ဒီသုံးခုပြောင်းရင်
ဘဝရဲ့ ကံကိုပြောင်းချင်ရင်တွေ့တဲ့လူ၊နေတဲ့နေရာ၊ခေါင်းထဲထည့်တဲ့အိုင်ဒီယာကိုပြောင်း။ ဒီသုံးခုပြောင်းရင်အမြင်ပြောင်း၊ခံစားချက်ပြောင်း၊လုပ်ရပ်ပြောင်းပြီးကံပြောင်းတယ်။ Phyo Paing @ Derek
ဘဝရဲ့ ကံကိုပြောင်းချင်ရင်တွေ့တဲ့လူ၊နေတဲ့နေရာ၊ခေါင်းထဲထည့်တဲ့အိုင်ဒီယာကိုပြောင်း။ ဒီသုံးခုပြောင်းရင်အမြင်ပြောင်း၊ခံစားချက်ပြောင်း၊လုပ်ရပ်ပြောင်းပြီးကံပြောင်းတယ်။ Phyo Paing @ Derek
ဘဝမှာ အခက်အခဲဆုံးကျော်လွှားရတာတစ်ခုကကိုယ့်ကိုကိုယ် ဝေဖန်တာ။ တစ်သက်လုံးဝေဖန်ခံခဲ့ရတဲ့အတိတ်ကို မေ့ပြီးကိုယ့်ကိုကိုယ် self-esteem မြင့်ယုံကြည်မှုတည်ဆောက်ဖို့ တော်တော်ပြန်ကြိုးစားယူရတယ်။ လူတွေနဲ့စကားပြောပြီးတိုင်းငါမှားသွားပြီလား ကိုယ့်ကိုကိုယ် ဝေဖန်အပြစ်တင်စိတ်။ တစ်ခုခုဆို သူတပါးထက်ကိုယ့်ကိုကိုယ် အပြင်တင်လိုစိတ်ကတော်တော် ဆိုးကျိုးပေးတယ်။ ကိုယ့်အလှည့်သားသမီးတွေကို ဆုံးမတဲ့အခါအပြစ်တင်တာမျိုးမဟုတ်ပဲအပြုသဘောဆောင်ပြီးself-esteem ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးတတ်ဖို့ယုံကြည်တတ်ဖို့ အမြဲကြိုးစားဖြစ်တယ်။ Phyo Paing @ Derek
ဘဝမှာ အခက်အခဲဆုံး
ကျော်လွှားရတာတစ်ခုက
ကိုယ့်ကိုကိုယ် ဝေဖန်တာ။ Read More »
စိတ်ဆိုးတိုင်းတုံ့ပြန်ဖို့ မလိုဘူး။ ဝမ်းနည်းတိုင်းဆုံးဖြတ်ချက်ချဖို့ မလိုဘူး။ ကြောက်တိုင်းနောက်ဆုတ်ဖို့ မလိုဘူး။ ခံစားချက်ဆိုတာကိုယ့်ဆီကို ရောက်လာတဲ့ဧည့်သည်တွေပဲ။ ဧည့်သည်တိုင်းကိုအိမ်ရှင်နေရာ ပေးစရာ မလိုဘူး။ စိတ်သန်မာတယ်ဆိုတာဘာမှ မခံစားရတော့တာ မဟုတ်ဘူး။ ခံစားနေရတာကို သိပြီးဘာလုပ်မလဲဆိုတာကိုယ်တိုင် ရွေးချယ်နိုင်တာ။ Phyo Paing @ Derek
ခံစားချက်ဆိုတာ
ကိုယ့်ဆီကို ရောက်လာတဲ့
ဧည့်သည်တွေပဲ။ Read More »
စကားလုံးတွေမှာ ပါဝါရှိတယ်။ စကားလုံးတွေက မနောကံနဲ့ ဝစီကံဖြစ်စေပြီးကာယကံကိုလဲ နှိုးဆွတယ်။ ကောင်းမွန်းတဲ့ဘဝ တည်ဆောက်ဖို့ကိုယ်တိုင်ပြောနေတဲ့စကားလုံးတွေကို ပြန်ပြီး ဂရုစိုက်ရတယ်။ ကိုယ့်ရဲ့ ပါဆန်နယ် ပြောနေကျစကားလုံးတွေက ဘာတွေလဲ။ ကာယကံ၊ ဝစီကံ၊ မနောကံကိုကောင်းတဲ့နည်းနဲ့ နှိုးဆွပေးတဲ့စကားလုံးလား။ ကံခေစေမည့် စကားလုံးလား။ ကိုယ့်ဘဝ၊ ကိုယ့်ကံ၊ အတွေး၊ အကြံ၊ အလုပ်နဲ့ပဲဖိတ်ခေါ်တတ်ကြတယ်။ ကံခေတဲ့ဘဝက လွတ်ဖို့ကာယကံ၊ ဝစီကံ၊ မနောကံကိုဂရုစိုက်ပြင်။ ဒါကို ပြင်ဖို့ အတွေး၊ အကြံ၊ အလုပ်ကို ဂရုစိုက်။ Phyo Paing @ Derek
ကြိုးစားတိုင်း မအောင်မြင်ဘူး။ ကိုက်ညီမှ အောင်မြင်တာ။ ဒါက ဘဝရဲ့မဟာဗျူဟာတစ်ခုပဲ။ လူတိုင်းမှာ ပေးထားချက်တွေရှိတယ်။ စူပါပါဝါတွေရှိတယ်။ Life’s Task တွေရှိတယ်။ တချို့အတွက် အင်မတန်ခက်ခဲပေမယ့်ကိုယ့်အတွက် ကလေးကစားသလို လွယ်ကူတဲ့အရာတွေရှိတတ်တယ်။ ဘဝမှာ အရေးအကြီးဆုံးလုပ်ရမှာကသူများအတွက် ခက်ခဲပြီးကိုယ့်အတွက် ကလေးကစားသလို လွယ်ကူတဲ့ အလုပ်တွေကိုရှာဖွေရမှာ။ တချို့အလုပ်တွေက ရုန်းကန်စရာမလိုဘူးကိုယ့်အတွက် လွယ်ကူပြီးရေစီးကြောင်းနဲ့အတူ တိုးတက်နေတာမျိုး။ တချို့အလုပ်တွေက ရုန်းကန်လဲနောက်ဆုံးတော “ဆုံးရန်” အကုန်ကုန်တာမျိုး။ ကိုယ့်ရဲ့ စူပါပါဝါ ကိုယ်သိဖို့လိုတယ်။ ကိုယ့်ကို ပေးထားတဲ့ သမိုင်းပေးတာဝန်ကိုကျေပြွန်အောင်လုပ်ရင်ဘဝက လွယ်ကူနေမှာပဲ။ Alignment အလိုင်းမန့်အရေးကြီးတယ်။ Phyo Paing @ Derek
ကိုယ့်ပြသနာ ကိုယ်ဖြေရှင်းနိုင်ဖို့Personal Development လိုတယ်။ သူများပြဿနာကိုဖြေရှင်းပေးရင်းအသက်မွေးမှုပြုနိုင်ဖို့Professional Development လိုတယ်။ စျေးကွက်ပြဿနာကို လူနဲ့စနစ်အသုံးပြုဖြေရှင်းပြီး အမြတ်ငွေရဖို့Business Development လိုတယ်။ ကိုယ့်ဘဝကိုယ် စိတ်တိုင်းကျပြီးရုပ်ဝတ္ထုအလွန်အဓိပ္ပာယ်တစ်ခုနဲ့နေနိုင်ဖို့Spiritual Development လိုတယ်။ ပထမတစ်ခုဖြစ်တဲ့ Personal Development အတွက်ကိုယ့်ဘဝကို သေချာ ဒီဇိုင်းလုပ်နိုင်ဖို့လိုတယ်။ လူတိုင်းမှာ မွေးရာပါ ကံကြမ္မာတွေရှိတယ်။ဘဝရဲ့ပေးထားချက်တွေပါ။ ဒီအချက်တွေနဲ့ သေချာ align အလိုင်းမန့်ငြိနိုင်ရင်ရုန်းကန်တာထုံးစံဖြစ်တဲ့ဘဝထဲကကျော်လွှားသွားနိုင်မယ်။ နှစ်ပေါင်းများစွာလဲရှိပြီ။တစ်နှစ်ကို တစ်ခါလောက်ပြန်ဖွင့်ဖြစ်တဲ့Master Your Flow Batch 7 ကိုလဲToe Tet မှာ ပြန်တင်ထားပေးပါတယ်။ Phyo Paing @ Derek
မိတ်ဆွေတို့… ဘဝကို ဖြစ်သလို မနေပါနဲ့။ဘဝကို ဒီဇိုင်းလုပ်ပါ။ ဒီစကားကို ဘာကြောင့်ပြောလဲဆိုတော့— အိမ်တစ်လုံးဆောက်ရင်တောင်ကိုယ်လိုချင်တဲ့ပုံစံကို အရင်ဆွဲတယ်။ လုပ်ငန်းတစ်ခုလုပ်ရင်လည်းBusiness Model ဆွဲတယ်။Plan ချတယ်။System ချတယ်။ ဒါပေမယ့်ကိုယ့်ဘဝတစ်ခုလုံးကိုကျတော့ဘာမှ သေချာမစဉ်းစားဘဲဖြစ်လာသလို နေသွားတတ်ကြတယ်။ မနက်နိုးတယ်။ဖုန်းကြည့်တယ်။အလုပ်သွားတယ်။အလုပ်လုပ်တယ်။ပင်ပန်းတယ်။ပြန်လာတယ်။ဖုန်းကြည့်တယ်။အိပ်တယ်။ ဒီလိုနဲ့ တစ်ရက်ပြီးတယ်။ တစ်ရက်ကနေ တစ်ပတ်။တစ်ပတ်ကနေ တစ်လ။တစ်လကနေ တစ်နှစ်။ နောက်ဆုံးကျတော့— “ငါ့ဘဝက ဘာကြောင့် ဒီလိုဖြစ်နေတာလဲ”ဆိုပြီး ပြန်မေးရတယ်။ တကယ်တော့ဘဝက ကိုယ်မသိလိုက်ဘဲတစ်နေ့ပြီးတစ်နေ့ တည်ဆောက်နေတာပါ။ ဒါကြောင့် ကျွန်တော်ကဘဝကို အကန့်ခြောက်ခုနဲ့ ပြန်ကြည့်တတ်တယ်။ ပထမတစ်ခု ကျန်းမာရေး။ ကျန်းမာရေးမရှိရင်ကျန်တာရှိလည်း အသုံးချဖို့ခက်တယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တယ်။စားသောက်တာဂရုစိုက်တယ်။အိပ်ချိန်ကို ဂရုစိုက်တယ်။ ဒုတိယက ငွေကြေး။ ပိုက်ဆံဆိုတာချမ်းသာကြွားဝါဖို့တင် မဟုတ်ဘူး။ မနေချင်တဲ့နေရာမှာ မနေရဖို့၊မလုပ်ချင်တဲ့အလုပ် မလုပ်ရဖို့၊ကိုယ်လုပ်ချင်တာကို ရွေးချယ်နိုင်ဖို့။ ငွေကြေးက ကိုယ့်ကိုရွေးချယ်ခွင့်ပေးတယ်။ တတိယက အလုပ်နဲ့
ဘဝသစ်တစ်ခုကို သွားချင်ရင်အတိတ်က ဒဏ်ရာတွေကို နေ့တိုင်း သယ်သွားလို့မရဘူး။ တချို့အရာတွေကိုမေ့ပစ်ဖို့ မလိုဘူး။ မှန်တယ်လို့လည်းလက်ခံပေးဖို့ မလိုဘူး။ ဒါပေမယ့်ကိုယ့်ဘဝကို ဆက်ပြီးထိန်းချုပ်ခွင့်မပေးတော့ဖို့လိုတယ်။ ဒီ ၁၂ ခုကိုတဖြည်းဖြည်း ခွင့်လွှတ်ပြီး Healing လုပ်ကြည့်ပါ။ ၁။ ကိုယ့်မိဘကို ခွင့်လွှတ်ပါ။ သူတို့မပေးနိုင်ခဲ့တဲ့ အချစ်၊နားလည်မှု၊ လုံခြုံမှုတွေရှိနိုင်တယ်။ သူတို့လည်း သူတို့သိသလောက်၊သူတို့ရဲ့ဒဏ်ရာတွေနဲ့အသက်ရှင်ခဲ့ကြတာ ဖြစ်နိုင်တယ်။ ၂။ ကိုယ့်ငယ်ဘဝကို ခွင့်လွှတ်ပါ။ ကိုယ်ရွေးချယ်လို့မရခဲ့တဲ့ပတ်ဝန်းကျင်တွေရှိတယ်။ အတိတ်ကို ပြန်မရွေးနိုင်ပေမယ့်ဒီနေ့ဘယ်လိုနေမလဲကိုတော့ပြန်ရွေးလို့ရတယ်။ ၃။ ကိုယ့်ကိုနာကျင်စေခဲ့တဲ့သူတွေကို ခွင့်လွှတ်ပါ။ ခွင့်လွှတ်တယ်ဆိုတာသူတို့လုပ်ခဲ့တာ မှန်တယ်လို့ပြောတာမဟုတ်ဘူး။ သူတို့လုပ်ခဲ့တာကိုကိုယ့်စိတ်ထဲမှာ ဆက်ပြီးနေရာပေးမထားတော့တာ။ ၄။ ကိုယ့်ကိုစွန့်ခွာခဲ့တဲ့သူတွေကို ခွင့်လွှတ်ပါ။ လူတိုင်း ကိုယ့်ဘဝထဲအမြဲရှိနေဖို့မလာဘူး။ တချို့က ခရီးတစ်ပိုင်းအတွက်ပဲလာတယ်။ ၅။ ကိုယ့်ကိုသစ္စာဖောက်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ပါ။ သစ္စာဖောက်ခံရတာကဒဏ်ရာဖြစ်နိုင်တယ်။ ဒါပေမယ့်အဲ့ဒီဒဏ်ရာကြောင့်နောက်လူတိုင်းကို မယုံနိုင်တော့တာကကိုယ့်အနာဂတ်ကိုပါ ပေးဆပ်နေရတာ။ ၆။ ကိုယ်ချစ်ခဲ့ပေမယ့်
Noise တွေကိုဖယ်မှVoice တွေကို ကြားမယ်။ ဒီဆူညံသံ noise တွေကိုဖယ်ဖို့ငြိမ်ဖို့လိုတယ်။မယုတ်မာပဲ ရိုးသားဖို့လိုတယ်။လူတွေကို အကျိုးပြုဖို့လိုတယ်။ Intuition လို့ပဲခေါ်ခေါ်၊Voice လို့ပဲခေါ်ခေါ်အသံတစ်ချက်ကဘဝကြီးကို ပြောင်းလဲပြစ်နိုင်တယ်။ ဒါက ယုတ္တိမကျဘူး။ဒါပေမယ့် ဘဝပြောင်းတယ်။ ၂၀၁၄ ဖေဖော်ဝါရီလဆန်းမှာ၂၆ လမ်း၊ လမ်း ၈၀ ထောင့်မိးပွိုင့်စောင့်နေရင်းအလုပ်ထွက်လိုက်တော့ဆိုတဲ့အသံတစ်သံ ခေါင်းထဲဝင်လာတယ်။အဲ့နေ့ပဲ ရုံးရောက်တော့Resign တင်လိုက်တယ်။ဂျပန်သွားရမည့်ခရီးစဉ်ကိုမလိုက်တော့ဘူး။ဒီဆုံးဖြတ်ချက်က ဘဝအပြောင်းအလဲပဲ။ ၂၀၂၀ တုန်းကလဲ တရားထိုင်နေရင်းအဲ့လို မက်ဆေ့တစ်ခု။ညနေကျ ချက်ချင်းလုပ်တယ်။ဘဝက လူသစ်တစ်ယောက်လိုအပြောင်းအလဲဖြစ်သွားတယ်။ ၂၀၂၂ ဒီဇင်ဘာလောက်ကတစ်ခါ။၂၀၂၃ ဂျွန်လလောက်မှာလဲအဲ့လို။၂၀၂၆ စက်တင်ဘာ ၆ ရက်နေ့ကတစ်ခါ။ သူများတော့မသိဘူး။ကိုယ့်ဘဝမှာ intuition လို့ပြောပြောတချို့ Universe လို့ပြောပြောအဲ့မက်ဆေ့တွေကဘဝကို အပြောင်းအလဲ အကြီးအကျယ်ဖြစ်စေတယ်။ ရူးကြောင်ကြောင်နိုင်လိမ့်မယ်။ကျွန်တော့်လို logic နဲ့ပဲသွားတဲ့သူအတွက်ယုတ္တိနဲ့ဖီဆန်တဲ့အရာဒီလိုမက်ဆေ့တွေရပြီး ဘဝအပြောင်းအလဲဖြစ်တယ်။ Phyo Paing @ Derek
ယုတ္တိနဲ့ဖီဆန်တဲ့အရာ
ဒီလိုမက်ဆေ့တွေရပြီး ဘဝအပြောင်းအလဲဖြစ်တယ်။ Read More »
ဘဝရဲ့ life philosophy က ၁။ လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ။ဘဝမှာ ခဏလူလာဖြစ်တုန်းအချိန်တွေဖြုန်းပြီးဘဝကို ဖြစ်သလို မဖြုန်းလိုက်နဲ့။ကိုယ့်ရဲ့အကောင်းဆုံးပုံစံဖန်တီးရမှာကိုယ့်သမိုင်းပေးတာဝန်ပဲ။ဒါမှ အသက်ထွက်တဲ့အချိန်အတိတ်ကို ဂုဏ်ယူစွာနဲ့ပြန်ကြည့်နိုင်မှာ။ ၂။ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။ ဘဝကို သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။အချိန်ကို သေချာစီမံဖို့လိုတယ်။သူများလုပ်တဲ့ပုံစံ လိုက်လုပ်စရာမလိုဘူး။ကိုယ့်ဘဝ ကိုယ့်အထာပဲ။အလိုလိုပေါက်တာ မြတ်ပင်ပဲရှိတယ်။ပန်းကောင်းပန်းမံအတွက် သေချာပြုစုပျိုးထောင်ဖို့လိုတယ်။ ၃။ အရေးမပါတာကိုအရာမပေးနဲ့။ကိုယ့်အတွက် အကျိုးမရှိတာကိုအချိန်ကုန်မခံနဲ့။အရေးမပါတဲ့အလုပ်ကိုအကောင်းဆုံးလုပ်တာအချိန်ဖြုန်းတာပဲ။ ၄။ အပြစ်မတင်နဲ့ အဖြေရှာ။Victim မလုပ်နဲ့ Victor လုပ်။ဒါမှ Victory ရမှာ။ ၅။ ပြိုင်မငြင်းနဲ့ မေး။လူတွေကို ငြင်းပြီးပြင်လို့မရဘူး။ကိုယ့်အတွက် အကျိုးမရှိတာအချိန်ကုန်ခံမငြင်းနဲ့။အရင်နားလည်အောင်မေး။ ၆။ အမြင်မတူရင် အမြင့်မတူဘူး။ဒါကြောင့်ပေါင်းတဲ့ လူ၊နေတဲ့နေရာ၊ခေါင်းထဲထည့်တဲ့အိုင်ဒီယာကိုသေချာရွေး။ ၈။ လူတွေကို ပြင်ပေးဖို့ မကြိုးစားနဲ့။ပျက်အစဉ် ပြင်မရ။ ၉။ လူတွေနောက်မလိုက်နဲ့။အိမ်မက်တွေနောက်လိုက်။အချစ်နဲ့ဘဝ တည်ဆောက်လို့မရဘူး။စနစ်နဲ့ပဲဘဝ တည်ဆောက်လို့ရတယ်။ ၁၀။ ဘဝမှာ အတွေး၊ အကြံ၊