လူတွေကို သန်မာစေတာ
ဒုက္ခတွေပဲ။

လိုချင်တာမရတဲ့အခါ၊ရထားတာမလိုချင်တဲ့အခါ၊မလိုချင်တာရတဲ့အခါဒီခါးသီးမှုတွေကို ဘယ်လိုတုန့်ပြန်လဲဆိုတာ လူတစ်ယောက်ရဲ့ဘဝကိုအဆုံးအဖြတ်ပေးပါတယ်။ ဘဝဆိုတာ ဒုက္ခလို့ဗုဒ္ဓက သစ္စာလေးပါးရဲ့ပထမတစ်ပါးအနေနဲ့ဟောကြားခဲ့တယ်။ ဒုက္ခ ဆိုတဲ့ စကားလုံးကပါဠိဘာသာစကား (Pali) ကနေ ဆင်းသက်လာတာဖြစ်ပြီးဒီစကားလုံးရဲ့ ဇစ်မြစ်ကို ပိုင်းခြားကြည့်ရင် “du” – ဆိုးရွား၊ မကောင်း၊ ခက်ခဲ“kha” – လွတ်လပ်ခြင်း၊ လေဟာပြင်အဓိပ္ပာယ်ရပါတယ်။ လွတ်မြောက်မှု မရနိုင်သေးတဲ့ အခြေအနေ၊ ဆင်းရဲဒုက္ခနဲ့ ယှဉ်နေရတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ဒုက္ခကို အကြမ်းသုံးမျိုးခွဲလို့ရပါတယ်။ ၁။ ဒုက္ခဒုက္ခ (Dukkha-dukkha) ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေဥပမာ – နာမကျန်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဝမ်းနည်းခြင်းဒါကတစ်ဒုက္ခ။ ၂။ ဝိပရိဏာမဒုက်ခ (Viparinama-dukkha) ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခဥပမာ – ချစ်ခင်သူနဲ့ ကွဲကွာရခြင်း၊ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခြင်းပျော်ရွှင်မှုတွေ၊ ကောင်းမွန်တဲ့အရာတွေ ပြောင်းလဲပျက်စီးသွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ […]

လူတွေကို သန်မာစေတာ
ဒုက္ခတွေပဲ။
Read More »