Advice

အခုကအသက်ရှင်နေတဲ့တစ်ခုတည်းသော အချိန်။

ပြင်ဆင်ပါ — အဆိုးဆုံးတွေအတွက်။မျှော်လင့်ပါ — အကောင်းဆုံးတွေကို။နေပါ — ပစ္စုပ္ပန်မှာ။ စကား သုံးခွန်း။တစ်ခွန်းနဲ့ တစ်ခွန်းပြောင်းပြန်ဆန့်ကျင်နေသလို ထင်ရပါတယ်။ တကယ်တော့လူ့ဘဝ တည်မြဲနိုင်ဖို့အတွက်အရေးအကြီးဆုံး သော့ချက်သုံးခုဟာဒီသုံးခွန်းထဲမှာ အပြည့်အစုံ ရှိနေတယ်။သိပ္ပံက သက်သေပြပြီးပြီ။ တစ် — အဆိုးဆုံးကို ကြိုတင် ကြည့်ပါ ရောမ အတွေးအခေါ်ပညာရှင် စနီကာ Senecaနှစ်ပေါင်း နှစ်ထောင်ကျော်က ရေးခဲ့တာ — “မတော်တဆ ဖြစ်တဲ့အခါ အံ့အားသင့်တဲ့ လူဟာကြိုတင် မတွေးထားခဲ့တဲ့ လူ။” သူ့ရဲ့ လေ့ကျင့်ခန်းကို“ကြိုတင်၍ ဆိုးတာကို စိတ်ကူးခြင်း”Negative Visualizationလို့ ခေါ်တယ်။ နေ့စဉ် မိနစ်အနည်းငယ်အဆိုးဆုံး ဖြစ်နိုင်ခြေတွေကိုရင်ထဲမှာ ကြိုတင်ကြည့်ရှု။ ဒီအတွေးကိုဝယ်စ္စလီကောလိပ်က စိတ်ပညာရှင်ဂျူလီယာ နိုရမ် ကသိပ္ပံနည်းကျ လေ့လာခဲ့တယ်။ ၂၀၀၁ ခုနှစ် စာတမ်းမှာအဆိုးဆုံးကို ကြိုတင်တွေးထားတဲ့သူတွေဟာ“အားလုံး အဆင်ပြေလိမ့်မယ်” […]

အခုကအသက်ရှင်နေတဲ့တစ်ခုတည်းသော အချိန်။ Read More »

ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်သူသူများကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။

ကိုယ့်ကိုကိုယ် အလွန်အကျွံ အပြစ်မတင်ပါနဲ့။ အမှားလုပ်မိတိုင်းကိုယ့်ကိုကိုယ် အပြစ်တင်တာလူတိုင်း လုပ်ဖူးတယ်။ ဒါပေမယ့် —အပြစ်တင်တာနဲ့ သင်ခန်းစာယူတာ မတူဘူး။ အပြစ်တင်တာက ကိုယ့်ကို ဖျက်ဆီးတယ်။သင်ခန်းစာယူတာက ကိုယ့်ကို တည်ဆောက်တယ်။ ကျွန်တော်လဲ အဲဒါကို နှစ်ပေါင်းများစွာ ခွဲခြားမသိခဲ့ဘူး။ အမှားတစ်ခု လုပ်မိရင်ခေါင်းထဲမှာ အသံတစ်ခု ပေါ်လာတယ်။“မင်း ဘာမှ မဟုတ်ဘူး။”“ဒါလဲ မလုပ်တတ်ဘူး။”“တခြားသူတွေ လုပ်တတ်တာ မင်းဘာလို့ မလုပ်တတ်တာလဲ။” ဒီအသံက ကိုယ့်အသံ မဟုတ်ဘူး။ဒါ inner critic ရဲ့ အသံ။ Psychology မှာinner critic ဆိုတာ ကိုယ့်ကို ကာကွယ်ဖို့ ဖန်တီးထားတဲ့ စနစ်။ဒါပေမယ့် အလွန်အကျွံ ဖြစ်ရင်ကာကွယ်တာ မဟုတ်တော့ဘူး — ဖိနှိပ်နေတာ။ Kristin Neff ပြောတယ်။“Self-compassion is not self-indulgence.

ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်သူသူများကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ Read More »

ကိုယ့်ကိုကိုယ် အကုန်လက်ခံနိုင်တဲ့နေ့အဲ့နေ့မှ ကိုယ် တကယ် လွတ်လပ်တာပါ။

အတိတ်ကြောင့် ဖြစ်လာတဲ့အရိပ်နဲ့ချစ်ကြည်ရေးယူပါ။ ကိုယ့်ထဲမှာ ကိုယ် မကြိုက်တဲ့အပိုင်း ရှိတယ်ဒါကို ဝှက်ထားလေအဲ့ဒါက ကိုယ့်ကို ပိုချုပ်ကိုင်လေပါပဲ Carl Jung က Shadow (အရိပ်) လို့ ခေါ်ပါတယ် Shadow ဆိုတာကိုယ် ဖျောက်ထားတဲ့ ကိုယ့်အစိတ်အပိုင်းပါ။ ဒေါသကြီးတာကို ဖျောက်ထားတယ်ငြူစူတာကို ဖျောက်ထားတယ်မာနကို ဖျောက်ထားတယ်“ငါက ဒီလိုလူ မဟုတ်ဘူး” ဆိုပြီးဟန်ဆောင်တယ်။ ဒါပေမယ့်ဖျောက်ထားတာနဲ့ ပျောက်သွားတာ မတူပါဘူး။ ကိုယ် ဒေါသကို ဖိထားရင်တစ်နေ့ မထိန်းနိုင်တော့ဘဲ ပေါက်ကွဲပါတယ်။ကိုယ် အားနည်းချက်ကို လက်မခံရင်တစ်ချိန်လုံး သူများ အပြစ်ပဲ ရှာနေမိပါတယ်။ Jung ပြောခဲ့တာ ရှိပါတယ်။ “Until you make the unconscious conscious,it will direct your life and you

ကိုယ့်ကိုကိုယ် အကုန်လက်ခံနိုင်တဲ့နေ့အဲ့နေ့မှ ကိုယ် တကယ် လွတ်လပ်တာပါ။ Read More »

ဒါ Hill ရဲ့ သင်ခန်းစာ။ဒါ ဗုဒ္ဓ ရဲ့ သင်ခန်းစာ။ဒါ ကိုယ့် ဘဝ ရဲ့ သင်ခန်းစာ။

လူတိုင်းမှာ စွမ်းအင် ရှိတယ်။ဒါပေမဲ့ အများစု က ဒီစွမ်းအင် ကို ဘယ်မှာ သုံးနေလဲ မသိဘူး။ Napoleon Hill ကThink and Grow Rich (အကြံဥာဏ်ဖြင့် ကြီးပွားခြင်း) ထဲမှာအခန်း ၁၁ ကို ရေးခဲ့တယ်။“The Mystery of Sex Transmutation”လိင်စွမ်းအင် ပြောင်းလဲခြင်း ရဲ့ လျှို့ဝှက်ချက်။ ဒါ လိင်ဆက်ဆံရေး အကြောင်း မဟုတ်ဘူး။ဒါ စွမ်းအင် အကြောင်း။ ─── Hill က လူ ၅၀၀ ကျော် ကို ၂၀ နှစ် လေ့လာခဲ့တယ်။Andrew Carnegie, Thomas Edison, Henry Ford —ဒီလူတွေ ကို လေ့လာပြီး သူ တစ်ခု

ဒါ Hill ရဲ့ သင်ခန်းစာ။ဒါ ဗုဒ္ဓ ရဲ့ သင်ခန်းစာ။ဒါ ကိုယ့် ဘဝ ရဲ့ သင်ခန်းစာ။ Read More »

လှေ ချလိုက်ပါ။ရှေ့ဆက်ပါ။

ကိုယ့်ကိုကိုယ် ခွင့်လွတ်ပါ။ ─── နှစ်ပေါင်းများစွာ ကိုယ့်ကိုကိုယ်တရားရုံးထိုင်ပြီး စီရင်ချက် ချနေတာပင်ပန်းပြီ မဟုတ်လား။ တရားသူကြီး — ကိုယ်။တရားခံ — ကိုယ်။ရှေ့နေ — ကိုယ်။သက်သေ — ကိုယ်။ ဒါပေမဲ့ ဒီတရားရုံးမှာအပြစ်တင် ဖို့ပဲ ရှိတယ်။လွှတ်ပေးဖို့ ဘယ်သူမှ မရှိဘူး။ ─── ကိုယ့်သူငယ်ချင်းကောင်းတစ်ယောက် လာပြောတယ်။ “ငါ အရင်တုန်းက အဲ့လိုလုပ်ခဲ့မိတယ်။ငါ့ကိုယ်ငါ ခွင့်မလွတ်နိုင်ဘူး။” ကိုယ် ဘာပြန်ပြောမလဲ။ “မင်း ညံ့လိုက်တာ။ မင်းပဲ အပြစ်ရှိတာ” လို့ ပြောမလား။ ဘယ်တော့မှ မပြောဘူး။ “ရတယ်ကွ။ လူတိုင်း မှားတာပဲ။ဒါ မင်းကို သတ်မှတ်တာ မဟုတ်ဘူး။ရှေ့ဆက်” လို့ ပြောမယ်။ ဒါဆို ဘာလို့ဒီစကားကို ကိုယ့်ကိုကိုယ် မပြောနိုင်တာလဲ။ ─── ကိုယ့်ကိုကိုယ် အပြစ်တင်နေရင်ဘာဖြစ်လဲ။

လှေ ချလိုက်ပါ။ရှေ့ဆက်ပါ။ Read More »

ဘာ မလုပ်ရဘူးလဲ ရှင်းသွားလို့ဘာ လုပ်ရမလဲ ပိုရှင်းသွားတယ်။

ကားစက်နှိုးတယ်။ဂီယာ ထိုးတယ်။ဘယ်ဘက် ကွေ့မလား ညာဘက် ကွေ့မလား — မသိဘူး။ဒါဆို ဓာတ်ဆီ ကုန်တဲ့ နေရာမှာ ရပ်ရတယ်။ ဒါ ပန်းတိုင် မရှိတဲ့ ဘဝ။ ─── Neuroscience မှာ စိတ်ဝင်စားစရာ သုတေသန တစ်ခု ရှိတယ်။ ဦးနှောက်ရဲ့ Prefrontal Cortex —ဒါ ကိုယ့်ဦးနှောက်ရဲ့ CEO။ ပန်းတိုင် တိတိကျကျ သတ်မှတ်လိုက်တဲ့အခါPrefrontal Cortex က ခန္ဓာကိုယ် တစ်ခုလုံးကို ညွှန်ကြားချက် ပေးတယ်။Attention ကို ပန်းတိုင်ဆီ ညွှတ်ပေးတယ်။မလိုအပ်တဲ့ အရာတွေကို Filter လုပ်ပေးတယ်။ ဒါပေမဲ့ ပန်းတိုင် မရှိရင်Prefrontal Cortex က ဘာလုပ်ရမှန်း မသိဘူး။ဦးနှောက် ကပူပြီး ဘယ်သူ ဘာပြောပြော လိုက်နေတယ်။ Dr.

ဘာ မလုပ်ရဘူးလဲ ရှင်းသွားလို့ဘာ လုပ်ရမလဲ ပိုရှင်းသွားတယ်။ Read More »

တစ်ယောက်ထဲ ထိုင်ပါကိုယ့်ကိုယ်ကိုယ် တွေ့ပါ။

တစ်ယောက်ထဲ ထိုင်နိုင်တဲ့ လူ ရှားတယ် ဖုန်းမကြည့်ဘဲသီချင်းမဖွင့်ဘဲဘယ်သူ့ကိုမှ မခေါ်ဘဲတစ်ယောက်ထဲ ငြိမ်ငြိမ် ထိုင်နိုင်လား လူအများစု မထိုင်နိုင်ဘူး ဘာလို့လဲ တိတ်ဆိတ်မှု ထဲမှာကိုယ့်အတွေး ကိုယ် ကြားရလို့ ပုံမှန် ဆူညံနေတဲ့ ဘဝထဲမှာအတွေးတွေ ဖုံးကွယ်နေတယ်ဖုန်း ဖွင့်လိုက် ပျောက်သွားတယ်လူတွေနဲ့ စကားပြော ပျောက်သွားတယ်အလုပ်ရှုပ်နေ ပျောက်သွားတယ် ဒါပေမဲ့ ငြိမ်သက်တဲ့အခါဖုံးကွယ်ထားတာတွေ ပေါ်လာတယ် ကိုယ် ရှောင်နေတဲ့ အရာ ပေါ်လာတယ်ကိုယ် မကြည့်ချင်တဲ့ အရာ ပေါ်လာတယ်ကိုယ့်ကိုယ်ကိုယ် လိမ်နေတာ ပေါ်လာတယ် ဒါကြောင့် ဆူညံမှု ကို ရွေးတယ်ငြိမ်သက်မှု ထက် ဆူညံမှု က လွယ်လို့ ဒါပေမဲ့ ကြီးထွားမှု က ဆူညံမှုထဲ မရှိဘူးကြီးထွားမှု က ငြိမ်သက်မှုထဲ ရှိတယ် Pascal ပြောခဲ့တယ်“လူသားရဲ့ ပြဿနာ

တစ်ယောက်ထဲ ထိုင်ပါကိုယ့်ကိုယ်ကိုယ် တွေ့ပါ။ Read More »

ပိုသင်ပါ။ လျော့မသင်ပါနဲ့။ဒါပေမယ့် ယခုခေတ်မှာ တကယ်အရေးကြီးတာကို သင်ပါ။

“AI ခေတ်မှာ သင်ယူစရာမလိုတော့ဘူး။AI က လုပ်ပေးမှာ။” ဒီစကား ခဏခဏ ကြားနေရတယ်။ကိုယ်ကတော့ ဒါ အန္တရာယ်ကြီးတဲ့ အထင်လွဲမှုလို့ မြင်တယ်။ သင်ယူမှုက အရင်ကထက် ပိုအရေးကြီးလာတယ်။လျော့သွားတာ မဟုတ်ဘူး။ AI က technical skill တွေကို အစားထိုးနေပြီ။Excel, coding, data analysis,strategic plan တောင် စက္ကန့်ပိုင်းနဲ့ ထွက်လာတယ်။ ကိုယ့်တန်ဖိုးက tool တစ်ခု သုံးတတ်တာပဲ ဆိုရင်ပြဿနာ ရှိပြီ။ဘာလို့လဲဆိုတော့ tool က သူ့ဘာသာ သုံးတတ်သွားပြီ။ ဒါပေမယ့် ဘယ်သူမှ မပြောတာ တစ်ခုရှိတယ်။ AI က “ဘယ်လို” ကို ကိုင်တွယ်ပေးတယ်။“ဘာကြောင့်” ကိုတော့ နားမလည်ဘူး။ AI က marketing funnel ကို

ပိုသင်ပါ။ လျော့မသင်ပါနဲ့။ဒါပေမယ့် ယခုခေတ်မှာ တကယ်အရေးကြီးတာကို သင်ပါ။ Read More »

ဘဝက ကိုယ့်ကို ဒီဇိုင်းဆွဲနေတာ ခံမနေနဲ့ကိုယ်က ဘဝကို ဒီဇိုင်းဆွဲပါ

လူတိုင်း ဘဝကို ဒီဇိုင်းဆွဲလို့ ရတယ်ဒါပေမဲ့ လူအများစု ဒီဇိုင်းမဆွဲဘူးသူများ ဆွဲထားတဲ့ ဒီဇိုင်းထဲ နေတယ် မနက် ၇ နာရီ ထရုံးသွားညနေ ၅ နာရီ ပြန်ထမင်းစားဖုန်းကြည့်အိပ် ဒါ ကိုယ့်ဘဝ မဟုတ်ဘူးဒါ သူများ ဆွဲထားတဲ့ အချိန်ဇယားထဲ ကိုယ် ဝင်နေတာ Lifestyle Design ဆိုတာဘယ်ကား စီးမလဲဘယ်အိမ် နေမလဲဆိုတာ မဟုတ်ဘူး ကိုယ့်ရဲ့ တစ်နေ့တာ ဘယ်လို ဖြတ်သန်းချင်လဲဒါကို ကိုယ်တိုင် ရွေးတာ မေးခွန်း ၄ ခု ရှိတယ် ၁။ မနက် ၁၀ နာရီမှာ ကိုယ် ဘာလုပ်နေချင်လဲရုံးထဲ ထိုင်နေချင်လားကော်ဖီဆိုင်မှာ စာရေးနေချင်လားကလေးနဲ့ ကစားနေချင်လား ၂။ ဘယ်သူတွေနဲ့ အချိန်ဖြုန်းချင်လဲကိုယ် မကြိုက်တဲ့လူတွေနဲ့ ၈ နာရီ

ဘဝက ကိုယ့်ကို ဒီဇိုင်းဆွဲနေတာ ခံမနေနဲ့ကိုယ်က ဘဝကို ဒီဇိုင်းဆွဲပါ Read More »

ကိုယ့်လမ်းကို ရှာပါပြီးတော့ လျှောက်ပါ

ကိုယ့်ထဲက လမ်းကို ပြန်ရှာပါ Robert Greene ပြောတယ် “ကိုယ့်ဘဝရဲ့ အကြီးမားဆုံး task ကကိုယ့်ထဲက ကိုယ် ဘယ်သူလဲ ဆိုတာ ပြန်ရှာတာ” ငယ်ငယ်တုန်းက ကိုယ့်ထဲ တစ်ခုခု ရှိခဲ့တယ် ပန်းချီဆွဲချင်တယ်စာရေးချင်တယ်လုပ်ရိုးလုပ်စဉ်ပြင်ချင်တယ်ဂစ်တာတီးချင်တယ်လုပ်ငန်းတည်ဆောက်ချင်တယ် ဘာမှန်း ရှင်းရှင်း မသိဘူးဒါပေမဲ့ ခံစားလို့ ရတယ် ဒီဟာ လုပ်ရင် အချိန် ကုန်မှန်း မသိဘူးဒီဟာ လုပ်ရင် ဘယ်သူ ခိုင်းစရာ မလိုဘူးဒီဟာ လုပ်ရင် ကိုယ့်ထဲ တစ်ခုခု အသက်ဝင်တယ် Greene က ဒါကို “Natural Inclination” လို့ ခေါ်တယ် ကိုယ့်ထဲ မွေးရာပါ ပါလာတဲ့ ဦးတည်ချက် ဒါပေမဲ့ ဘာဖြစ်ခဲ့လဲ ကြီးလာတယ်လူကြီးတွေ ပြောတယ် “ဒါနဲ့ ထမင်း စားလို့

ကိုယ့်လမ်းကို ရှာပါပြီးတော့ လျှောက်ပါ Read More »