People + System = Result
၂၀၁၄ ဒီဇင်ဘာလမှာဖုန်းဆိုင်မှာ ထိုင်နေရင်းစဥ်းစားမိတယ်။ငါဒီဆိုင်ကြီးကို ကိုယ်မပါပဲဘယ်လို လည်ပတ်အောင်လုပ်လို့ရမလဲ။ Oredoo ဆင်းကဒ်တွေတုန်းကလဲ ဆိုင်အရင်းတွေက သုံးလေးပြန်ကြေပြီးပြီ။ ပိတ်လိုက်ပြန်ရင်လဲ မဟုတ်သေးပြန်ဘူး။ ဒီတော့ နည်းလမ်းစဥ်းစားရတယ်။ ကြားထဲမှာ နည်းလမ်းမျိုးစုံစဥ်းစားရင်းJune ၂၀၁၅ မှာ မန်နေဂျာညီလေးနဲ့သဘောတူညီမှုတစ်ခုယူတယ်။ တစ်လကို အသားတင် သိန်း ၄၀ နှစ်နှစ်တိတိရှာပေးရင် နှစ်နှစ်ပြည့်တဲ့အခါ ပိုင်ဆိုင်မှု၃၀% ပေးမယ်။ ဒါပေမယ့် ၃၀% ကို ထုတ်သွားလို့မရဘူး။နောက်သုံးနှစ်ပြန်လုပ်ပြီးမှ ထုတ်လို့ရမယ်။ ပုံမှန် သိန်း ၃၀၀ ကျော်နဲ့စခဲ့တဲ့ ဆိုင်သေးသေးလေးတစ်ခုအတွက် အမြတ် (Return On Investment) ကမဆိုးဘူးပြောရမယ်။ ကတိပေးခဲ့တဲ့အတိုင်း တစ်လမှ၄၀ အောက်မလျော့ခဲ့ဘူး။ နှစ်နှစ်နေတော့ ၃၀% ပေးတယ်။ နောက်သုံးနှစ်ထပ်လုပ်တယ်။ ဒါပေမယ့် ပိုင်ဆိုင်မှု ၃၀% ကိုထုတ်မသွားခဲ့ဘူး။ March 2014 ကနေ […]
People + System = Result Read More »