language

သော့ဖွင့်နိုင်ရင်
ကျန်တာတွေ အကုန်လွယ်သွားတတ်တယ်။

ဘာသာစကားလေ့လာတဲ့အခါမှတ်ဥာဏ်နဲ့လေ့လာရတဲ့အပိုင်းရှိတယ်။ဖော်မြူလာနဲ့အပိုင်းရှိတယ်။ စား၊ သွား၊ လာ၊ ထိုင်။ ဒါတွေက မှတ်ဥာဏ်နဲ့မှတ်ရပြီးနေ၊ ခဲ့၊ ပြီး၊ လိုက်၊ တော့။ ဒါတွေက ဖော်မြူလာနဲ့သွားလို့ရတယ်။ စားနေတယ်။စားခဲ့တယ်။ စားပြီးတယ်။စားလိုက်တယ်။ စားတော့။ အဲ့ဖော်မြူလာထဲထည့်လိုက်ရင်အဓိပ္ပာယ်တွေကပြောင်းသွားတယ်။ အင်္ဂလိပ်ဘာသာအရဆို eat + ing = eating (စားနေဆဲ)eat + ed = ate (စားပြီး)have + eaten = have eaten (စားပြီးပြီ)just + ate = just ate (ယခုပဲစားပြီး) တရုတ်ဘာသာ: 吃 + 着 = 吃着 (chī zhe) (စားနေတယ်)吃 + 了 = 吃了 (chī […]

သော့ဖွင့်နိုင်ရင်
ကျန်တာတွေ အကုန်လွယ်သွားတတ်တယ်။
Read More »

ဘာသာစကားကို ဆက်သွယ်မှုတစ်ခုလိုလေ့လာ။

ကလေးတွေက ဘာသာစကားလေ့လာတာမြန်ပြီးလူကြီးတွေက ဘာကြောင့် ကြာနေသလဲ။ ကျွန်တော့် အမြင်အရဆို ကလေးတွေက တုန့်ပြန်မှုတွေကလေ့လာတယ်။ဥပမာ ဒီစကားလုံးတစ်လုံးကိုတတ်တယ်။လိုအပ်တော့ ချက်ချင်းသုံးတယ်။တစ်ဖက်လူ တုန့်ပြန်မှုကို ပြန်ကြည့်တယ်။နားမလည်ရင် တစ်ဖက်က ပြင်ပေးတယ်။ပြင်ပေးတဲ့အပေါ်မှာ မူတည်ပြီးအသုံးပြုသွားတယ်။ ကလေးတွေက ရှင်သန်မှုအတွက်“ဆက်သွယ်မှု communication” တစ်ခုအနေနဲ့သုံးတယ်။သူတို့နားလည်တာက ကိုယ်ပြောတာ နားလည်ရမယ်။ လူကြီးတွေကျတော့ ဘာသာစကားတစ်ခုကို “ပညာရပ် subject” တစ်ခုလိုလေ့လာတတ်ကြတယ်။ငါ အင်္ဂလိပ်စာ လေ့လာရင် အချိန်ဘယ်လောက်ပေးရမလဲ ဒီမေးခွန်းနဲ့အရင်စတယ်။ ကလေးတွေက ဒီမေးခွန်းကို ဘယ်တော့မှ မပေးတတ်ကြဘူး။သူတို့က ဒါသိရင် ဒါသုံးမယ်။မသိသေးတာကိုလဲ အများကြီးစဥ်းစားခေါင်းရှုပ်ခံမနေဘူး။ သဘောတရားအရ use it or lose itသုံးရင်သုံးမသုံးရင် ရှုံးမေ့သွားတတ်တဲ့သဘောပဲ။ ဘာသာစကားကို ဘာသာရပ်ကိုမလေ့လာနဲ့။ တစ်ခုခုသိပြီး သုံးဖို့ အောင်းမထားနဲ့။ဘယ်လောက်ကြာမလဲ မမေးနဲ့။ ဒီအစား ဘာသာစကားကို ဆက်သွယ်မှုတစ်ခုလိုလေ့လာ။ခုသိ ခုသုံး။ ဘာသာစကားတတ်တာကို

ဘာသာစကားကို ဆက်သွယ်မှုတစ်ခုလိုလေ့လာ။ Read More »