positive

မလိုတဲ့သူတွေကို ဘဝထဲကိုထုတ်လိုက်ပါ။

အထာကျကျဘဝကို ဘာလို့ဖြတ်လာနိုင်လဲဆိုရင်ထင်တာတစ်ခုကတော့ ဘဝမှာ အဆက်အဆံမလုပ်ချင်တဲ့သူတွေကိုဘဝထဲက ထုတ်ပစ်ရဲတဲ့ သတ္တိလို့ထင်တယ်။ ကိုယ့်ဘဝမှာ အရင်းအနှီးဆုံးလူတွေ၊အသိုင်းအဝိုင်းရှိတယ်။ကိုယ့်ကို ချစ်ခင်တဲ့သူတွေရှိတယ်။ ကိုယ့်ဘဝမှာ အဆက်အဆံမလုပ်ချင်တဲ့သူတွေကိုဘဝထဲက ထုတ်ရဲတဲ့ သတ္တိလိုတယ်။ ဘဝမှာ လေကောင်းလေသန့်ရှူရဖို့အမှိုက်အမွှားတွေ ဖယ်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

မလိုတဲ့သူတွေကို ဘဝထဲကိုထုတ်လိုက်ပါ။ Read More »

အကြည်ဓာတ်အရေးကြီးတယ်။

Positive vibes တွေရှိမှအလုပ်အများကြီးပြီးမှာ။ ဘဝကို ဂိမ်းတစ်ခုလိုစွဲစွဲလမ်းလမ်းကစားနေရင်နေ့တိုင်းက လတ်ဆတ်နေမှာပဲ။Society က သတ်မှတ်ထားတဲ့တချို့ အဓိပ္ပာယ်မရှိတဲ့စည်းမျဉ်းတွေကိုမလိုက်နာဖို့တော့လိုတာပေါ့။ Phyo Paing @ Derek

အကြည်ဓာတ်အရေးကြီးတယ်။ Read More »

ပြဿနာတွေက ကိုယ့်ကို
အမြင့်ရောက်စေတဲ့ လှေကားထစ်တွေပဲ။

လုပ်ငန်းရှင်တစ်ချို့အတွက် ၁။ အရင်က စခဲ့ပြီး အခုစိတ်တိုင်းမကျတဲ့ လွတ်ချလို့မရတဲ့ အလုပ်တွေ ရှိရင်ရှိမယ်။ ၂။ အရင်က စခဲ့ပြီး အခု ပုံမှန်ဝင်ငွေရနေတဲ့အလုပ်တွေ ရှိမယ်။ ၃။ ကိုယ့်အတွက် ဝင်ငွေမြိုးမြိုးမြတ်မြတ်ရနေတဲ့ အလုပ်တွေလဲရှိမယ်။ ၄။ အနာဂတ်မှာ ဝင်ငွေများများရနိုင်တဲ့Projects တွေကို စမ်းသပ်နေမယ်။ ၅။ နှစ်ပေါင်း ၂၀ နဲ့အထက်မှာ ကိုယ်အကောင်အထည်ဖော်ချင်တဲ့ဆုံမှတ်တစ်ခု ရှိမယ်။ ဒီငါးခုက လုပ်ငန်းတစ်ခုလုပ်ရင်ရှိနေနိုင်တဲ့ အလုပ်တွေပဲ။ ဒီအတွက် အာရုံတွေ အများကြီးပေးရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကိုယ်တစ်ယောက်တည်းလူစွမ်းကောင်း ဖြစ်နေရုံနဲ့မရဘူး။ဦးနှောက်စွမ်းအားတွေ လိုတယ်။ဒီ ဦးနှောက်စွမ်းအားကောင်းတွေရဖို့ နှစ်ရှည်လများ စိတ်ရှည်ရှည်နဲ့ ရှာဖွေ စုဆောင်းရတယ်။ Phyo Paing @ Derek

ပြဿနာတွေက ကိုယ့်ကို
အမြင့်ရောက်စေတဲ့ လှေကားထစ်တွေပဲ။
Read More »

ကျေးဇူးတင်စရာတွေကို
ပိုတန်ဖိုးထားရမယ်ဆိုတာ
သိလာစေတဲ့အတွက်
ဘဝဟာပို ++ ဖြစ်လာတယ်။

ဘဝထဲ တချို့လူတွေဝင်လာတယ်။ကိုယ့်ဘဝအရင်ထက်အစစ အရာရာပိုကောင်းမွန်လာတယ်။ကျေးဇူးတင်စရာတွေပေးတယ်။ဘဝဟာ + ဖြစ်လာတယ်။ ဘဝထဲ တချို့လူတွေဝင်လာတယ်။စိတ်ဆင်းရဲစရာတွေ၊ ဝေဖန်မှုတွေ၊အပျက်သဘောဆောင်အတွေးတွေ၊ပေးဖို့ထက် ယူဖို့အတွေးတွေယူလာတယ်။သင်ခန်းစာတွေပေးသွားတယ်။Double + ပေးလိုက်တယ်။ ကျေးဇူးတင်စရာတွေကိုပိုတန်ဖိုးထားရမယ်ဆိုတာသိလာစေတဲ့အတွက်ဘဝဟာပို ++ ဖြစ်လာတယ်။ Phyo Paing @ Derek

ကျေးဇူးတင်စရာတွေကို
ပိုတန်ဖိုးထားရမယ်ဆိုတာ
သိလာစေတဲ့အတွက်
ဘဝဟာပို ++ ဖြစ်လာတယ်။
Read More »

မပျော်တဲ့အရာတွေ၊
စိတ်ညစ်စေတဲ့ အဖြစ်အပျက်တွေကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီး
ဖျက်မပစ်နိုင်တဲ့အခါ
စိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။

ခန္ဓာကိုယ်မှာ apotosisဆိုတဲ့ ဖြစ်စဥ်တစ်ခုရှိတယ်။အဟောင်းအနွမ်း၊ မလိုအပ်၊ပုံမမှန်တဲ့ ဆဲလ်တွေကိုအလိုအလျောက်သေအောင်စနစ်ချထားတဲ့ ဖြစ်စဥ်တစ်ခုဖြစ်တယ်။ ဒီဖြစ်စဥ် ပျက်တဲ့အခါပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကြီးလာပြီးကင်ဆာတို့လို ရောဂါတွေပေါ်လာတတ်တယ်။ ဘဝမှာလဲ အလားတူပဲ။လိုအပ်တဲ့အရာတွေပဲ မှတ်ပြီးမလိုအပ်တဲ့အရာတွေ မေ့လို့ရအောင်ဦးနှောက်က ဖန်တီးထားပေးတယ်။ ဒါကိုလွန်ဆန်ပြီး မပျော်တဲ့အရာတွေစိတ်ညစ်စေတဲ့ အဖြစ်အပျက်ကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီးဖျက်မပစ်နိုင်တဲ့အခါစိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။ Phyo Paing @ Derek

မပျော်တဲ့အရာတွေ၊
စိတ်ညစ်စေတဲ့ အဖြစ်အပျက်တွေကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီး
ဖျက်မပစ်နိုင်တဲ့အခါ
စိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။
Read More »

Positive Feeling ၅ခု

နေ့စဥ်ဘဝမှာ အကျိုးရှိစွာ ဖြတ်သန်းနိုင်ဖို့Positive feeling 5ခုလိုပါတယ်။၁. Passion အလုပ်ကိုချစ်မြတ်နိုးမှု၂. Confidence မိမိကိုယ်ကို ယုံကြည်မှု၃. Motivation စိတ်အားထက်သန်မှု၄. Gratefulness ကျေးဇူးတင်တတ်ခြင်း၅. Curiosity စူးစမ်းလိုစိတ် Phyo Paing @ Derek

Positive Feeling ၅ခု Read More »