်အမုန်းဆုံးမေးခွန်းက“အဆင်ပြေလား” ဆိုတဲ့မေးခွန်းပဲ။ဒီက စာမေးပွဲအောင်သလားဆိုတဲ့မေးခွန်းနဲ့ တူတယ်။ ဘယ်လို အခြေအနေမျိုးဖြစ်နေနေအဆင်ပြေနေတာကအခြေခံ standard ပဲ။ စကားနောက် တရားပါတဲ့အတွက်ကိုယ့်ကိုအကျိုးမရှိစေတဲ့စကားတွေ မပြောဘူး။နားမထောင်ဘူး။ အပြင် culture တွေ၊ politics တွေ၊economy တွေ ကိုတိုက်ရိုက်လွမ်းမိုးလို့မရနိုင်ဘူး။​ဘာတွေဆက်ဖြစ်မယ်ဆိုတာဘယ်သူမှလဲ ကောင်းကောင်းမသိဘူး။ ဒီတော့ လုပ်လို့ရတာကိုယ့်ရဲ့ attitude, belief နဲ့ စဥ်းစားပုံကို၁၀၀% လွမ်းမိုးလို့ရတယ်။ဒီကနေ စရမယ် လို့စဥ်းစားမိတယ်။ အားလုံးလိုချင်တာရဖို့ကကိုယ့်ကိုကိုယ်အရင်တည်ဆောက်ယူဖို့ပဲမဟုတ်လား။ Phyo Paing @ Derek

စကားနောက် တရားပါတဲ့အတွက် ကိုယ့်ကိုအကျိုးမရှိစေတဲ့စကားတွေ မပြောဘူး။
နားမထောင်ဘူး။
Read More »

ကျေးဇူးတင်စရာတွေကို
ပိုတန်ဖိုးထားရမယ်ဆိုတာ
သိလာစေတဲ့အတွက်
ဘဝဟာပို ++ ဖြစ်လာတယ်။

ဘဝထဲ တချို့လူတွေဝင်လာတယ်။ကိုယ့်ဘဝအရင်ထက်အစစ အရာရာပိုကောင်းမွန်လာတယ်။ကျေးဇူးတင်စရာတွေပေးတယ်။ဘဝဟာ + ဖြစ်လာတယ်။ ဘဝထဲ တချို့လူတွေဝင်လာတယ်။စိတ်ဆင်းရဲစရာတွေ၊ ဝေဖန်မှုတွေ၊အပျက်သဘောဆောင်အတွေးတွေ၊ပေးဖို့ထက် ယူဖို့အတွေးတွေယူလာတယ်။သင်ခန်းစာတွေပေးသွားတယ်။Double + ပေးလိုက်တယ်။ ကျေးဇူးတင်စရာတွေကိုပိုတန်ဖိုးထားရမယ်ဆိုတာသိလာစေတဲ့အတွက်ဘဝဟာပို ++ ဖြစ်လာတယ်။ Phyo Paing @ Derek

ကျေးဇူးတင်စရာတွေကို
ပိုတန်ဖိုးထားရမယ်ဆိုတာ
သိလာစေတဲ့အတွက်
ဘဝဟာပို ++ ဖြစ်လာတယ်။
Read More »

ပြဿနာဆိုတာ နောက်တစ်ဆင့်တက်ဖို့
လှေကားထစ်တွေပဲ။

ပြဿနာတွေကို ကြိုဆိုပါ။အသက် ၁၀၀ နေဖို့မသေချာပေမယ့်အမှု ၁၀၀ မက ကြုံတွေ့နိုင်တယ်။ ပြဿနာတိုင်းက လှေကားထစ်တွေပဲ။သူ့ကို ကျော်လွှားသွားနိုင်ရင်နောက်တစ်ဆင့် ရောက်သွားမယ်။အမြင့်တစ်နေရာက အရင်မမြင်ဖူးတဲ့မြင်ကွင်းတွေကို မြင်ရမယ်။ ရှောင်ဖယ်နေရင်တော့ တစ်သက်လုံးခေါင်းမော့ပြီး ကြောက်စိတ်တွေနဲ့တစ်သက်လုံး နေနေရလိမ့်မယ်။ ပြဿနာဆိုတာ နောက်တစ်ဆင့်တက်ဖို့လှေကားထစ်တွေပဲ။ Phyo Paing @ Derek

ပြဿနာဆိုတာ နောက်တစ်ဆင့်တက်ဖို့
လှေကားထစ်တွေပဲ။
Read More »

အပေါ်ယံကြည့်ရင် အရာရာက လွယ်တယ်။

အပေါ်ယံကြည့်ရင် အရာရာက လွယ်တယ်။ ကိုယ်သေချာမသိတဲ့ အလုပ်ကိုအပေါ်ယံကြည့်ရင် အကုန်လွယ်လွယ်လေးလို့ ထင််တတ်ကြတယ်။ ကော်ဖီဆိုင်ဖွင့်ဖို့ လွယ်တယ်လို့ထင်တတ်ကြတယ်။ သင်တန်းကျောင်းဖွင့်ဖို့ လွယ်တယ်လို့ထင််တတ်ကြတယ်။ ဆိုင်တစ်ဆိုင်ဖွင့်ရတာ အရမ်းလွယ်တယ်လို့ထင်တတ်ကြတယ်။ မားကတ်တင်းလုပ်ရတာ လွယ်တယ်လို့ထင်တတ်ကြတယ်။ Influencer လုပ်ရတာတင်ချင်တာတွေ တင်ရင်ရတာပဲလွယ်လွန်းတယ်လို့ထင်ကောင်းထင်ကြလိမ့်မယ်။ လူတွေကို မနက်ကနေ ညအထိ ကိုယ့်စကားနားထောင်ပြီး လေးငါးရက်လောက် သင်တန်းတက်အောင်လုပ်ဖို့ လွယ်တယ်လို့ ထင်ကောင်းထင်မယ်။ အရာရာကို အပေါ်ယံကြည့်ရင်အရာရာလွယ်တယ်လို့ ထင်တတ်ကြတယ်။ အမှန်တကယ် ဝေဖန်ခံရတာ၊တိုက်ခိုက်ခံရတာ၊ဘဝက ကိုယ့်ကို lessons တွေပေးတာ၊ပြိုင်ဆိုင်မှုတွေ၊ အခက်အခဲတွေကြားနောက်တစ်ဆင့်တက်ဖို့ ကြိုးစားကြံဆရတာ လူတွေသိချင်မှ သိမယ်။ အပေါ်ယံကြည့်ရင် အရာရာကလွယ်တယ်ထင်နိုင်တယ်။နဖူးတွေ့ ဒူးတွေ့မှာ ဘယ်လိုလဲဆိုတာ တကယ်လုပ်ကြည့်မှ သိတတ်ကြတယ်။ ဘယ်အလုပ်မဆို ဘေးကထိုင်ပြီးကြည့်ရတာပိုလွယ်တယ်။ ဖြစ်မြောက်အောင် လုပ်တာ၊ ရေရှည်တည်တံ့အောင် လုပ်တာပိုခက်ခဲတယ်။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

အပေါ်ယံကြည့်ရင် အရာရာက လွယ်တယ်။ Read More »

အရာရာ ကိုယ့်ကိုကိုယ်
နားလည်မှုက စတင်တာပဲ။

ငယ်ငယ်က Motivation သင်တန်းတွေတက်ပြီးပျောက်သွားမှာ အရမ်းကြောက်ခဲ့ဖူးတယ်။ အဲ့လိုပဲ ၂ ပတ်တော့ခံတယ်။ ဘဝတစ်လျှောက်လုံးမော်တီတွေခံနေချင်တယ်။နည်းစနစ်တွေ လိုက်ရှာတယ်။နှစ်ပေါင်းများစွာ trial and error တွေဖြစ်တယ်။ နောက်ပိုင်း ကိုယ့်ကိုကိုယ်အရမ်းနားလည်သွားတယ်။ တခြားလုပ်ရတဲ့အရာတွေအရမ်းလွယ်ကူသွားတယ်။ အရာရာ ကိုယ့်ကိုကိုယ် နားလည်မှုက စတင်တာပဲ။ ကိုယ့်ကိုကိုယ် ၁ က ၁၀ ထိဆိုဘယ်လောက်နားလည်လဲပြန်ပြန်မေးကြည့်လို့ရတယ်။ Phyo Paing @ Derek

အရာရာ ကိုယ့်ကိုကိုယ်
နားလည်မှုက စတင်တာပဲ။
Read More »

လုပ်ငန်းရှင်ဆိုတာ Band Owner

လုပ်ငန်းရှင်ဆိုတာ Band Owner အစပိုင်းမှာ ကိုယ်က သီချင်းဆိုမယ်။သီချင်းဆိုတာလဲကျွမ်းတယ်။နောက် သီချင်းလဲရေးမယ်။ Piano လည်း ကိုယ်တိုင်တီးမယ်။နောက် Drum ပါတီးမယ်။ SME လုပ်ငန်းရှင်တွေအနေနဲ့လည်းအလားတူပါပဲ။အရာအားလုံး ကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျတတ်ကြတယ်။ SME Owner ဆိုတာBand ပိုင်ရှင်ဆိုတာ သိရမယ်။ အကုန် ကိုယ်တစ်ယောက်တည်းလုပ်ချင်လို့ မရဘူး။ အစပိုင်းမှာ လုပ်ငန်းကျွမ်းကျင်သူ Specialist ပြီးရင် Supporter နောက်ဆုံး Strategist နေရာကို တက်လှမ်းဖို့ လိုတယ်။ ကိုယ်က အခု ဘယ် Role မှာလဲ ?ပြန်ဆန်းစစ်ဖို့လိုတယ်။ Phyo Paing @ DerekFounder @ AkyanPay AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတည်ဆောက်ပါ။#Akyanpay

လုပ်ငန်းရှင်ဆိုတာ Band Owner Read More »

ယူဆချက်အမှားတွေကို မေးခွန်းထုတ်ပါ။

ယူဆချက်အမှားတွေကို မေးခွန်းထုတ်ပါ။ ဝန်ထမ်း ဘယ်နှစ်ယောက်ရှိသလဲ ?ရုံးခန်း ဘယ်လောက်ကျယ်သလဲ ?လူတွေ အထင်ကြီးအောင် ဘယ်လောက်လုပ်နိုင်သလဲ ? တခါတလေကျရင် လူအများစုယုံကြည်ထားတဲ့ ယူဆချက်အမှားတွေကြောင့်တချို့လူတွေ လမ်းလွဲသွားတတ်ကြတယ်။ အောင်မြင်မှုတစ်ခုကို တိုင်းတာတဲ့အခါဝန်ထမ်းများမှ၊ ရုံးခန်းကြီးမှ၊ ဆိုင်ခွဲတွေ အများကြီးရှိမှ၊ လူရှိန်အောင် Billboard တွေထောင်မှnecktie တွေ၊ suit တွေနဲ့မှအောင်မြင်မှုလို့ သတ်မှတ်တတ်ကြတယ်။ ဒီ society က သတ်မှတ်ထားတဲ့ အယူအဆမှားတွေနဲ့ အထင်မြင်မှားတွေကိုမေးခွန်းထုတ်ဖို့လိုတယ်။ ပတ်ဝန်းကျင်က သတ်မှတ်ချက်အမှားတွေကကျွန်တော်တို့နှလုံးသားထဲက သွားချင်တဲ့လမ်းကြောင်းတွေကို လမ်းလွဲစေနိုင်တယ်။ ကောင်းမွန်တဲ့ ဘဝတစ်ခုအတွက်မေးခွန်းကောင်းတွေ လိုတယ်။ ကိုယ့်အလုပ်က လူတွေရဲ့ဘဝကို ဘယ်လောက် ကောင်းမွန်တဲ့ သက်ရောက်မှုရှိစေမလဲ ? လူတွေရဲ့ ဘဝ ပိုကောင်း၊ ပိုလှ၊ ပိုပျော်အောင်ဘာတွေလုပ်ပေးရမလဲ ? လူတွေလုပ်နေကျ ဘယ်အမှားတွေကိုမှန်အောင် လုပ်ပေးမလဲ? ကိုယ်

ယူဆချက်အမှားတွေကို မေးခွန်းထုတ်ပါ။ Read More »

ကိုယ့်ကိုကိုယ် ပြန်ပြောမိတယ်
ရေတိုမကြည့်နဲ့။ စိတ်ရှည်ရှည် သွေးအေးအေးနဲ့ တစ်လှမ်းချင်းသွား။

ဒါလေးလုပ်ကြည့်ကြည့် Google မှာMarketing MyanmarMarketing In MyanmarDigital Marketing In MyanmarMarketing Myanmar Tik TokMarketing Trainer in MyanmarMarketing Plan in Myanmarဒါတွေရိုက်ရှာတဲ့အခါဘယ်သူ့ video ကိုတွေ့လဲ ပြောကြည့်ကြည့်။ ဒီလို ဖြစ်ဖို့ ကြိုတင်ပြင်ဆင်မှုလိုတယ်။မဟာဗျူဟာလိုတယ်။အဲ့လို လုပ်ဖို့ စိတ်ရှည်ဖို့လိုတယ်။ ဘဝဆိုတာတစ်နှစ်၊ နှစ်နှစ် ကစားရတဲ့ပြိုင်ပွဲဆယ်နှစ်၊ နှစ်နှစ်ဆယ်၊ သုံးလေးငါးဆယ်ကစားတဲ့ပွဲပဲ။ အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပဲ။အိမ်ငှါးခမပေးနိုင်ရင်ကန်ချခံရမယ်။ ကိုယ့်ကိုကိုယ် ပြန်ပြောမိတယ်ရေတိုမကြည့်နဲ့။စိတ်ရှည်ရှည် သွေးအေးအေးနဲ့တစ်လှမ်းချင်းသွား။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ပြန်ပြောမိတယ်
ရေတိုမကြည့်နဲ့။ စိတ်ရှည်ရှည် သွေးအေးအေးနဲ့ တစ်လှမ်းချင်းသွား။
Read More »

လုံခြုံမှု

ငယ်ငယ်က ဘဝမှာ တစ်ခုခုဆို မိဘက ကိုယ့်ဖက်မှာရပ်တည်ပေးမည့်အစား တခြားသူပြောစကားကို ပိုနားထောင်တဲ့အချိန်တွေရှိမယ်။ ဒါမှ မဟုတ် ကိုယ်တန်ဖိုးထားတဲ့သူချစ်တဲ့သူ၊ အရင်းအနှီးဆုံးလူကကိုယ့်စကားအစား တခြားသူတွေစကားပိုနားဝင်တဲ့အချိန်တွေ ရှိကောင်းရှိမယ်။ ဒီအချက်တွေက တချို့သူတွေကိုစိတ်ဓာတ်ရေးရာ လုံခြုံမှုကင်းမဲ့စေတယ်။ ဒီအချက်ကြောင့် တချို့ကိစ္စတွေအကြောင်းအရာတွေကို ရေငုံနှုတ်ပိတ်ပြီး နေတတ်တာမျိုးဖြစ်လာတတ်တယ်။မိသားစုနဲ့ တဖြေးဖြေး ဝေးသွားတတ်တယ်။ကိုယ့်ရဲ့ အတွေးအခေါ်ကို ဖော်ထုတ်ဖို့Express လုပ်ဖို့ခက်လာတတ်တယ်။ဒါက အစွမ်းအစကို ပိတ်စေတယ်။ လူတွေ အစွမ်းအစထွက်ဖို့Freedom to express လုပ်နိုင်ဖို့လိုတယ်။Freedom to express လုပ်ဖို့Psychological safety လိုတယ်။အဲ့ဒီအတွက် နားလည်မှုလိုတယ်။ Phyo Paing @ Derek

လုံခြုံမှု Read More »

တော်ကီ မားကတ်တင်း

တော်ကီဆိုတာ content ပဲ။Content ဆိုတာ Social Media မှာတင်တဲ့စာ၊ ဓာတ်ပုံ၊ video နဲ့အကုန်ပါတယ်။အတွေးအခေါ်၊ အဖြစ်အပျက်၊ ပုံပြင်၊ ဖြတ်သန်းမှုတွေအကုန်ပါတယ်။ လုပ်ငန်းတစ်ခုအတွက် အရေးအကြီးဆုံးနှစ်ပိုင်းထဲက တစ်ပိုင်းက Marketing ဖြစ်တယ်။ မားကတ်တင်းဆိုတာ ကိုယ့်ပစ္စည်း၊ ဝန်ဆောင်မှုလိုအပ်ချက်ရှိတဲ့အလားအလာရှိတဲ့ဖောက်သည်ကိုယ့်ကို ၁။ သိအောင်၂။ သဘောကျအောင်၃။ ယုံအောင်၄။ စမ်းသုံးအောင်၅။ ဝယ်အောင်၆။ ထပ်ဝယ်အောင်၇။ တခြားသူကိုညွှန်းအောင် လုပ်တဲ့ဖြစ်စဉ်ဖြစ်တယ်။ လူတွေသိ၊ကြိုက်၊ယုံ၊ စမ်း၊ ဝယ်၊ ထပ်၊ ညွှန်းအောင်အရင်ခေတ်က ကြော်ငြာတွေလုပ်ရတယ်။ ဒီနေ့ခေတ်က ကြော်ငြာနဲ့မရတော့ဘူး။ဒီနေ့ခေတ်အလုပ်ဖြစ်တဲ့ မားကတ်တင်းတစ်ခုပဲရှိတယ်။အဲ့ဒါ Content Marketing (内容营销) ပဲ။ ဒါ မားကတ်တင်းဘိုးအေကြီးတစ်ယောက်ပြောတာ။ ဒါကြောင့် တော်ကီဆိုတဲ့ Content က လုပ်ငန်းတိုင်းမှာလိုတယ်။ တော်ကီတစ်ခုဖန်တီးဖို့ ၁။ အတွေးအခေါ် Brand Philosophy

တော်ကီ မားကတ်တင်း Read More »