Dr. Phyo Paing

https://yec.company

အခြေခိုင်ဖို့ အခြေခံလိုတယ်။

စီးပွားရေးတိုးတက်နေတဲ့အချိန်အောင်မြင်နေတာ စစ်မှန်တဲ့အောင်မြင်မှုလို့ ခေါ်လို့မရနိုင်ဘူးလို့ယူဆတယ်။ ဘယ်အခြေအနေဖြစ်ဖြစ်ရပ်တည်နိုင်တာမှ အောင်မြင်မှုလို့သတ်မှတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့Dotcom bubble ကွဲထွက်တဲ့အချိန်ကုမ္ပဏီတွေ အစီအရီ ဒေဝါလီခံရတယ်။Google, Amazon, Microsoft နဲ့လက်တစ်ဆုပ်စာ ကုမ္ပဏီကတော့တောင့်ခံပြီး ပြန်လည်ကြီးထွားနိုင်တယ်။ 2002 မှာ SIRS ရောဂါဖြစ်တယ်။​ကုမ္ပဏီတွေ မရှိတော့ဘူး။Alibaba ကြီးထွားလာတယ်။ 2008 recession ဖြစ်တယ်။လူတွေအလုပ်ပြုတ်ကြသလိုတချို့ကုမ္ပဏီတွေ မရှိတော့ဘူး။ပြဿနာအသစ်တွေနဲ့ အတူAugust 2008 မှာAirbnb တို့လို ကုမ္ပဏီတွေထွက်ပေါ်လာတယ်။March 2009 မှာUber ထွက်ပေါ်လာတယ်။ ဘာကြောင့် တချို့ကုမ္ပဏီတွေဒေဝါလီခံသွားတဲ့ အချိန်မှာတချို့တွေ ရှင်သန်ပြီး ပြန်လည်ကြီးထွားအသစ်တွေ ဖန်တီးနိုင်တာလဲဆိုရင်အခြေခံ ခိုင်တဲ့အတွက်ဖြစ်တယ်။​ ဒါကို Amazon ရဲ့ Founder Jeff Bezos ကရှင်းရှင်းလေး ရှင်းပြထားတယ်။လူတွေက အနာဂတ်မှာ ဘာတွေပြောင်းမလဲသူ့ကို လာမေးတယ်။​အနာဂတ်မှာ ပြောင်းလဲမည့်အရာတွေအများကြီး ရှိတယ်။အဲ့ဒါထက် အရေးကြီးတဲ့အရာကအနာဂတ်မှာ ဘာတွေ […]

အခြေခိုင်ဖို့ အခြေခံလိုတယ်။ Read More »

အခြေခိုင်ဖို့ အခြေခံလိုတယ်။

စီးပွားရေးတိုးတက်နေတဲ့အချိန်အောင်မြင်နေတာ စစ်မှန်တဲ့အောင်မြင်မှုလို့ ခေါ်လို့မရနိုင်ဘူးလို့ယူဆတယ်။ ဘယ်အခြေအနေဖြစ်ဖြစ်ရပ်တည်နိုင်တာမှ အောင်မြင်မှုလို့သတ်မှတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့Dotcom bubble ကွဲထွက်တဲ့အချိန်ကုမ္ပဏီတွေ အစီအရီ ဒေဝါလီခံရတယ်။Google, Amazon, Microsoft နဲ့လက်တစ်ဆုပ်စာ ကုမ္ပဏီကတော့တောင့်ခံပြီး ပြန်လည်ကြီးထွားနိုင်တယ်။ 2002 မှာ SIRS ရောဂါဖြစ်တယ်။​ကုမ္ပဏီတွေ မရှိတော့ဘူး။Alibaba ကြီးထွားလာတယ်။ 2008 recession ဖြစ်တယ်။လူတွေအလုပ်ပြုတ်ကြသလိုတချို့ကုမ္ပဏီတွေ မရှိတော့ဘူး။ပြဿနာအသစ်တွေနဲ့ အတူAugust 2008 မှာAirbnb တို့လို ကုမ္ပဏီတွေထွက်ပေါ်လာတယ်။March 2009 မှာUber ထွက်ပေါ်လာတယ်။ ဘာကြောင့် တချို့ကုမ္ပဏီတွေဒေဝါလီခံသွားတဲ့ အချိန်မှာတချို့တွေ ရှင်သန်ပြီး ပြန်လည်ကြီးထွားအသစ်တွေ ဖန်တီးနိုင်တာလဲဆိုရင်အခြေခံ ခိုင်တဲ့အတွက်ဖြစ်တယ်။​ ဒါကို Amazon ရဲ့ Founder Jeff Bezos ကရှင်းရှင်းလေး ရှင်းပြထားတယ်။လူတွေက အနာဂတ်မှာ ဘာတွေပြောင်းမလဲသူ့ကို လာမေးတယ်။​အနာဂတ်မှာ ပြောင်းလဲမည့်အရာတွေအများကြီး ရှိတယ်။အဲ့ဒါထက် အရေးကြီးတဲ့အရာကအနာဂတ်မှာ ဘာတွေ

အခြေခိုင်ဖို့ အခြေခံလိုတယ်။ Read More »

Sapwar ဆပွါး

လှည့်ကြည့်စရာမလိုတဲ့ Marketing Teamတည်ဆောက်ဖို့ SAPWAR (ဆပွါး) လိုတယ်။ ၁။ S – Strategic Thinking Skill၂။ A – Analytical Skill၃။ P – Project Management Skill၄။ W – Writing skill (Copywriting, Content writing & Creation Skills)၅။ A – Ads strategy and implementation skill (Media Buying Skills)၆။ R – Research Skill (Market, Marketing, Product, Business and Industry, etc) Phyo Paing @

Sapwar ဆပွါး Read More »

ကိုယ့်ကိုကိုယ် limit လုပ်ထားတဲ့အရာတွေ မရှိဘူး။

ဆေးကျောင်းပထမနှစ် test စာမေးပွဲမှာဘာသာစုံ ၇ ဘာသာအောင်တာအရင်နှစ်က အယောက် ၆၀၀ မှာအယောက် ၂၀ မပြည့်ဘူးသားကြီး။စိတ်ကူးယဉ်မနေနဲ့။ အဲ့ကုမ္ပဏီက နှစ်ဆယ်သုံးဆယ်မှာတစ်ယောက်လောက်ပဲရွေးတာနော်။မလွယ်ဘူးထင်တယ်။ ဟင် UK Graduate Level 6 Diploma ကိုငါးလနဲ့ ဖြေမလို့။ဆုတောင်းမှပဲရလိမ့်မယ်။သူများ Level 4 က တက်လာတာနှစ်နှစ်ခွဲရှိပြီ မအောင်သေးဘူး။ ဟင် သင်တန်းကျောင်းဖွင့်မလို့လား။ထသွားမှ ကျိုးမှန်းသိမယ်နော်။ တ နဲ့ သလဲ မပီပဲနဲ့ သင်တန်းဆရာဘယ်လိုဖြစ်မလဲသားရယ်။ မန္တလေးကစတဲ့ သင်တန်းဆရာရန်ကုန်ထိသွားသင်တာ သိပ်မရှိဘူးနော်။ မားကတ်တင်းလို့ပြောလိုက်ရင်အရှေ့မှာဆရာကြီးတွေရှိနေပြီဘယ်လိုစျေးကွက်ဖောက်မှာလဲ။ Subscription business modelမြန်မာပြည်မှာ မဖြစ်နိုင်သေးဘူး။ ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းဆိုတာမြန်မာပြည်မှာ မဖြစ်နိုင်ပါဘူးကွာ။ တစ်ရက်ကိုစာတစ်အုပ်ဖတ်တယ်ဆိုတာမဖြစ်နိုင်ပါဘူးကွာ။ လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့လားဝိတ်အရင်ချကြည့်ပါလား။စောင့်ကြည့်နေတယ်နော်ဆရာဖြိုး။ Coachsulting က မြန်မာပြည်မှာစောနေပါသေးတယ်။ မဖြစ်နိုင်ဘူး၊ မလွယ်ဘူးဆိုတဲ့စကားတွေဟာကိုယ့်ကိုပြောကြတာ မဟုတ်ဘူးလို့အမြဲယူဆထားတယ်။ လူတိုင်းက သူ့ခေါင်းထဲမှာရှိတဲ့ ပုံရိပ်ကိုအပြင်လောကကြီးကို မီးမောင်းထိုးလိုက်တာပဲ။

ကိုယ့်ကိုကိုယ် limit လုပ်ထားတဲ့အရာတွေ မရှိဘူး။ Read More »

လောကဓံနဲ့ ကိုယ်နဲ့ဘယ်သူပိုသန်မာလဲနောက်ဆုံး မသေခင်ထိ အားပြိုင်ရမှာပဲ။

နံနက်ခင်းမှာ သတင်းကောင်းတစ်ခုကတော့Akyanpay App အသစ်ကိုApple က AppStore အတွက်Approved လုပ်လိုက်ပါပြီ။ အိမ်တော့ဆောက်ပြီးပြီအထဲမှာ decoration လုပ်ဖို့နဲ့လိုအပ်တာတွေ ဖြည့်ဖို့ပဲ ကျန်တော့မယ်။​ စမ်းသပ်ပြင်ဆင်စရာလေးတွေရှိပေမယ့်App ကို အစအဆုံးပြင်ဆင်မှုတွေပြန်လုပ်ရတဲ့အတွက် အချိန်ကသတ်မှတ်ချိန်ထက် တစ်လပိုကြာသွားမယ်။ ကျွန်တော့် personal mission ကကိုယ်မရှိတော့ရင်တောင် ကိုယ့်ရဲ့ဖန်တီးမှုတွေကို လုပ်ငန်းရှင်၊​စွန့်ဦးတီထွင်၊ ရည်မှန်းချက်ကြီးတဲ့သူတွေ၊တကယ်ကြိုးစားတဲ့သူတွေ၊တိုးတက်ရေးကို ရူးသွပ်သူတွေ၊ကိုယ့်အနာဂတ်၊ ကိုယ်နေထိုင်တဲ့နေရာအနာဂတ်ကို တိုးတက်အောင်ကူညီနေသူတွေအတွက်personal, professional, business developmentပိုင်းတွေ ဆက်လက်ပံပိုးပေးနေချင်တာပါ။ ဘဝတစ်ခုလုံးကိုကျွန်တော်တို့ တည်ဆောက်နေတဲ့အိမ်မက်ထဲမှာ ၁၀၀% ပေးထားတယ်။ဒါကြောင့်YEC-Managed Brand အခု 20+YEC-Business Services 7+ နဲ့YEC-Capital တွေကို အစပျိုးဖြစ်တာဖြစ်ပါတယ်။ဒီပထမအဆင့်ပြီးရင်တကယ်အရမ်းလုပ်ချင်နေတဲ့ဒုတိယအဆင့်လာမယ်။ Brand တည်ဆောက်တဲ့အခါBranded House လို့ခေါ်တဲ့ Sony တို့လို၊Caterpillar တို့လို ဘာလာလာ တစ်ခုတည်းတည်ဆောက်လို့ရသလို၊Houses of Brand

လောကဓံနဲ့ ကိုယ်နဲ့ဘယ်သူပိုသန်မာလဲနောက်ဆုံး မသေခင်ထိ အားပြိုင်ရမှာပဲ။ Read More »

Unconscious Mind

ကိုယ့်ရဲ့အတွင်း မသိစိတ် ဖြစ်ချင်တာနဲ့ဖြစ်နေတာနဲ့ ဆန့်ကျင်ဖက် ဖြစ်တဲ့အခါအစွမ်းအစတွေ၊ အိုင်ဒီယာတွေပိတ်နေတတ်ပါတယ်။ Phyo Paing @ Derek

Unconscious Mind Read More »

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ
တည်ဆောက်ဖို့ “အမြတ်” ရှိနေဖို့လိုတယ်။

Coup ဖြစ်ကတည်းကကိုယ်ချင်းစာဖို့ကောင်းပြီး မေ့နေတတ်တဲ့ထဲမှာ လုပ်ငန်းရှင် အသေး၊ အလတ်၊ အကြီးအကုန်ပါကောင်းပါနိုင်တယ်။ဘာကြောင့်လဲဆိုတော့ သူတို့နောက်မှာမိသားစုတွေ အများကြီးရှိသလိုမတည်ငြိမ်မှုတွေကြောင့် အနာဂတ်ကလဲအစိုးမရသလို၊ လုပ်ငန်းကြော်ငြာရမလား၊ရပ်ထားရမလား တော်တော်လေး ဒွိဟဖြစ်တတ်ကြတယ်လို့ ယူဆတယ်။ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ဖို့ “အမြတ်” ရှိနေဖို့လိုတယ်။ အမြတ်နဲ့ အရောင်းမတူဘူး။ရောင်းရပြီးရှုံးနေတဲ့ ရောင်းရှုံးဆိုတာလဲရှိတယ်။ လုပ်ငန်းတစ်ခု အမြတ်တိုးတက်ဖို့လိုတဲ့အတွက်ကိုယ့်ကိုကိုယ် မိတ်ဆက်ရင် Productivity နဲ့ Profit ကိုတိုးတက်အောင်ကူညီပေးတဲ့ မားကတ်တင်း trainer and consultant လို့ပဲ အလွယ်တကူ မိတ်ဆက်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ profit က အသက်ပဲ။ကိုယ်နဲ့ ဝန်ထမ်း၊ ဖောက်သည်၊ ဆက်စပ်သူတွေအားလုံးအဆင်ပြေဖို့ profit ရှိဖို့အတွက်သုံးခု လုပ်လို့ရတယ်။ ၁။ ဖောက်သည် အရေအတွက်များအောင်၂။ ဖောက်သည်ဝယ်ယူတဲ့ ကြိမ်နှုန်းများအောင်၃။ ဖောက်သည် ဝယ်တဲ့ပမာဏများအောင် Number x Frequency

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ
တည်ဆောက်ဖို့ “အမြတ်” ရှိနေဖို့လိုတယ်။
Read More »

လုပ်ငန်းရှင်တွေအနေနဲ့ အရာရာကို ကိုယ်တိုင်လုပ်မှစိတ်ကျေနပ်တဲ့ အကျင့်ဖယ်ဖို့လိုတယ်။

ကိုယ်တိုင်လုပ်ရင် ၁၅ မိနစ်လောက်နဲ့ပြီးနိုင်တာသိတယ်။ဒါပေမယ့် တခြားသူတွေလုပ်တတ်အောင်၂ ရက် ၃ ရက်လောက် အချိန်ပေးရတယ်ဆိုတာတချိန်သူတို့ကို delegation တာဝန်လွဲလို့ရအောင်ပါ။ဘယ်အလုပ်မဆို learning curve ဆိုတာရှိတယ်။လုပ်ငန်းရှင်တွေအနေနဲ့ အရာရာကို ကိုယ်တိုင်လုပ်မှစိတ်ကျေနပ်တဲ့ အကျင့်ဖယ်ဖို့လိုတယ်။မှားပါစေ။ မဆဲနဲ့။ သူတို့ လေ့လာသင်ယူနေတာကိုစိတ်ရှည်ရှည်ထားဖို့တော့ လိုတယ်။ Phyo Paing @ Derek

လုပ်ငန်းရှင်တွေအနေနဲ့ အရာရာကို ကိုယ်တိုင်လုပ်မှစိတ်ကျေနပ်တဲ့ အကျင့်ဖယ်ဖို့လိုတယ်။ Read More »

ကိုယ့်လုပ်ငန်းထက် ကိုယ်ကြီးနေဖို့
ကိုယ့်ကိုကိုယ် အားဖြည့်ပါ။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်တဲ့အခါ ကိုယ်က ကိုယ့်လုပ်ငန်းထက်ကြီးဖို့လိုအပ်တယ်။ ကိုယ့်လုပ်ငန်းက ကိုယ့်ထက်ကြီးနေရင်ကိုယ်အနေနဲ့ တိုးတက်သင့်သလောက်မတိုးတက်တဲ့ အဓိပ္ပာယ်ပဲ။ ကိုယ့်လုပ်ငန်းထက် ကိုယ်ကြီးနေဖို့ကိုယ့်ကိုကိုယ် အားဖြည့်ပါ။ Akyanpay ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ပါ။ #Akyanpay

ကိုယ့်လုပ်ငန်းထက် ကိုယ်ကြီးနေဖို့
ကိုယ့်ကိုကိုယ် အားဖြည့်ပါ။
Read More »

အက်ရှင်က ပါဝါပဲ။

သိပြီးမလုပ်တာက မသိတာနဲ့ တူတူပဲလို့ယူဆထားတယ်။ လိုချင်တာ မြန်မြန်အကောင်ထည်ပေါ်ဖို့MCA လိုတယ်။ Massive and Consistent Actionပြင်းထန်ပြီး ဇွဲရှိရှိလုပ်ရပ်တွေလိုတယ်။ Phyo Paing @ Derek

အက်ရှင်က ပါဝါပဲ။ Read More »