philosophy

ဘဝတစ်ကွေ့

ဗုဒ္ဓဘာသာကို ဘဝရဲ့ အခြေခံ အုတ်မြစ်လည်ပစ်နေတဲ့ operating system တစ်ခု အနေနဲ့ ဘယ်လိုသုံးမလဲ။ အသက်ရှင်တုန်း နေပျော်ဖို့ဘဝကို အဓိပ္ပာယ်ဖွင့်ဖို့လိုတယ်။ ဘဝဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကို အဖြေရှာနိုင်ဖို့ လူတွေက နည်းပြောင်းမျိုးစုံနဲ့ချဥ်းကပ်တယ်။ တချို့က သိပ္ပံ၊တချို့က ဖလော်ဆော်ဖီ၊တချို့က ဘာသာတရား။ ဗုဒ္ဓအရ ဘဝဆိုတာ သံသရာခရီးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ အမြဲမပျက်ပြောင်းလဲနေပြီးဘယ်အရာမှ မမြဲပဲ ယာယီသာဖြစ်ပြီးဒီသဘောတရားကို အနိစ္စလို့ခေါ်တယ်။ ဘဝမှာ ပျော်စရာတွေပဲရှိတာမဟုတ်ဘူး။ဆင်းရဲဒုက္ခ၊ စိတ်ပူပင်မှုတွေ ရှိနေပါတယ်။ ဒါဟာ တဏှာ (တပ်မက်မှု)၊ ဒေါသ (အမျက်ဒေါသ)၊ မောဟ (အဝိဇ္ဇာ) တို့ကြောင့်ဒုက္ခဆိုတာ ဖြစ်လာတယ်။ အမြဲတည်မြဲတဲ့ ကိုယ်ပိုင်အတ္တဆိုတာ မရှိပါဘူး။ အနတ္တ လို့ခေါ်တယ်။ ဒီသုံးခုကို နားလည်သွားတဲ့အခါဘဝမှာ အလွန်အမင်း ဖက်တွယ်ထားတဲ့အရာတွေ၊အလွန်အကျူး တပ်မက်မှုတွေ၊တစ်ဖက်စွန်းရောက်မှုတွေကိုကျော်လွှားလာနိုင်တယ်။ ဘဝမှာ […]

ဘဝတစ်ကွေ့ Read More »

ပြဿနာအများစုက
အဲ့လောက် မကြီးတော့ဘူး။

အခုရထားတဲ့ ခန္ဓာကိုယ်အပေါင်းအသင်းမိသားစု၊ ဘဝကခဏတာပဲ။ငါက ငါမဟုတ်ဘူး။ခဏတာ သရုပ်လာဆောင်တဲ့ရက်ပေါင်း ၃၀၀၀၀ ဂိမ်းတစ်ခုပဲလို့စဉ်းစားကြည့်ရင်ပြဿနာအများစုကအဲ့လောက် မကြီးတော့ဘူး။ Phyo Paing @ Derek

ပြဿနာအများစုက
အဲ့လောက် မကြီးတော့ဘူး။
Read More »

ဥာဏ်တုံးရင် ကံတုံးတယ်။

ကံတုံးတာ ဥာဏ်တုံးလို့ဆို ဥာဏ်တုံးတာ မာန်ဖုံးလို့။ မာန်ဖုံးတဲ့အခါ အမြင်တွေမမှန်ဘူး။အမြင်တွေ မမှန်တဲ့အခါအမှန်ကို တကယ်မမြင်ဘူး။အမှန်ကို မမြင်တဲ့အခါကိုယ့်အထင်အမြင်ကို အမှန်စင်စစ်လို့ ထင်တတ်တယ်။ ကိုယ့်ရဲ့ကျန်းမာကြံ့ခိုင်ရေး၊အလုပ်စီးပွား၊ငွေကြေးအဿပြာ၊အချစ်မိသားစု၊အပေါင်းအသင်းယောင်းရင်း၊စိတ်ငြိမ်းချမ်းတိုးတက်ရေးဒါတွေအကုန်လုံးဟာကိုယ့်လောကအမြင်နဲ့အများကြီးသက်ဆိုင်နေတယ်။ လောကကို ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲmental map အနာဂတ်ကို ဘယ်လိုပြင်ဆင်သလဲplanning နေ့စဥ်ဘာတွေလုပ်သလဲbehavior ဒါတွေက ဘဝတွေကို ပုံဖော်ပေးတယ်။ ဥာဏ်တုံးပြီး မာန်ဖုံးရင်ကံတုံးလိမ့်မယ်။ Phyo Paing @ Derek

ဥာဏ်တုံးရင် ကံတုံးတယ်။ Read More »

ပြဿနာအများစုရဲ့ တရားခံ

ပြဿနာအများစုရဲ့ တရားခံက ပစ္စုပ္ပန်မှာ ကိုယ့်စိတ်ကိုငြိမ်းချမ်းအောင် မနေနိုင်လို့။ ငြိမ်းချမ်းမှုရဲ့ ရန်သူက ဆန္ဒ။ လိုချင်ပြီး မရတာ ဒုက္ခ။ရထားပြီး မလိုချင်လဲ ဒုက္ခ။ဒီ ဒုက္ခနဲ့ ဆန္ဒက သူငယ်ချင်း။ ဆန္ဒတွေကြီးမားတိုင်းအောင်မြင်တာတော့ မဟုတ်ဘူးဆိုတာသက်သေ သာဓကတွေကိုယ့်ဘေးမှာအများကြီးပဲ။ ဘဝကို အထာကျကျ၊ဆရာကျကျဖြတ်သန်းဖို့ မဂ္ဂင်ရှစ်ပါးကို နှလုံးသွင်းဖို့လိုတယ်။ ၁။ သမ္မာဒိဋ္ဌိ – မှန်ကန်သော အမြင်လိုတယ်။သစ္စာလေးပါးကို သိမြင်ဖို့လိုတယ်။ ၂။ သမ္မာသင်္ကပ္ပ – မှန်ကန်သော အကြံအစည်၊ကောင်းမွန်သော အတွေးအခေါ်များ၊မှန်ကန်တဲ့ ရွေးချယ်မှုလိုတယ်။ ၃။ သမ္မာဝါစာ – မှန်ကန်သော စကားပြောဆိုခြင်း၊ မုသားစကား၊ ကုန်းတိုက်စကား၊ ရိုင်းစိုင်းကြမ်းတမ်းသော စကားများကို ရှောင်ကြဉ်ခြင်းလိုတယ်။ ၄။ သမ္မာကမ္မန္တ – မှန်ကန်သော အပြုအမူ၊ သူတစ်ပါးကို မညှဉ်းဆဲခြင်း၊ မခိုးယူခြင်း၊ ကာမစော်ကားမှု

ပြဿနာအများစုရဲ့ တရားခံ Read More »

ဗုဒ္ဓက ကမ္ဘာ့အစောဆုံး
သုတေသီတစ်ယောက်လို့ပြောရင်လဲ မမှားဘူး။

Researcher တစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ က ဗုဒ္ဓကိုယ်တိုင်လုပ်ဆောင်ခဲ့တဲ့ Research Design ကို Creswell’s framework နဲ့ပြန်ဖန်တီးကြည့်တာ။ 💡သုတေသန ခေါင်းစဉ် (Title of the Study) “ဆင်းရဲဒုက္ခနှင့် လွတ်မြောက်ရာကို ကိုယ်တိုင်လေ့လာခြင်း – ကိုယ်ပိုင်အတွေ့အကြုံမှတဆင့် ဘဝ၏သဘာဝကို နားလည်ခြင်း” ✅သုတေသန ပြဿနာ (Research Problem) လေ့လာတွေ့ရှိချက်: အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့် ရဟန်းဘဝကို မြင်တွေ့ပြီးနောက် ဗုဒ္ဓဘုရားရှင်သည် အားလုံးသော သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို သိမြင်တွေ့ရှိပြီး ၎င်း၏အကြောင်းရင်းများကို ရှာဖွေရန် ကြိုးပမ်းခဲ့သည်။ကိုယ်တိုင်သုံးသပ်ခြင်း: ငါသည်လည်း ဤဆင်းရဲဒုက္ခနှင့် ချည်နှောင်ခံနေရသလား။ အကယ်၍ ဟုတ်ပါက ၎င်းမှ လွတ်မြောက်ရန် နည်းလမ်းရှိပါသလား။ ✅သုတေသန မေးခွန်းများ ၁။ ငါ့ဘဝတွင်

ဗုဒ္ဓက ကမ္ဘာ့အစောဆုံး
သုတေသီတစ်ယောက်လို့ပြောရင်လဲ မမှားဘူး။
Read More »

ဗုဒ္ဓက သစ္စာလေးပါးမှာ
ဘဝဆို ဒုက္ခလို့ ဟောကြားခဲ့တယ်။

ဒါကြောင့် ဒုက္ခ မရှိတဲ့ဘဝကို တောင့်တနေမည့်အစားဒုက္ခသစ္စာ ကြားမှာ ဘဝကို အထာကျကျဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့တယ်။ ဒုက္ခဆိုတာ ကိုယ်လိုချင်တာမရရင်ဒုက္ခ။မလိုချင်တာရရင်လဲ ဒုက္ခ။ ဒါကြောင့် ကိုယ့်ဘဝကိုယ်ကိုအမြဲတမ်း သက်သောင့်သက်သာမဖြစ်နေအောင်ဒုက္ခသေးသေးလေးတော့ နေစဥ်ပေးထားတယ်။ ဥပမာ အစားအသောက် စားချင်တယ်။စားချင်တဲ့ စိတ်ကို ထိန်းတာမျိုး။ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း မဖြစ်လာတာကို အော်တို လက်ခံနေတတ်တာမျိုး။ Phyo Paing @ Derek

ဗုဒ္ဓက သစ္စာလေးပါးမှာ
ဘဝဆို ဒုက္ခလို့ ဟောကြားခဲ့တယ်။
Read More »

“အာရုံ”

နိုင်ငံတစ်နိုင်ငံက ဆင်းရဲလေလေအချိန်ပိုအားပြီးစိတ်ဖိစီးမှုများလေလေအဲ့နိုင်ငံက လူတွေရဲ့ အာရုံစိုက်မှု attention ရှာရလွယ်လေဘဲ။ဒေါသထွက်အောင်လုပ်လို့လွယ်တယ်။လောဘတက်အောင်လုပ်လို့လွယ်တယ်။ ပွဲဖြစ်အောင်လုပ်လို့ လွယ်လေပဲ။ တကယ်လို့ ကိုယ်က လူအများစုနဲ့ မတူဘဲရုန်းထွက်ချင်ရင်ပထမဆုံး အပြောင်းအလဲလုပ်ရမှာကိုယ့်ရဲ့ “အာရုံ” ပဲဖြစ်ပါတယ်။ အာရုံကို ကိုယ့်ရဲ့ဘဝအတွက်အမှိုက်သရိုက်ဖြစ်စေတဲ့အရာတွေမှာမစိုက်ဘဲကိုယ့်အတွေး၊ အကြံ၊ အလုပ်ကို သေချာ ဂရုပြုဖို့လိုတယ်။ မှန်တာတွေး၊ မှန်တာကြံ၊ မှန်တာလုပ်။ ဗုဒ္ဓရဲ့အဆုံးအမ မဂ္ဂင်ရှစ်ပါးနဲ့လဲကိုက်တယ်။ Phyo Paing @ Derek

“အာရုံ” Read More »

ပိုတော်ဖို့ ဖြစ်လာတာဖြစ်နိုင်တယ်။

တခြားသူတွေဆီက အရမ်းမမျှော်ကိုးနဲ့ ကြေကွဲရလိမ့်မယ်။ ကိုယ့်ရဲ့ကြံနိုင်စွမ်း၊ဖန်နိုင်စွမ်းနဲ့အားထုတ်နိုင်စွမ်းအပေါ်မျှော်ကိုးတာကပိုတော်ဖို့ ဖြစ်လာတာဖြစ်နိုင်တယ်။ Phyo Paing @ Derek

ပိုတော်ဖို့ ဖြစ်လာတာဖြစ်နိုင်တယ်။ Read More »

ပညာတတ် Educated

ပညာတတ် မတတ်ထက် ဒီအချက်က ပိုအရေးကြီးတယ်။ ပုံမှန် ပညာတတ်ဆိုတာ ၁။ တွေးခေါ်ဆင်ခြင်မှု – ပညာတတ်သူများကပြဿနာများကို ပိုမိုစနစ်ကျစွာ ဖြေရှင်းတတ်တယ်။အကြောင်းအရာများကို ပိုမိုနက်နဲစွာ ဆန်းစစ်နိုင်ကြတယ်။ ၂။ ဆက်သွယ်ပြောဆိုမှု – စကားပြောဆိုခြင်း၊ စာရေးသားခြင်းတို့တွင် ပိုမိုကျွမ်းကျင်ပြီး၊ ရှုပ်ထွေးသောအကြောင်းအရာများကို ရှင်းလင်းစွာ ရှင်းပြနိုင်ကြတယ်။ ၃။ အထူးပြုဗဟုသုတ – မိမိလေ့လာထားသော နယ်ပယ်များတွင် နက်နဲသောဗဟုသုတများ ပိုင်ဆိုင်ကြတယ်။ ၄။ လိုက်လျောညီထွေနေထိုင်နိုင်မှု – အပြောင်းအလဲများကို လျင်မြန်စွာ လိုက်လျောညီထွေ နေထိုင်နိုင်ပြီး၊ အသစ်အဆန်းများကို ပိုမိုလွယ်ကူစွာ သင်ယူနိုင်ကြတယ်။ ၅။ ကမ္ဘာ့အမြင် – ကမ္ဘာ့အရေးကိစ္စများကို ပိုမိုကျယ်ပြန့်သော ရှုထောင့်မှ နားလည်သဘောပေါက်ကြတယ်။ ၆။ သတင်းအချက်အလက် ကိုင်တွယ်မှု – သတင်းအချက်အလက်များကို ထိရောက်စွာ ရှာဖွေ၊ စိစစ်၊

ပညာတတ် Educated Read More »

လူတွေရဲ့ဘဝကို ကွာခြားစေတဲ့အချက်

တူညီတဲ့ အခြေအနေတစ်ခုမှာလူတွေရဲ့ဘဝကို ကွာခြားစေတဲ့အချက်က“ခံယူချက်” ပဲ။ “ခံယူချက်” တွေက“ခံစားချက်” တွေကို လွှမ်းမိုးတယ်။ Phyo Paing @ Derek

လူတွေရဲ့ဘဝကို ကွာခြားစေတဲ့အချက် Read More »