ပျော်စရာရှိရင် အရမ်းမပျော်အောင်စိတ်ထိန်းသလိုစိတ်ညစ်စရာရှိရင်လဲ စိတ်အရမ်းမညစ်ကောင်းလှတဲ့သာယာတပ်မက်မှုတွေကိုတမင်တကာ ရှောင်တဲ့ ဘဝနေထိုင်နည်းကိုStoic philosophy လို့ခေါ်တယ်။ တစ်နည်းအားဖြင့် attachment အနည်းဆုံးနဲ့နေထိုင်နည်းဖြစ်ပါတယ်။ အခက်အခဲ သို့ စိန်ခေါ်မှုများတဲ့ ကာလတွေဖြစ်တဲ့ကမ္ဘာ့ကပ်ရောဂါ၊ ကမ္ဘာစစ် တွေမှာလွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ ကျော်က အတွေးအခေါ်က အထောက်အကူအလွန်ပြုတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကရောမဘုရင် အင်ဘာယာMarcus Aurelius ရဲ့ ABC model Adversity, belief and consequences အရ ဥပမာ “Adversity” စစ်တပ်က အာဏာသိမ်းလိုက်တယ်။ ဒီနောက်ကွယ်မှာ “Belief” မျိုးစုံရှိမယ်။ တချို့က ငါ့အနာဂတ်သွားပြီ။ တချို့က ဒါမတရားဘူး။လူအများစုက ငါတို့ တိုင်းပြည်အတွက် အနာဂတ်အတွက် တွန်းလှန်မှရမယ်။ တချို့က ဒါ Federal democracy ဖြစ်ဖို့ ဖြစ်လာတာ။