regret

သင်ခန်းစာယူပါ။

ကျွန်တော် နောင်တတွေရဖူးတယ်။ လူတွေက အမှားတွေ ထပ်ခါ ထပ်ခါ ထပ်လုပ်တတ်ကြတယ်။ အမှားတွေက သင်ခန်းစာယူဖို့ ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို ပြန်လည်သုံးသပ်ဖို့လိုတယ်။ တချို့က လုပ်ခဲ့တဲ့ လုပ်ရပ်၊ ဒါမှမဟုတ် မလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် နောင်တ တွေ ရတတ်ကြတယ်။ ဘဝနဲ့ သက်ဆိုင်တဲ့ ဆိုင်တဲ့ ကိုယ်ရှောင်ရှားချင်တဲ့ စိတ်ခံစားမှုတွေထဲမှာ နောင်တ regret ပါရင် ကိုယ့်ကို နောင်တရစေတဲ့ အချက်တွေကို ချရေးကြည့်ပါ။ အလုပ်သေချာ မလုပ်ခဲ့တဲ့ အချိန်တိုင်း နောင်တရတတ်တယ်။ အာရုံထွေပြားဝေဝါးပြီး မရာမထင်တဲ့အလုပ်တွေ လုပ်နေမိရင်နောင်တရတတ်တယ်။ ဒီနေ့အတွက် အနာဂတ်အတွက် ဝင်ငွေ မရမည့်အလုပ်တွေ လုပ်မိရင် နောင်တရတတ်တယ်။ ဒီနေ့လုပ်နေတဲ့ အလုပ်က အနာဂတ်မှာ ရွေးချယ်စရာတွေကို ပိုမများစေခဲ့ရင် နောင်တရစေတတ်တယ်။ လူတစ်ယောက်အပေါ် မျှော်လင့်ချက်တွေထားပြီး မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ […]

သင်ခန်းစာယူပါ။ Read More »

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်

လူတွေရဲ့ ပြဿနာအများစုဟာအတွေးမရှင်းရာက စတယ်။မယောင်ရာဆီလူးနေတတ်တယ်။လူအများသတ်မှတ်ထားတဲ့အောင်မြင်မှုဆိုတဲ့နောက်လိုက်ပြီးကိုယ့်ဘဝကို အနှစ်သာရအပြည့်နေဖို့ မေ့နေတတ်ကြတယ်။ အသက်ကြီးမှ နောင်တရတတ်ကြတယ်။ ပြဿနာအများစုရဲ့ အရင်းအမြစ်ကဒီ philosophical problem ပဲ။ အတွေးရှင်းဖို့ philosophy ကိုလေ့လာဖို့လိုတယ်။ Philosophy ဆိုတာ ဥာဏ်ပညာကိုချစ်မြတ်နိုးခြင်းဖြစ်တယ်။ Philosophy ကို အရှင်းဆုံးရှင်းပြရရင် ဘာကြောင့် ဒါလုပ်သလဲ။ ဒီမေးခွန်းပဲ။ ဘာကြောင့်အသက်ရှင်နေသလဲ။ဘာကြောင့် အလုပ်လုပ်နေသလဲ။ ဘာကြောင့်၊ ဘာကြောင့်၊ ဘာကြောင့်။ ဒါမသိရင် မယောင်ရာဆီလူး၊အရေးမပါတာတွေ အရာပေးနေမိတတ်တယ်။ Phyo Paing @ Derek

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်
Read More »

ဘဝမှာ တွေဝေနေဖို့
အချိန်မရှိဘူး

လုပ်ချင်တဲ့အရာတစ်ခုကို အသက်အရွယ်တစ်ခုမှာမလုပ်လိုက်ရတဲ့အတွက်အချိန်တစ်ခုရောက်မှနောင်တရတတ်ကြတယ်။ နောင်တဆိုတာ ငါအဲ့တုန်းကဒါကို မလုပ်ခဲ့ရင်ကောင်းမှာပဲ၊ဒါမှမဟုတ် အဲ့တုန်းက ဒါကို လုပ်ခဲ့ရမှာဆိုတာပြန်စဥ်းစားပြီးတနှုံ့နှုံဖြစ်တဲ့ ခံစားချက်ဖြစ်တယ်။ ငယ်တုန်းမှာ သွားချင်တဲ့နေရာသွား၊ကိုယ့်စိတ်ထဲမှာ တစ်ခုခုလုပ်ချင်ရင်ကိုယ့်အတွက်လဲ ရေရှည်ဒုက္ခမရောက်ဘူး၊သူတပါးလဲ မထိခိုက်သွားဘူးဆိုရင်လုပ်သာလုပ်ချလိုက်။ သူငါ့ကို ဘယ်လိုထင်နေမလဲသိပ်စဥ်းစားမနေနဲ့။ မဟုတ်လဲ ဘဝက တိုတိုလေးပဲ။ မြန်မာပြည်မှာ အသက် ၇၀ ကျော်လောက်နေရမှာ သက်တမ်းက ရက်ပေါင်း ၂၅၀၀၀ ကျော်ကျော်လေးနေရတာ။ အသက်သုံးဆယ်ဆိုရင်ကို ရက်ပေါင်း၁၀၉၅၀ လောက်နေပြီးပြီ။ ဒါကြောင့် ဘဝမှာ တွေဝေနေဖို့အချိန်မရှိဘူး။ လုပ်ချင်ရင် ထလုပ်လိုက်။ ပြောချင်တဲ့စကားကို ပြောချင်တဲ့သူကိုပြောလိုက်။ အလုပ်ဖြစ်ရင် Good.. အလုပ်မဖြစ်ရင် move on.. လူအများစုက ကိုယ်မလုပ်လိုက်တာကိုနောင်တပိုရတတ်တယ်တဲ့။ In the end, we only regret the chance we didn’t take

ဘဝမှာ တွေဝေနေဖို့
အချိန်မရှိဘူး
Read More »

နောင်တတွေနည်းအောင် ကိုယ်ပိုင် ဥပဒေသထားပါ။

ဘဝမှာ နောင်တရစေတဲ့အရာတွေရှိတယ်။ အလုပ်ကို လုပ်သင့်သလောက်မလုပ်ပဲရေသာခိုလိုက်တဲ့အတွက် လိုချင်တဲ့ရလဒ် မရတဲ့အခါမျိုးမှာ နောင်တရတတ်တယ်။ ကိုယ်အားနာပြီး မပြောလိုက်တဲ့အတွက်လိုရာမရောက်ဖြစ်တဲ့အခါ နောက်တရတတ်တယ်။ အလုပ်မဖြစ်တာတွေကို လွတ်ချရမှာကြောက်ပြီးဖက်တွယ်မှုပြုလုပ်ထားတဲ့အတွက်အချိန်တွေကုန် နောင်တရတတ်တယ်။ တစ်ခုခု အိုင်ဒီယာပေါ်လာပြီးဒီအိုင်ဒီယာကို ကိုယ်အကောင်ထည်မဖော်နိုင်သေးရင် တခြားသူတစ်ယောက်လုပ်သွားတဲ့အခါနောင်တရတတ်တယ်။ လူတိုင်းကို ရောင်းပြီးလူတိုင်းအလို ဆန္ဒမဖြည့်ဆည်းပေးနိုင်တဲ့အခါနောင်တရတယ်။ တစ်ရက်တစ်ရက် တိုးတက်မှုမရှိအချိန်အလဟသ ကုန်သွားတဲ့အခါနောင်တရတယ်။ လုပ်ငန်းက ကိုယ့်အတွက်မဟုတ်ပဲကိုယ်က လုပ်ငန်းရဲ့လိုအပ်ချက်ကိုအမြဲဖြည့်ဆည်းနေရတဲ့အတွက် အချိန်ကုန် လူပန်းပြီး ကိုယ်မပါပဲ လည်မပတ်နိုင်တဲ့ လုပ်ငန်းတွေမှာကိုယ်မပျော်ပဲလုပ်နေရတဲ့အခါနောင်တရတတ်တယ်။ လုပ်မယ်လို့ သံဓိ ဌာန်ချပြီးမလုပ်ဖြစ်ရင် နောင်တရတတ်တယ်။ ကိုယ့်ဘဝ ကိုယ့်ထိန်းချုပ်မှုအောက်မရှိပဲ ရောက်တတ်ရာရာဖြစ်နေရင်နောင်တရတတ်တယ်။ ကိုယ်စုထားတဲ့ ငွေတွေ အတွေ့အကြုံအတွက် မသုံးလိုက်ပဲကိုယ်နားမလည်တဲ့အလုပ်မှာ ပုံအောသုံးလိုက်ပြီး ဆုံးရှုံးတဲ့အခါနောင်တရတတ်တယ်။ ဒီလို နောင်တရတဲ့အရာတွေကို နည်းနိုင်သမျှနည်းအောင် ဥပဒေသတွေထုတ်လိုက်တယ်။ ၁။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။၂။ ကိုယ်လိုချင်တာကို တောင်းဆိုရမှာ အားမနာပါနဲ့။၃။ အလုပ်မဖြစ်တာတွေကို

နောင်တတွေနည်းအောင် ကိုယ်ပိုင် ဥပဒေသထားပါ။ Read More »