July 2025

ကိုယ့်ကိုကိုယ် ပြန်မေးရမှာ

ကိုယ့်ကိုကိုယ် ပြန်မေးရမှာလွန်ခဲ့တဲ့ သုံးလေးငါးနှစ်ကထက်ဘဝက ပိုကောင်းလာလား၊ပိုဆိုးလာလား။တစ်ကိုယ်ရည်ဘဝအတွက်စိတ်နဲ့ ခန္ဓာဘဝအရည်အသွေးတိုးတက်လာဖို့လိုတယ်လို့ထင်တယ်။ဒီအတွက်လဲ ဘယ်သူ့မှအားကိုးနေလို့မရပြန်ဘူး။ ငှက်ကလေးက သစ်ကိုင်းထက်အတောင်ကိုပိုအားကိုးဖို့လိုတတ်တဲ့အချိန်တွေရှိတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ပြန်မေးရမှာ Read More »

နေ့စဥ် ကိုယ့်အတွက်တန်ဖိုးရှိတဲ့
စိတ်အလုပ်တွေလုပ်နေဖို့လိုတယ်လို့ထင်တယ်။

စိတ်အလုပ်နဲ့ငွေရှာပါ။အချိန်နဲ့ငွေမရှာပါနဲ့။ Earn with your mind, not with your time တဲ့။ Naval Ravikant ပြောတဲ့စကားလေး။ တစ်ရက်ကျွန်တော်တို့ သေမင်းနဲ့တွေ့ကြတဲ့အခါငါဒီဘဝကို အကောင်းဆုံးအသုံးချခဲ့လား။ ဒီမေးခွန်းအတွက် အဖြေကောင်းအတွက်နေ့စဥ် ကိုယ့်အတွက်တန်ဖိုးရှိတဲ့စိတ်အလုပ်တွေလုပ်နေဖို့လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek

နေ့စဥ် ကိုယ့်အတွက်တန်ဖိုးရှိတဲ့
စိတ်အလုပ်တွေလုပ်နေဖို့လိုတယ်လို့ထင်တယ်။
Read More Âť

အသက်ရှင်နေသမျှ
ကိုယ့်ကိုကိုယ်ဆီက
ထွက်ပြေးသွားလို့မရဘူး။

ထားပြီးအဝေးကို ထွက်ပြေးသွားလို့မရတဲ့သူက“ကိုယ်” ပဲ။ အသက်ရှင်နေသမျှ ဒီခန္ဓာကိုယ်ကြီးကိုပိုင်ဆိုင်ချင်ချင်၊ မပိုင်ဆိုင်ချင်ချင်ပိုင်ဆိုင်နေရမယ်။ ဒီိခန္ဓာကိုယ်ကြီးနဲ့အတူ စဉ်းစားတဲ့ပုံစံကဖြတ်သန်းလာတဲ့ ဘဝ၊ ယုံကြည်မှု၊ တန်ဖိုးထားမှု၊သင်ယူလေ့လာခဲ့မှု၊ ဘိုးဘေးတွေရဲ့ ဒီအန်အေဒီကတစ်ဆင့်လက်ဆင့်ကမ်းလာတယ်။ ဒီခန္ဓာနဲ့ စိတ်ကို အသက်ရှင်နေသမျှပိုင်ဆိုင်နေရမှာဖြစ်တဲ့အတွက် ပြုစုပျိုးထောင်နေဖို့လိုတယ်။ ကိုယ့်ရဲ့အရေပြားအောက်မှာကိုယ့်ဘဝနေပျော်နေဖို့လိုတယ်။ ဒီလိုနေပျော်ဖို့ ကိုယ့်ရဲ့ hardware ဟတ်ဝဲဖြစ်တဲ့ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်အောင်၊ Software ဆော့ဝဲနဲ့တူတဲ့စိတ်ကို ဖြတ်လတ်နိုးကြားထက်မြက်ပြီးဗိုင်းရပ်ကပ်တာနည်းအောင်လေ့ကျင့်ပျိုးထောင်ဖို့လိုလာတယ်။ အသက်ရှင်နေသမျှကိုယ့်ကိုကိုယ်ဆီက ထွက်ပြေးသွားလို့မရဘူး။ ဒီတော့အကောင်းဆုံးနည်းကကိုယ့်ကိုကိုယ် ရန်မဖြစ်နဲ့။ အကောင်းဆုံးပြုစုပျိုးထောင်။ကိုယ့်အတွေး၊ အကြံအစီ၊ အလုပ်သုံးခုတစ်သားတည်းကျဖို့အလိုင်းမန့် alignment ချိန်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

အသက်ရှင်နေသမျှ
ကိုယ့်ကိုကိုယ်ဆီက
ထွက်ပြေးသွားလို့မရဘူး။
Read More Âť

တစ်ယောက်နဲ့တစ်ယောက်ရဲ့
ပိုကောင်းတဲ့ဘဝရဲ့
အဓိပ္ပာယ်ဖွင့်ဆိုမှုက တူချင်မှတူမယ်။

ဘဝဆိုတာ နှစ် ၈၀ ပရောဂျက်တစ်ခုပဲ။ ကိုယ်ကဘယ်လောက်နေတစ်ခါအက်ဒိတ် update လုပ်ဖြစ်နေလဲ။ အသိပညာ၊ အတတ်ပညာ၊အတွေးအခေါ်၊ အမူအကျင့်။ ကိုယ့်ရဲ့ အသစ်ဗားရှင်းnew version, next version ဖန်တီးဖို့အတွက်၊ အတွေးအခေါ်၊ အမြင်၊အိုင်ဒီယာ၊ လူ၊ အဆက်အသွယ်၊နေရာ၊ လုပ်ဆောင်ပုံအသစ်တွေလိုတယ်။ နေ့စဥ် အိုင်ဒီယာအသစ်၊အမြင်အသစ်၊ လုပ်ဆောင်ပုံအသစ်၊ နေရာအသစ်လေ့လာခြင်းက ကိုယ့်ကိုကိုယ် အက်ဒိတ် update လုပ်နေခြင်းပဲ။ အရင်နှစ်နဲ့ ဒီနှစ်အတွေးအခေါ်မတူတော့ဘူး။ ဒီနှစ်နဲ့နောက်နှစ်ကွာခြားပြီး ပိုကောင်ဘဝဖန်တီးဖို့လိုလာတယ်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ပိုကောင်းတဲ့ဘဝရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုက တူချင်မှတူမယ်။ Phyo Paing @ Derek

တစ်ယောက်နဲ့တစ်ယောက်ရဲ့
ပိုကောင်းတဲ့ဘဝရဲ့
အဓိပ္ပာယ်ဖွင့်ဆိုမှုက တူချင်မှတူမယ်။
Read More Âť

အရင်ခေတ်
knowledge is power.

အရင်ခေတ်knowledge is power.ပညာဆိုတာ ပါဝါ။ ဒီနေ့ခေတ်Secret and Specialized Knowledge is Power.လူအများမသိတဲ့ ကိုယ့်လုပ်ငန်းနယ်ပယ်လျှိုဝှက်ချက်၊အထူးပြုအသိပညာက ပါဝါ။ Phyo Paing @ Derek

အရင်ခေတ်
knowledge is power.
Read More Âť

Change your story,
change your life.

ဘဝတစ်ခုမှာဇာတ်ကောင်တစ်ခုရမယ်။ခန္ဓာတစ်ခု၊မိဘ၊ ဆွေမျိုး၊ လူမျိုး၊ နိုင်ငံနောက်ခံသမိုင်းကျောင်းတစ်ခုရမယ်။ ဒီဇာတ်ကောင်ကို ထိန်းချုပ်လို့ရတဲ့အသိဥာဏ်တစ်ခုရမယ်။ အတိတ်ကိုပြောင်းလို့မရပေမယ့်အနာဂတ်ကိုပြောင်းလဲလို့ရမယ်။ အနာဂတ်ကိုပြောင်းဖို့ပုံပြင်အသစ်လိုတယ်။အတိတ်ကပြောနေကျပုံပြင်တွေကစွန့်ခွာနိုင်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ်ပြောနေတဲ့ပုံပြင်တွေပြောင်းလဲနိုင်တဲ့အခါဇာတ်ကောင်ရဲ့ရပ်တည်မှုကိုအဓိပ္ပာယ်ဖွင့်တဲ့ပုံစံပြောင်းသွားလိမ့်မယ်။ လူအများစုက အတိတ်၊ဟိုဟောင်းနေတဲ့ယဥ်ကျေးမှု၊ ထုံးတမ်းစဥ်လာ၊အမြင်ဟောင်းကြီးထဲကထွက်ဖို့ ရုန်းကန်နေကြရတယ်။ Change your story,change your life ဆိုတာလဲကြားဖူးလိမ့်မယ်။ ဦးနှောက်ထဲမှာ Reticular activating system (RAS)ဆိုတာရှိတယ်။အရေးကြီးတာ၊ အရေးမကြီးတာကိုဇကာစစ်ပေးတယ်။ကိုယ်ယုံကြည်တဲ့အတိုင်းအရေးကြီးတာကိုတွေ့စေတယ်။ ဘဝကြီးက ခက်ခဲတယ်ဆိုခက်ခဲတဲ့အရာတွေကိုပဲပြေတယ်။ဘဝမှာ အခွင့်အလမ်းတွေရှိတယ်။ငွေဆိုတာရှာရလွယ်တယ်ဆိုအရမ်းခက်ခဲတဲ့နေရာမှာတောင်အခွင့်အလမ်းတွေတွေ့နိုင်တယ်။ရှင်းပြတာ မော်တီဗေးရှင်းနယ်စပီကာများဆန်သွားသလား။အဲ့လိုပဲ။ ကိုယ့်ဘဝကို ဂိမ်းကစားနေသလိုစဥ်းစားကြည့်။ဇာတ်ကောင်ရဲ့ပုံစံပြောင်းချင်ရင်ကိုယ့်ကိုကိုယ်ပြောနေတဲ့ပုံပြင်ပြော။ Phyo Paing @ Derek

Change your story,
change your life.
Read More Âť

ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်
ထားနိုင်ခြင်းက
အောင်မြင်မှုပဲ။

ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားနိုင်ခြင်းကအောင်မြင်မှုပဲ။ဒါကတော့ ကျွန်တော့်အဓိပ္ပာယ်ဖွင့်ဆိုမှုပေါ့။ လိုချင်တာရရင်လဲ စိတ်ချမ်းသာတယ်။မလိုချင်တာ မရရင်လဲ စိတ်ချမ်းသာတယ်။​ သူနဲ့ပြောင်းပြန်က စိတ်ဆင်းရဲတာ။ ရထားတာမလိုချင်ရင် စိတ်ဆင်းရဲတယ်။မလိုချင်တာရပြန်ရင်လဲ စိတ်ဆင်းရဲတယ်။ လိုချင်တာရဖို့က ဆာလောင်မှုလိုတယ်။ကြံဆမှု၊ အားထုတ်မှု၊ အကင်းပါးမှုလိုတယ်။ မလိုချင်တာမရဖို့က ကြိုတင်ပြင်ဆင်မှု၊အန္တရာယ်တွေကို စီမံခန့်ခွဲမှုလိုတယ်။ ရထားတာမလိုချင်မဖြစ်ဖို့လူတိုင်းလိုချင်တာကိုကိုယ်လိုချင်တာဟုတ်မဟုတ်ပြန်ဆန်းစစ်ဖို့လိုတယ်။ မလိုချင်တာမရဖို့ကိုယ်မလိုချင်တာကို ပြတ်ပြတ်သားသားNo ပြောရဲဖို့လိုတယ်။မလိုချင်တာပေးတတ်သူတွေကိုကြည့်ရှောင်နိုင်ဖို့လဲလိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်
ထားနိုင်ခြင်းက
အောင်မြင်မှုပဲ။
Read More Âť

ကိုယ့်ဘဝကိုယ် စိတ်တိုင်းကျဖို့လိုတယ်။

ကိုယ့်ဘဝမှာဘာလုပ်ရမှန်းမသိရင်စာရွက်တစ်ရွက်ယူ။ ၁ ကနေ ၁၀ အထိအမှတ်ပေးကြည့်။၁ က အနည်းဆုံး၊ ၁၀ က အမှတ်ပြည့်၊၅ က အလည်အလတ်။ ကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သက်လို့ ၁-၁၀အလုပ်စီးပွါးနဲ့ပတ်သက်လို့ ၁-၁၀ငွေရေးကြေးရေးနဲ့ပတ်သက်လို့ ၁-၁၀အချစ်၊ အိမ်ထောင်၊ မိသားစုအရေးနဲ့ပတ်သက်လို့ ၁-၁၀အပေါင်းအသင်းနဲ့ပတ်သက်လို့ ၁-၁၀တိုးတက်ရေးနဲ့ပတ်သက်လို့ ၁-၁၀စိတ်ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ၁-၁၀ ဒီနယ်ပယ် ၇ ခုကို အမှတ်ပေးပြီးအမှတ်နည်းနေတာတွေကိုဖြည့်ကြည့်။ ဒါကို Wheel of life လို့လဲခေါ်တယ်။ တခါတလေ သူများနဲ့ပြိုင်စရာမလိုဘူး။ကိုယ့်ဘဝကိုယ် စိတ်တိုင်းကျဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝကိုယ် စိတ်တိုင်းကျဖို့လိုတယ်။ Read More »

ကျန်းမာရေးအရေးကြီးတယ်။

ဆရာတော်ဘုရားတစ်ပါးဟောကြားသလိုကျန်းမာနေရင် ပြဿနာပေါင်းတစ်သောင်းခြောက်ထောင်ရှိလိမ့်မယ်။​မကျန်းမာရင် ပြဿနာတစ်ခုပဲရှိမယ်။ကျန်းမာရေးအရေးကြီးတယ်။ Phyo Paing @ Derek

ကျန်းမာရေးအရေးကြီးတယ်။ Read More »

တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲမေးရုံနဲ့
လူတစ်ယောက်ရဲ့ဘဝအကြောင်း
အများကြီးသိနိုင်တယ်။

တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲမေးရုံနဲ့လူတစ်ယောက်ရဲ့ဘဝအကြောင်းအများကြီးသိနိုင်တယ်။ နေ့စဥ်မလုပ်မနေလုပ်ဆောင်ရမည့်Ritual လိုတယ်။ပိုကောင်းတဲ့ဘဝ၊ထုတ်ကုန်၊ လုပ်ငန်းတည်ဆောက်ချင်ရင်ritual လိုတယ်။ လုပ်ငန်းရှင်တစ်ယောက်နေ့စဥ်လုပ်နေတဲ့ အရာတွေကိုကြည့်သူ့လုပ်ငန်းအကြောင်းကို သိလိမ့်မယ်။လူတစ်ယောက်ရဲ့နေ့စဥ်လုပ်ဆောင်တဲ့အရာတွေကိုကြည့်သူ့ဘဝကိုခန့်မှန်းလို့ရလိမ့်မယ်။ Phyo Paing @ Derek

တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲမေးရုံနဲ့
လူတစ်ယောက်ရဲ့ဘဝအကြောင်း
အများကြီးသိနိုင်တယ်။
Read More Âť