March 2022

ကြုံဖူးကြလား?

တချို့သူတွေနဲ့ ဖုန်းပြောပြီးသွားတဲ့အခါကိုယ့် energy တွေ စုပ်ယူသွားသလိုဖြစ်ပြီးတော်တော်လေး လေးသွားတဲ့အချိန်တွေလူတိုင်းမှာ တစ်ချိန်မဟုတ် တစ်ချိန် ရှိတတ်ကြတယ်။ အဲ့လူတွေက ကိုယ့်အနီးစပ်ဆုံးလူတွေဖြစ်နေတတ်သလိုငါပဲမှန်တယ်ဆိုတဲ့ အယူအဆကိုဆုပ်ကိုင်ထားပြီး ပြောင်းလဲလိုစိတ်မရှိသူတွေလဲ ဖြစ်နေတတ်ကြတယ်။ကြုံဖူးကြလား? Phyo Paing @ Derek

ကြုံဖူးကြလား? Read More »

အဖြေရှာပါ။

ပြဿနာသေးသေးလေးကိုအဖြေရှာမည့်အစားပုံကြီးချဲ့ စဉ်းစားတာဟာအကြည်ဓာတ်ကို ပျက်စေတတ်တယ်။ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။အတွေးကို စရတယ်။ဒါမှ ယုတ္တိကျကျ အကောင်းဆုံးအဖြေရမှာ။ Phyo Paing @ Derek

အဖြေရှာပါ။ Read More »

အမြင်မမှန်ရင် အမှန်လဲမမြင်ဘူး။

လူနှစ်ယောက်ပေါင်းစီးတဲ့အခါပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါTeam work လိုလာပြီ။Problem-solving လုပ်တဲ့ level မတူတဲ့အခါLevel မြင့်တဲ့ သူနောက်လိုက်ဖို့လိုတယ်။အတ္တကို မလျော့ရင် အကောင်းဆုံးရလဒ်ကို ရမှာ မဟုတ်ဘူး။ အမြင်မမှန်ရင် အမှန်လဲမမြင်ဘူး။ Phyo Paing @ Derek

အမြင်မမှန်ရင် အမှန်လဲမမြင်ဘူး။ Read More »

မေးခွန်းတွေ အရေးကြီးတယ်။

ငါမလုပ်နိုင်ဘူး။မတတ်နိုင်ဘူးဆိုတဲ့စကားကိုရှောင်တယ်။တတ်နိုင်အောင် ဘယ်လိုလုပ်ရမလဲ၊ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဒီမေးခွန်းတွေပဲ မေးတယ်။မေးခွန်းတွေ အရေးကြီးတယ်။ Phyo Paing @ Derek

မေးခွန်းတွေ အရေးကြီးတယ်။ Read More »

ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။

ပြဿနာသေးသေးလေးကိုအဖြေရှာမည့်အစားပုံကြီးချဲ့ စဉ်းစားတာဟာ အကြည်ဓာတ်ကို ပျက်စေတတ်တယ်။ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။အတွေးကို စရတယ်။ဒါမှ ယုတ္တိကျကျ အကောင်းဆုံးအဖြေရမှာ။ Phyo Paing @ Derek

ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။ Read More »

လုပ်နေကျပဲလုပ်နေရင်
တိုးတက်မှု ဖြစ်လာမှာ မဟုတ်ဘူး။

လူတိုင်းက သူသိသလောက်ပဲအခြေခံပြီး စဉ်းစားနိုင်တာ။အသိတိုးမှ ဖြစ်နိုင်ခြေတွေကိုမြင်နိုင်တာမျိုး။စာမဖတ်၊ အသစ်မသင်၊လုပ်နေကျပဲလုပ်နေရင်တိုးတက်မှု ဖြစ်လာမှာ မဟုတ်ဘူး။ToeTet Culture ဖြစ်နေဖို့Continuous learning လိုတယ်။ Phyo Paing @ Derek

လုပ်နေကျပဲလုပ်နေရင်
တိုးတက်မှု ဖြစ်လာမှာ မဟုတ်ဘူး။
Read More »

ကိုယ့်ကို တစ်ချက်လာထိုးရင်
နှစ်ချက်ပြန်ထိုးမှရတယ်။

ခွင့်လွတ်စိတ် မေတ္တာတရားနဲ့တရုတ်အများစုရှိတဲ့နေရာမှာအုပ်ချုပ်လို့မရဘူးဆိုတဲ့ပုံစံမျိုးတချိန်က လီကွမ်းယူပြောခဲ့ဖူးတာမှတ်မိတယ်။ကိုယ့်ကို အသားလွတ်လာစားရင်ပိုစားဖို့လိုတဲ့ rule ကLee Kuan Yew မှာလဲ ရှိခဲ့တာပဲ။ Phyo Paing @ Derek

ကိုယ့်ကို တစ်ချက်လာထိုးရင်
နှစ်ချက်ပြန်ထိုးမှရတယ်။
Read More »

အရည်အချင်းဆိုတာ
ပြဿနာတွေဖြေရှင်းရင်းနဲ့မှ ဖြစ််လာတာပါ။

ဘေးလူတွေမသိနိုင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် အရည်အချင်းဆိုတာပြဿနာတွေဖြေရှင်းရင်းနဲ့မှ ဖြစ််လာတာပါ။ လုပ်ငန်းတစ်ခု အောင်မြင်ဖို့၊နယ်ပယ်တစ်ခုမှာ နေရာတစ်ခုရဖို့ အရမ်းလွယ်တယ်လို့ဘေးကကြည့်ပြီး ထင်ကောင်းထင်လိမ့်မယ်။ နယ်ပယ်တစ်ခုမှာနေရာတစ်ခုရောက်နေတဲ့လူတွေဟာအားရင် သူတို့ခေါင်းထဲမှာ သူ့လုပ်ငန်း၊သူ့နယ်ပယ်အကြောင်းပဲ တွေးနေတာဘေးလူတွေ သတိမထားမိတတ်ကြဘူး။ ရေချိုးရင်း အိုင်ဒီယာရလို့ချက်ချင်းပြေးလုပ်တာတွေဘေးလူတွေ သိချင်မှ သိမယ်။ ပြဿနာပေါင်းသောင်းခြောက်ထောင်ကိုလက်လျှော့လိုက်ရင်ကောင်းမလားဆိုပြီးကိုယ့်ကိုယ်ကိုယ် ဒွိဟဖြစ်တာတွေ၊ငြင်းခုန်မှုတွေကို ကျော်လွန်ဖို့အပြင်းအထန် ကြိုးစားရတာတွေဘေးလူတွေ သိချင်မှသိမယ်။ နယ်ပယ်တစ်ခုမှာ လူရိုသေရှင်ရိုသေဖြစ်ဖို့စတေးရတဲ့အရာတွေ၊ ပေးဆပ်မှုတွေကိုဘေးလူတွေ နားလည်ချင်မှ နားလည်မယ်။ ရှေ့ဆုံးက ပြေးနေနိုင်ဖို့၊မရှိသေးတဲ့အရာတွေရှိဖို့၊ရှိပြီးသားအရာတွေ တည်တံ့ဖို့၊တည်တံ့ပြီးသားအရာတွေ ဆပွားတိုးတက်ဖို့အမြဲ အကြံထုတ်နေရတာတခြားသူတွေ သိချင်မှ သိမယ်။ တချို့အချိန်တွေမှာတချို့ပြဿနာတွေကို သိပေမယ့်မသိသလို လျစ်လျူရှုစောင့်ကြည့်ရတဲ့စိတ်ရှည်မှုမျိုး ထားရတဲ့အချိန်တွေ ရှိတာတခြားသူတွေ သိချင်မှ သိမယ်။ သူကတော်လို့၊ IQ ကောင်းလို့၊ဘာလို့၊ ညာလို့ဆိုတာရာခိုင်နှုန်း အနည်းငယ်ပါ။ တကယ်တမ်း resilience ဖြစ်ဖို့ ကြံ့ကြံ့ခံဖို့အာရုံစိုက်မှု focus နဲ့patience စိတ်ရှည်မှုတွေဟာလုပ်ငန်းရှင်တစ်ယောက်အတွက်အရမ်း

အရည်အချင်းဆိုတာ
ပြဿနာတွေဖြေရှင်းရင်းနဲ့မှ ဖြစ််လာတာပါ။
Read More »

အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်က
ရှုံးနိမ့်မှု မဟုတ်ဘူး။
ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှု
သွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။
အောင်မြင်မှုအတွက် ရန်သူက
သာမာန် average ပဲ။

သာမာန်စံနှုန်းထက် ရလဒ်ပိုကောင်းတာကိုအောင်မြင်မှုလို့ သတ်မှတ်လို့ရနိုင်တယ်။ စံနှုန်းဆိုတာ မိသားစု၊အသိုင်းအဝိုင်း၊အရင်ရလဒ်ပေါ်မူတည်ပြီးဖြစ်လာတယ်။ ကျောင်းပြီးစ လူငယ်အတွက်ကုမ္ပဏီကောင်းကောင်းမှာအလုပ်ရတာ အောင်မြင်မှုဖြစ်နိုင်တယ်။ လုပ်ငန်းရှင်တစ်ယောက်အတွက်သူ့လုပ်ငန်းနယ်ပယ်မှာအများစုရထားတဲ့ ရလဒ်ထက်ပိုကောင်းအောင်ရနိုင်တာကိုအောင်မြင်မှုလို့ခေါ်နိုင်တယ်။ အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်ကရှုံးနိမ့်မှု မဟုတ်ဘူး။ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုသွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။အောင်မြင်မှုအတွက် ရန်သူကသာမာန် average ပဲ။ ဒါကြောင့် အရာရာအဆင်သင့်ဖြစ်မှ စတင်မယ်ဆိုတဲ့သာမာန်အတွေးကို ဖျောက်ဖို့လိုသလိုအောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပဲဘယ်တော့မှ အစိုးမရဘူး။အိမ်ငှါးခ မပေးနိုင်ရင်ကန်ချခံရမှာပဲ။ Phyo Paing @ Derek

အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်က
ရှုံးနိမ့်မှု မဟုတ်ဘူး။
ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှု
သွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။
အောင်မြင်မှုအတွက် ရန်သူက
သာမာန် average ပဲ။
Read More »

Average မဖြစ်ချင်ရင်
Competitive ဖြစ်ဖို့လိုတဲ့အချိန်တွေ
ရှိကောင်းရှိလိမ့်မယ်။

ကျွန်တော် ပြိုင်ဆိုင်မှုကို မကြိုက်ခဲ့ဘူး။ ပြိုင်ဆိုင်ရတာ စိတ်ပင်ပန်းတယ်လို့အမြဲ ယူဆခဲ့တယ်။ကျောင်းပြီး အလုပ်အတွက် အင်တာဗျူးဝင်တော့မှ သိလာတယ်။ ဘဝဆိုတာ resource competition တွေလုပ်တဲ့ နေရာပဲဆိုတာ။ Economics ဆိုတာ ဒီလို supply နဲ့ demand ကြား ပြိုင်ဆိုင်လုရတဲ့အတွက်မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်နိုင်အောင်model တွေနဲ့ ကြည့်တဲ့ပညာရပ်ဖြစ်တယ်။ Biology မှာပဲ ကြည့်ကြည့်မမျိုးဥနဲ့တွေ့ဖို့ sperm ပေါင်းသန်းဂဏန်းမှာ ကိုယ်ကစွမ်းခဲ့လို့လူအဖြစ်ဖြစ်လာတာမဟုတ်လား။ Relationship, Business အကုန်မှာကြည့်ရင်ဒီ competition က အမြဲဖြစ်နေတယ်။ဒါကြောင့်လဲ player နှစ်ယောက်အနည်းဆုံးရှိပြီးwell-formed outcome သတ်မှတ်လို့ရတဲ့အရာတွေအတွက် game theory ဆိုတာပေါ်လာတာပေါ့။ စိတ်ဝင်စားရင် Nash Equilibrium နဲ့ Noble ဆုရခဲ့တဲ့ John Nash အကြောင်းရိုက်ထားတဲ့ Beautiful Mind ဆိုတာ

Average မဖြစ်ချင်ရင်
Competitive ဖြစ်ဖို့လိုတဲ့အချိန်တွေ
ရှိကောင်းရှိလိမ့်မယ်။
Read More »