Advice

ကိုယ့်ကိုကိုယ် အပြောင်းအလဲလုပ်ဖို့ကကိုယ်ထင်တာထက် ပိုလွယ်တယ်။​

ဝတ်ကောင်းစားလှ ဝတ်လိုက်။ခံစားချက်ပြောင်းသွားလိမ့်မယ်။မတူညီတဲ့နေရာသွားလိုက်ခံစားချက် ပြောင်းသွားလိမ့်မယ်။​မတူညီတဲ့သူတွေနဲ့ စကားပြောကြည့်ခံစားချက် ပြောင်းသွားလိမ့်မယ်။ပျင်းနေရင် တစ်မိနစ်လောက်ပဲထမျက်နှာ၊ သစ်သွားတိုက်၊ ရေသောက်တစ်ခုခုလုပ်လိုက်ခံစားချက်ပြောင်းသွားလိမ့်မယ်။အိုင်ဒီယာအသစ်တစ်ခုစဉ်းစားမိခံစားချက်ပြောင်းသွားလိမ့်မယ်။​ ကိုယ့်ကိုကိုယ် အပြောင်းအလဲလုပ်ဖို့ကကိုယ်ထင်တာထက် ပိုလွယ်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အပြောင်းအလဲလုပ်ဖို့ကကိုယ်ထင်တာထက် ပိုလွယ်တယ်။​ Read More »

အတားအဆီးဆိုတာ

အတားအဆီးဆိုတာအားကြီးဖို့ဖြစ်လာတာ။အခက်အခဲပဲအများကြီးစဉ်းစားမနေနဲ့။ကိုယ့်အသံနဲ့ကိုယ်နားငြီးနေမယ်။အခက်အခဲတိုင်းရဲ့တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိတယ်။ Phyo Paing @ Derek

အတားအဆီးဆိုတာ Read More »

လူတိုင်းက ကိုယ့်အားသာချက်နဲ့ကိုယ်။

ငယ်ငယ်က လူတွေကို သိပ်အထင်ကြီးတတ်တယ်။​နောက်ပိုင်း လူတိုင်းကပြောတဲ့အတိုင်း တကယ်လုပ်နိုင်တာမဟုတ်ဘူးဒါကို နားလည်လာတဲ့အခါအမြင်မှန်လာတယ်။​ လူတွေက အပေါ်ယံမှာ ပြထားတာအမှန်တွေမဟုတ်ဘူး။ လူတိုင်းကို မလိုအပ်ပဲအရမ်းမထင်မကြီးနဲ့။အထင်လဲ အရမ်းမသေးလိုက်နဲ့။ Phyo Paing @ Derek

လူတိုင်းက ကိုယ့်အားသာချက်နဲ့ကိုယ်။ Read More »

ဘဝဆိုတာ ခဏပဲ။

တစ်နှစ်၊ နှစ်နှစ်အတွက်အလုပ်လုပ်နေတာမဟုတ်ဘူး။နှစ်ပေါင်း သုံး၊ လေး၊ ငါးဆယ်အတွက်အလုပ်လုပ်နေတာ။ တစ်နေ့နေ့ တစ်ချိန်ချိန်ပြန်တွေ့တဲ့အခါလူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲနေဖို့။ ဒါကြောင့် စိတ်ရှည်တယ်။အလုပ်ကို မြန်မြန်အကောင်အထည်ဖော်တယ်။နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို မနေဘူး။ဘဝကို ပြောင်မနေဘူး။လူတွေကို လောင်မနေဘူး။ဘေးထိုင်ဘုမပြောဘူး။ရည်မှန်းချက်တွေလျော့ပြီးရောင့်ရဲမနေဘူး။ဖြစ်ချင်တာ ဖြစ်လာဖို့နည်းလမ်းတွေရှာလိုက်၊​မှားလိုက်၊ သင်ခန်းစာယူလိုက်၊လဲကျလိုက်၊ ပြန်ထလိုက်ရှေ့ဆက်နေတယ်။ ဘဝဆိုတာ ခဏပဲ။ဒီခဏက ကိုယ်နဲ့ထိုက်တန်တဲ့ဘဝဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ ခဏပဲ။ Read More »

အပြောင်းအလဲ လုပ်ပေးနိုင်တယ်။

ဆရာတစ်ယောက်ရဲ့ စွမ်းအားကလူတစ်ယောက်ဘဝကိုအပြောင်းအလဲ လုပ်ပေးနိုင်တယ်။ ဘဝရဲ့စာသင်ခြင်း Trauma ကတရုတ်ကျောင်းတွေမှာရတယ်။ဒါကြောင့် သူငယ်ချင်းအားမီတီမေဖြိုးရဲ့ အစ်ကိုနဲ့ကျောင်းအမြဲပြေးတယ်။ကျောင်းဘေးမှာ သူကြက်တိုက်တာကိုကြည့်၊ဖဲထိုင်ရိုက်။ ကိုးတန်းရောက်မှ ဆရာဂျွန်ဆိုတဲ့မြန်မာအန္ဒိယလူမျိုးအင်္ဂလိပ်စာဆရာနဲ့တွေ့တယ်။ဘဝမှာ အကြီးဆုံးအပြောင်းအလဲတစ်ခုဖြစ်တယ်။ဘဝအမြင်တွေ အကုန်ပြောင်းသွားတယ်။ကိုးတန်း၊ ဆယ်တန်းပြီးတော့အင်္ဂလိပ်စာဖတ်တတ်လာတယ်။ နောက် စာအုပ်နဲ့ audiobookနောက် video တိတ်ခွေတွေနဲ့လေ့လာခဲ့တယ်။မမြင်ဖူးတဲ့ဆရာတွေ အများကြီးပဲ။ ဆေးကျောင်းပြီးတော့ ကံကောင်းတာတစ်ခုကApex Business School မှာဆရာကျော်ဇော်လင်းနဲ့တွေ့တယ်။မားကတ်တင်းနဲ့ စီမံခန့်ခွဲမှုကိုလေ့လာခဲ့တယ်။ဘဝ နောက်တစ်ကွေ့ပြန်ပြောင်းတယ်။လွန်ခဲ့တဲ့ ဆယ့်လေးနှစ်က။ ဘဝမှာ ဆရာတွေအများကြီးရှိတယ်။​ဒီ ဆရာ၊ ဆရာမတွေကတကယ့်စိတ်ရင်း၊ ဝါသနာနဲ့စေတနာကို ထိတွေ့တဲ့အခါဘဝတစ်ခုလုံးပြောင်းလဲသွားတတ်တယ်။ ကိုယ့်မှာလဲ တခြားသူတွေကိုပြန်လည်ကူညီပေးဖို့ တာဝန်ရှိတယ်လို့အမြဲနှလုံးသွင်းထားတယ်။ Phyo Paing @ Derek

အပြောင်းအလဲ လုပ်ပေးနိုင်တယ်။ Read More »

အသက်ရှင်ပြီး အသက်ဝင်စေတဲ့အရာကအချစ်။

ဘဝကို ပြည့်စုံစေတာကတော့အချစ်ပဲ။နက်နက်နဲနဲအပြန်အလှန်နားလည်၊နက်နက်နဲနဲဆက်သွယ်လို့ရတဲ့အချစ်က အရာရာကိုကုစားပေးနိုင်တယ်။ တချို့က အိမ်ထောင်ဖက်တောင်မလိုဘူး။မိဘက ကိုယ့်ကို နက်နက်နဲနဲနားလည်ပြီးချစ်တယ်။တချို့က ညီအစ်ကိုမောင်နှမ။တချို့က သူစိမ်းတွေကအရင်းနှီးဆုံးသူတွေဖြစ်လာတယ်။တချို့က ပညာရပ်တစ်ခုနဲ့နက်နဲတဲ့ ရင်းနှီးမှုအချစ်ရှိတယ်။ Phyo Paing @ Derek

အသက်ရှင်ပြီး အသက်ဝင်စေတဲ့အရာကအချစ်။ Read More »

ဘဝက စိတ်ညစ်စရာအရမ်းများခဲ့တာ။

စိတ်ညစ်တိုင်း အလုပ်လုပ်။စိတ်ညစ်တိုင်း လေ့လာ။ အလုပ်ဆိုတာ လွတ်မြောက်ခြင်း။လေ့လာမှုဆိုတာ လွတ်မြောက်ခြင်းလုပ်ဆောင်ရင်းဘဝက အသက်ကြီးလာလေပိုပျော်လာလေ ဖြစ်လာတယ်။ တစ်ခုပဲ လေ့လာစမ်းသပ်တာနဲ့အလုပ်လုပ်တာကကြာလေ ဆေးစွဲသလိုဖြစ်လာလေ။ သူများက အလုပ်လုပ်ဖို့မော်တီဗေးရှင်းယူရတယ်။ကိုယ်က အလုပ်မလုပ်ဖို့မော်တီဗေးရှင်းပြန်ယူနေရတယ်။အဲ့လိုလူတွေရှိလားမသိဘူး။ Phyo Paing @ Derek

ဘဝက စိတ်ညစ်စရာအရမ်းများခဲ့တာ။ Read More »

ကိုယ့်ရွေးချယ်မှုပဲ။

လူတော်တော်များများမှာဖြစ်ချင်ပြီး မဖြစ်သေးတဲ့အရာတွေရှိတယ်။အိမ်မက်ရှိတယ်။တိတိကျကျ ချရေးပုံဖော်ထားတာရှိတာနဲ့ မရှိိတာပဲ ကွာရင်ကွာမယ်။​ အိမ်မက်ရှိ ရည်မှန်းချက်တွေရှိရင်ကြံဆမှုတွေ ပြုလုပ်ရပြီ။ ကိုယ့်အိမ်မက်တွေဆီရောက်အောင်ဘယ်လိုသွားမလဲ။ကိုယ့်ကိုကိုယ် နားမလည်သေးတဲ့သူတွေကတော့အိမ်မက်တွေ ခဏခဏ ပြောင်း၊တန်ဖိုးထားမှုတွေ ခဏခဏပြောင်းမယ်။​ ကိုယ့်ကိုကိုယ် သိဖို့က၁။ ကိုယ့်ရဲ့ ထူးချွန်မှု talent၂။ ကိုယ့်ရဲ့ ဝါသနာ passion၃။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု skill၄။ တန်ဖိုးထားမှု core values၅။ ဘဝရည်ရွယ်ချက် purpose၆။ ပေါင်းသင်းဆက်ဆံချင်တဲ့ အသိုင်းအဝိုင်း network၇။​ လောကအတွက်ဖြေရှင်းချင်တဲ့ ပြဿနာ need/ wantဒီအချက်တွေကိုသိဖို့လိုတယ်။ ဒါတွေကို မသိရင် လေတိုက်ရင်ယိမ်းနေမှာပဲ။ အိမ်မက်တွေအတွက် ကြံဆမှုပြုလုပ်ဖို့မဟာဗျူဟာ strategy လိုပြီ။ဘဝကို ဘယ်လိုပုံစံနေထိုင်မလဲ။နေ့စဉ် ဘာအလုပ်တွေ လုပ်ပြီးတစ်ဆင့်ချင်း ဘယ်လိုလှမ်းမလဲ။ဘယ်လိုလူတွေနဲ့တွေ့ရမလဲ၊ဘယ်လို နေရာမှာ နေရမလဲ၊ဘယ်လို အိုင်ဒီယာတွေ ခေါင်းထဲထည့်ရမလဲစဉ်းစားရပြီ။ ဒီ မဟာဗျူဟာကို နေ့စဉ်ဘဝမှာအသုံးချနိုင်ဖို့ စနစ်

ကိုယ့်ရွေးချယ်မှုပဲ။ Read More »

အနောက်တိုင်းလို အိုင်ဒီယာအသစ်တွေတူးဖော်။
တရုတ်တွေလို အလုပ်ကိုလုပ်။
မြန်မာလို စေတနာထား။

တရုတ်ယဉ်ကျေးမှုမှာကြီး၊ မြန်မာယဉ်ကျေးမှုမှာနေ၊နိုင်ငံခြားအတွေးအခေါ်စာအုပ်တွေဖတ်ဆိုတော့ကမ္ဘာ့အမြင်က သုံးခုဖြစ်နေတယ်။ တရုတ်တွေက လောကကြီးတရားမျှတတယ်လို့ အများစုမစဉ်းစားကြဘူး။လောကကြီးမတရားတာ မွေးကတည်းကလက်ခံပြီးသား။အရာရာဟာ ပြိုင်ဆိုင်မှုတစ်ခုလို့အများစု စဉ်းစားကြတယ်။ ဘာကြောင့်လဲဆို လူဦးရေအများကြီးကြားမှာပြိုင်ဆိုင်နေကြရတယ်။ နည်းပညာအသစ်ထွက်ရင်သူများသုံး ကိုယ်မသုံးရင်ကျန်ခဲ့မှာ။ အလုပ်ဖြစ်ရင် မြန်မြန်လုပ်။နောက်ကလိုက်လုပ်။ မဟုတ်ရင် ကျန်ခဲ့မှာ။ အလုပ်ဖြစ်တာလုပ်အများကြီး မစဉ်းစားနေနဲ့။ ဒီလိုသွားကြတယ်။ မိဘကို ပြန်လည်စောင့်ရှောက်။သားသမီးနောင်ရေးအတွက် ပြုစုပျိုးထောင်ပေး။ ဒါတွေနဲ့ကြီးလာတယ်။ မြန်မာယဉ်ကျေးမှုမှာ ဗုဒ္ဓအဆုံးအမတွေနဲ့ ရင်းနှီးခွင့်ရတယ်။ မြန်မာဘာသာစကားကပါဠိလိုတချို့အပိုင်းတွေကိုပိုနားလည်စေတယ်။ လူတွေကလောကအမြင်ရိုးသားတယ်။ ကောင်းသာလုပ်ရင် ကောင်းတာဖြစ်မယ်ယုံကြည်ကြတယ်။ ဘဝအခြေအနေအရသာ လုပ်တဲ့အလုပ်က မကောင်းရင်မကောင်းမယ်။စေတနာကောင်း ကံကောင်းတယ်လို့ယုံတယ်။မိဘကိုရိုသေ၊ ဆရာကိုလေးစားတယ်။ ပရဟိတစိတ်ရှိတယ်။ အမြဲ ကိုယ်ကကြီး အမြတ်ထုတ်ခံနေရတယ်လို့ထင်တတ်တာမျိုးလဲရှိတယ်။ဒါက textbook တွေမှာ ကိုလိုနီနယ်ချဲ့ဆိုတဲ့အပိုင်းတွေကို ငယ်ငယ်ကတည်းက သင်ခဲ့ရတာလဲပါနိုင်တယ်။ အနောက်တိုင်းရဲ့ပုံစံက မတူညီတဲ့အတွေးအခေါ်အများကြီးကိုတစ်ပြိုင်တည်းလက်ခံနိုင်စွမ်းရှိတယ်။ ရှိနေကျ norm လက်ကိုင်ထားတဲ့အရာတွေကိုစိန်ခေါ်ရဲတယ်။ အဓိက အတွေးအခေါ်စိန်ခေါ်မှုနဲ့အပြောင်းအလဲကြီးကိုလုပ်ရဲတယ်။ တရုတ်တွေက operational efficiency

အနောက်တိုင်းလို အိုင်ဒီယာအသစ်တွေတူးဖော်။
တရုတ်တွေလို အလုပ်ကိုလုပ်။
မြန်မာလို စေတနာထား။
Read More »

ကိုယ်နဲ့ ကီးကိုက်တဲ့သူ။

လူတိုင်းက ကိုယ်နဲ့ကီးမကိုက်ဘူး။ကိုယ်နဲ့ ကီးကိုက်တဲ့သူဆိုတာရှိတယ်။ တော်တော် မတော်တာနဲ့မဆိုင်ဘူး။ကီးကို ကိုက်တာ။ အဲ့လို ကီးကိုက်ရင်လာဘ်ပွင့်တယ်။ဥာဏ်ပွင့်တယ်။ Phyo Paing @ Derek

ကိုယ်နဲ့ ကီးကိုက်တဲ့သူ။ Read More »