Dr Phyo Paing

“ဘာပဲဖြစ်ဖြစ်”

လူတွေကို စိတ်ဒုက္ခအပေးဆုံးစကားလုံးတစ်လုံးက“အရင်တုန်းကလို”။ ကယ်တင်တဲ့စကာလုံးတစ်ခုက“ဘာပဲဖြစ်ဖြစ်”။ Phyo Paing @ Derek

“ဘာပဲဖြစ်ဖြစ်” Read More »

နေ့တိုင်း အိမ်စာလုပ်
လေ့လာနေရမှာပဲ။

ကိုယ်လုပ်နေတဲ့အလုပ်မှာ တစ်ဖက်ကမ်းခပ်ပြီးအစားထိုးလို့မလွယ်တဲ့သူဖြစ်ဖို့နေ့တိုင်း အိမ်စာလုပ်လေ့လာနေရမှာပဲ။ ကိုယ့်နယ်ပယ်မှာ နာမည်ကြီးပြီးအရမ်းကောင်းတဲ့ အိုင်ဒီယာတွေနည်းစနစ်တွေ သိဖို့ဖတ်မှတ်လေ့လာ၊ အသုံးချ၊ စမ်းကြည့်အမြဲ update ဖြစ်နေဖို့လိုတယ်ထင်တယ်။ဒါမှလဲ ကိုယ့်အလုပ်ကို တန်ဖိုးထားရာကျမှာ။ Phyo Paing @ Derek

နေ့တိုင်း အိမ်စာလုပ်
လေ့လာနေရမှာပဲ။
Read More Âť

စီးပွားရေးဆိုတာ အခက်အခဲဖြေရှင်းတဲ့
ဂိမ်းတစ်ခုမို့လို့ပါ။

ဒီလောက်အခက်အခဲတွေကြားမှာ ဘာကြောင့် စီးပွားရေးလုပ်နေသေးသလဲ။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးဆိုတာ အခက်အခဲဖြေရှင်းတဲ့ ဂိမ်းတစ်ခုမို့လို့ပါ။ ခေတ်စနစ်၊ သတင်း တစ်ချက်တစ်ချက်ပြောင်းသွားတိုင်း စျေးကွက်ပြဿနာတွေပြောင်းပြောင်းသွားတယ်။ ဒီစျေးကွက်ပြဿာနာတွေကို ကူညီဖြေရှင်းရင်းအသက်မွေးဝမ်းကျောင်းပြုတာ လုပ်ငန်းရှင်တွေရဲ့ တာဝန်ပဲ။ မဟုတ်ရင် လူ့အဖွဲ့အစည်းကြီးကရပ်သွားမှာပဲ။ ဖေ့ဘုတ်ကြီးပိတ်တော့ဒါကြီးသုံးလို့ရအောင် ဖုန်းဆိုင်တွေ၊အိုင်တီကျွမ်းကျင်သူတွေက နည်းလမ်းတွေရှာကြတယ်။ ငွေလဲနှုန်းတွေ ကမောက်ကမဖြစ်တော့ဆိုင်တွေ ဒီနေ့ရောင်းရငွေတိုင်းကို ကျပ်ငွေနဲ့ သိမ်းထားတဲ့အစားပစ္စည်းချက်ချင်းပြန်ဝယ်တယ်။ပိုဝယ်တယ်။ ဒီလို ပြဿနာတွေတော့ တစ်ခုစဥ်းစားမိတာလူတွေဟာ ကျွန်တော်တို့ထင်တာထက်ပို သန်မာပြီး ဒူပေဒါပေခံကြတယ်။ Akyanpayကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

စီးပွားရေးဆိုတာ အခက်အခဲဖြေရှင်းတဲ့
ဂိမ်းတစ်ခုမို့လို့ပါ။
Read More Âť

လူတိုင်းနဲ့ ကိုယ်နဲ့ သွားတဲ့လမ်းမတူလဲ
မပြိုင်လဲ နိုင်နိုင်တယ်ဆိုတာ သိဖို့။

အသက် ၁၀၀ မနေရလဲအမှု ၁၀၀ ကြုံရမှာပဲ နှလုံးသွင်းပြီးပြဿနာအဖြေရှာတတ်မှု၊ ဒီလိုအဖြေရှာဖို့ ပညာကိုတန်ဖိုးထားဖို့။ စိတ်ရှည်ဖို့၊ ကိုယ့်ဘဝ ကိုယ်နဲ့ဆိုင်တာ သိဖို့၊ လူတိုင်းနဲ့ ကိုယ်နဲ့ သွားတဲ့လမ်းမတူလဲမပြိုင်လဲ နိုင်နိုင်တယ်ဆိုတာ သိဖို့။ အချိန်ဆိုတာ လူတစ်ယောက်ရဲ့အရေးအကြီးဆုံး အင်နာဂျီယူနစ်ဖြစ်တဲ့အကြောင်း၊ဒူပေဒါပေခံမှု၊ လဲကျပြန်ထ ဒါဘဝဆိုတဲ့ အကြောင်းကိုယ့်ကိုယ်ကိုယ် အမြဲပြောပြီးအားယူခဲ့တယ်။ Phyo Paing @ Derek

လူတိုင်းနဲ့ ကိုယ်နဲ့ သွားတဲ့လမ်းမတူလဲ
မပြိုင်လဲ နိုင်နိုင်တယ်ဆိုတာ သိဖို့။
Read More Âť

ပညာသင်တဲ့ ရည်ရွယ်ချက်က
မှန်ကန်တဲ့ အမြင်ရှိဖို့။

လူတွေ ဘာကြောင့်လိုတာထက်ပိုစိတ်ဆင်းရဲကြရသလဲ။ မှန်ကန်တဲ့အမြင်မရှိလို့ပါ။ ဒါကြောင့် မဂ္ဂင်ရှစ်ပါးမှာ ပထဆုံးတစ်ပါးက သမ္မာဒိဋ္ဌိ မှန်သော အယူအမြင်ရှိရမယ်တဲ့။ ယုံကြည်မှုတစ်ခုတည်းနဲ့မရဘူး။ မှန်ကန်တဲ့အမြင်လိုပါတယ်။ တိုက် ၁၂ ပေါ်က ခုန်ချရင်မသေဘူးလို့ ယုံကြည်ပြီးသမန်သလင်းပေါ်ခုန်ချမသေရင်တောင် ခြေကျိုးလက်ကျိုးဖြစ်မှာပဲ။ ပညာသင်တယ်ဆိုတာ မှန်ကန်တဲ့အမြင်ရှိဖို့။ လောကသဘာဝအကြောင်းသိဖို့ ရူပဗေဒကိုသင်တယ်။ရေခဲတုန်းကို ပူနေတဲ့ရေထဲထည့်အရေပျော်သွားတဲ့ အစရှိတဲ့ဓာတ်ပြုမှုတွေကိုစနစ်တကျသိဖို့ ဓာတုဗေဒသင်တယ်။ လူတွေရဲ့ခန္ဓာဖွဲ့စည်းပုံသိဖို့ ခန္ဓာဗေဒ anatomy သင်တယ်။ နိုင်ငံ့စီးပွားရေး၊ ကမ္ဘာ့စီးပွားနားလည်ဖို့ဘောဂဗေဒ ပညာသင်တယ်။ အစရှိတဲ့ ပညာရပ်တွေကို “သေချာ”“ထဲထဲဝင်ဝင်” သိလေလေ မှန်ကန်တဲ့အမြင်ရှိလေလေ။ လီကွန်းယူက သူ့နိုင်ငံတည်ဆောက်တော့သူ့ဦးဆောင်သူတွေနဲ့ ဒါတွေကို မလေ့လာပဲ စလုံးကိုတည်ဆောက်လို့ ရမယ်ထင်သလား။မရနိုင်ဘူး။ ပညာသင်တဲ့ ရည်ရွယ်ချက်က မှန်ကန်တဲ့ အမြင်ရှိဖို့။ မှန်ကန်တဲ့ အမြင်ရှိရင်တွေးတတ်ကြံတတ် သမ္မာသင်္ကပ္ပ ရှိမယ်။ပြောဆိုတတ် သမ္မာဝါစာ ရှိမယ်။ လုပ်ကိုင်တတ် သမ္မာကမ္မန္တ ရှိမယ်။

ပညာသင်တဲ့ ရည်ရွယ်ချက်က
မှန်ကန်တဲ့ အမြင်ရှိဖို့။
Read More Âť

လောကမှာ ဦးနှောက်ကို လွှာသုံးမှရနိုင်မယ်။

ငွေကြေးကြွယ်ဝဖို့အမြန်ဆုံးလမ်းက ကိုယ်တိုင်အလုပ်လုပ်တာ။ လုပ်တဲ့သူတိုင်းက ချမ်းသာချင်မှချမ်းသာမယ်။သေချာလုပ်တတ်ရင်တော့လူနေမှုအဆင့်အတန်းတစ်ခုမှာတော့နေရမယ်။ ကိုယ်တိုင်လုပ်ငန်းလုပ်တဲ့အခါစျေးကွက်ပြဿနာကို သေချာသိဖို့လိုတယ်။ဒီလိုသိပြီးဖြေရှင်းနိုင်ဖို့ယဥ်ကျေးမှု၊ ဘာသာစကားနဲ့ အထာသိဖို့လိုနိုင်တယ်။ လုပ်ငန်းစဖို့နဲ့ အောင်မြင်နိုင်ခြေအများဆုံးကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ယဥ်ကျေးမှုသိ၊ ဘာသာစကားသိ၊ အထာသိပြီးတဲ့ စျေးကွက်ပေါ့။ လူဦးရေအရလဲ ကောင်းသလို၊စျေးကွက်ကို တခြားနိုင်ငံကလာလုတဲ့နှုန်းလဲနည်းတယ်။ပြဿနာကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာပြဿနာတွေပေါ့။ ငွေကြေးဖောင်းပွမှု အပါအဝင်။ သေချာတာတစ်ခုက နှစ်ပေါင်းများစွာကိုယ်တည်ဆောက်ထားတဲ့ စျေးကွက်ကို ဖယ်ပြီး တခြားနေရာတစ်ခုကိုသွားတာထက်နှစ်ခုစလုံးလုပ်လို့ရမည့်လမ်းကိုစဥ်းစားထားတာပိုကောင်းနိုင်တယ်။ တကယ့် case study တွေကြည့်ရင်အနောက်တိုင်းမှာ အပြီးအခြေချဖို့သွားပြီးပြန်လာတဲ့ အဆိုတော်၊ သရုပ်ဆောင်တွေရှိသလိုလုပ်ငန်းရှင်တွေထဲမှာ တခြားနေရာရောက်သွားတော့ကိုယ်ကစားနေရတဲ့ ဂိမ်းက မတူတော့ဘူး။ ဥပဒေသတွေက မတူတော့ဘူး။ဂိမ်းကို အစကနေ ပြန်လေ့လာရပြီ။ သေချာတာတစ်ခုက ကိုယ့်လုပ်ငန်းကို နှစ်ပေါင်းများစွာ တည်ဆောက်ပြီးသားဆို ဒါကြီးကို ပစ်ချခဲ့တာထက်ဘယ်နေရာမှာမဆို သုံးလို့ရနိုင်တဲ့ ၁။ Media Asset ကို

လောကမှာ ဦးနှောက်ကို လွှာသုံးမှရနိုင်မယ်။ Read More »

လူတစ်ယောက်ဟာ
အတွေးအခေါ် အဆိပ်ခပ်ခံရရင်
ပြေဖို့ အတော်ခက်တယ်။

အာရုံထွေပြားအောင်သတင်းတုတွေနဲ့လုပ်တယ်။တစ်ခုတည်းပေါ်အာရုံမစိုက်နိုင်အောင် အပျော်အပါးတွေနဲ့ ဖြားယောင်းတယ်။ သမာဓိမရှိစူးစိုက်မှုတွေ ပျောက်အောင်ဒေါသတွေ နဲ့ နှိုးဆွတယ်။ တစ်ကမ္ဘာလုံးမှာဖြစ်နေတာ။ တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ဘဝကိုယ်တာဝန်ယူနိုင်စွမ်းလိုတယ်။ ကိုယ့်မိသားစု ကိုယ်တာဝန်ယူနိုင်စွမ်းလိုတယ်။ ဒီနေ့လို လောကကြီးမှာ အကြည်ဓာတ်ပျောက်ဖို့လွယ်တယ်။အာရုံတွေထွေပြားဝေဝါးဖို့လွယ်တယ်။အာရုံစူးစိုက်အလုပ် လုပ်နိုင်ဖို့ ခက်တယ်။လက်လျော့လိုက်ဖို့လွယ်တယ်။အချိန်ဆွဲဖို့လွယ်တယ်။စည်းကမ်းရှိပြီး အခြေအနေဘယ်လိုဖြစ်နေပါစေနည်းလမ်းရှာပြီး စည်းကမ်းရှိရှိ ဆက်သွားဖို့ခက်တယ်။ အများဆုံးနေတဲ့နေရာကcomment ထဲက အပုပ်နံ့ပြင်းတဲ့နေရာမဖြစ်ဖို့လိုနိုင်တယ်။ ဒီနေ့ခေတ် ၁၀၀ ဘီလီယံဆဲလ်ရှိတဲ့ဦးနှောက်ကို မသုံးတတ်ရင်ပိုခက်မယ်။ အတွေးသိမ်၊ အမြင်သိမ်၊ မေးခွန်းမေးတာမှား၊ အယူအဆမှား၊ ယုံကြည်မှုမှား၊ အားကျစရာကို ဟားတိုက်၊ အားနေအပြစ်ပြော၊ အနာလို တိုက်ခိုက်နဲ့ကောင်းမွန်တဲ့ ဘဝ၊တန်ဖိုးရှိတဲ့ သူတစ်ယောက်အဖြစ်ဘဝတည်ဆောက်ဖို့ မလွယ်နိုင်ဘူး။ ဗုဒ္ဓအဆုံးအမ၊ ဆရာသမားတွေ ရဲ့အဆုံးအမ၊ပျက်စီးယိုယွင်းနေနဲ့ ပတ်ဝန်းကျင်မှာပတ်ဝန်းကျင်ထက်ပိုကြီးအောင်စဥ်းစားနိုင်ဖို့ အားဖြစ်စေတဲ့ အိုင်ဒီယာတွေ၊ ပညာရှင်တွေ၊ လူတော်တွေ၊ တန်ဖိုးရှိတဲ့သူတွေကို ကျေးဇူးတင်မိတယ်။ လူတစ်ယောက်ဟာအတွေးအခေါ် အဆိပ်ခပ်ခံရရင်ပြေဖို့ အတော်ခက်တယ်။ Phyo Paing

လူတစ်ယောက်ဟာ
အတွေးအခေါ် အဆိပ်ခပ်ခံရရင်
ပြေဖို့ အတော်ခက်တယ်။
Read More Âť

“မသိတာ”ကို “မရှိဘူး” ထင်တတ်တယ်။

“မသိတာ”ကို “မရှိဘူး” ထင်တတ်တယ်။ ဒါက “အလုပ်မဖြစ်တဲ့သူ”နဲ့“အလုပ်ဖြစ်တဲ့သူ” ကိုကွာခြားစေတဲ့ အချက်ပဲ။ လူအများစုက “မသိတာ”ကို“မသိလို့ မသိမှန်း” မသိဘူး။ မရှိဘူးလို့ပဲထင်တယ်။ အဖြေမရှာ ဖင်ပိတ်ငြင်းတတ်တယ်။ ဒါကြောင့် ထာဝရတိုင်ပတ်မှုတွေနဲ့ကြုံနေကြရတာဆိုမှားမယ်မထင်ဘူး။ Phyo Paing @ Derek

“မသိတာ”ကို “မရှိဘူး” ထင်တတ်တယ်။ Read More »

၂၄ နာရီမှာ ဘဝရဲ့ထိုးစစ်ဆင်ဖို့

ဘယ်လောက်ပဲ ချမ်းသာချမ်းသာ နေ့စဥ် ၂၄ နာရီပဲ သုံးရမှာပဲ။ နေ့စဥ် ၂၄ နာရီသုံးတဲ့အခါကိုယ့်အတွက်အကောင်းဆုံးဖြစ်အောင်စီမံတာက ဘဝကို စီမံတာပဲ။ ဝမ်းသာ၊ ဝမ်းနည်း၊ ပျော်ရွင်၊ ကြေကွဲ၊ရင်ခုန်၊ ရင်တုန်၊ တက်ကြွ၊ စိတ်ဓာတ်ကျ၊ဥာဏ်ကွန့်မြူး၊ ထိုင်းမိုင်းအကုန်လုံးက ဒီ ၂၄ နာရီအတွင်းဖြစ်တာပဲ။ ဒီ ၂၄ နာရီကို အကောင်းဆုံးအသုံးပြုနိုင်ဖို့အချိန်နဲ့ စားဝတ်နေရေး မလဲရအောင်အရင်ဖန်တီးဖို့လိုတယ်။ ဂိမ်းတစ်ခုမှာ မရှုံးအောင်ကစားတာနဲ့ နိုင်အောင် ကစားတာ မတူပါဘူး။ ခံစစ်ဖက်က ကစားတာနဲ့၊ထိုးစစ်ဖက်က ကစားတာမတူပါဘူး။ ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်ရတာခံစစ်ဖက်က ကစားတာပါ။ ဘဝတိုးတက်ရေးအတွက် အလုပ်လုပ်တာထိုးစစ်ဖက်က။ ဒါကြောင့် ခံစစ်ဖက်က ကစားနေရတဲ့အချိန်ရသမျှ ငွေကို မသုံးနဲ့။ဒီနေ့အတွက်ပဲ မကြည့်နဲ့။ အနာဂတ် အချိန်တွေ ခြွေတာပေးနိုင်အောင်လုပ်။ အနာဂတ် အချိန်တွေ ပိုထွက်လာအောင်လုပ်။ ဖြစ်နိုင်ရင် ကိုယ်မရှာပဲနဲ့

၂၄ နာရီမှာ ဘဝရဲ့ထိုးစစ်ဆင်ဖို့ Read More »