writing

စာရေးခြင်းသည် ကုသခြင်းပဲ။

စာရေးခြင်းသည် ကုသခြင်းပဲ။ စိတ်ခံစားမှုကို ဘယ်လိုကိုင်တွယ်လဲဆိုတာဘဝရဲ့ အဆုံးအဖြတ်ပဲ။ တိုင်ပတ်တဲ့ ဘဝကိုမလိုင်ဖတ်ဘဝ ပြောင်းဖို့ကဒေါသ၊ တွေဝေ၊ လမ်းပျောက်၊အားငယ်၊ စိတ်ဓာတ်ကျ၊ဝမ်းနည်း၊ ပူဆွေးဒီစိတ်ခံစားမှုတွေနဲ့ကြုံတိုင်းဒီခံစားချက်တွေကိုဘယ်နေရာကို လမ်းလွဲရမလဲဆိုတာအရမ်းအရေးကြီးတယ်။ Self-therapy ပေါ့။ ကိုယ့်ကိုယ်ကို ကုသဖို့အကောင်းဆုံးနည်းတစ်ခုကကိုယ်ဖြတ်သန်းခဲ့တဲ့ ခရီးစဥ်အတွက်မှတ်စုပုံစံချရေးပါ။သင်ခန်းစာတွေ၊တွေးမိတာတွေ ချရေးပါ။ ဒီလိုချရေးခြင်းအားဖြင့်ရင်ထဲပေါ့သွားတယ်။အတွေးရှင်းသွားတယ်။ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လို့ရတယ်။ Phyo Paing @ Derek

စာရေးခြင်းသည် ကုသခြင်းပဲ။ Read More »

စာရေးပါ။

မျက်မှန်မှာ ရေငွေ့တွေရှိနေရင်ရှေ့ကို ကောင်းကောင်းမမြင်ဘူး။ကောင်းကောင်းမြင်ဖို့အတွက်ရေငွေ့တွေကို ဖယ်ရတယ်။ စာရေးတာကလဲ ပုံစံတူတူပဲ။အတွေးရှင်းဖို့ ရေးရတယ်။ တခါတလေ အတွေးရှင်းမှ အရေးရှင်းသလိုတခါတလေ ရေးရင်းနဲ့ အတွေးရှင်းသွားတယ်။ ဒီနေ့ဖတ်နေတဲ့ စာအုပ်ကWriting to learn တဲ့။ရေးထားတာတော့ တော်တော်ကြာပြီ။New York Herald Tribune မှာစာရေးဆရာနဲ့ အယ်ဒီတာလုပ်ခဲ့ပြီးYale တက္ကသိုလ်မှာလဲYale Alumni Magazine ရဲ့အယ်ဒီတာအနေနဲ့ လုပ်ခဲ့တဲ့William Zinsser ရဲ့ စာအုပ်ဖြစ်ပါတယ်။1988 မှာ ထုတ်ခဲ့ပြီးဒီနေ့ထိ အရမ်းအသုံးဝင်နေသေးတယ်။ စာရေးလို့ပြောလိုက်တဲ့အခါreport ရေးရတော့မယ်ဆိုရင်အရမ်းကြောက်တတ်ကြတယ်။မားကတ်တင်း report ရေးတာပဲဖြစ်ဖြစ်၊ကျောင်းမှာ essay ရေးတာပဲဖြစ်ဖြစ်။ အမှန်တော့ စာရေးတယ်ဆိုတာစာရေးဆရာတွေနဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး။လူတိုင်းကိုယ့်ရဲ့အတွေးအခေါ်ကိုဖော်ပြနိုင်စွမ်းရှိတယ်။ဒီ expression လုပ်နိုင်စွမ်းက ပါဝါပဲ။ တခါတလေ စာကြီးပေကြီး literature တွေဖတ်တာနဲ့ ရေးတာ မတူဘူးလို့author က ဆိုတယ်။literature ဖတ်တယ်ဆိုတာ

စာရေးပါ။ Read More »