Dr. Phyo Paing

https://yec.company

Партнерская программа казино Pin-up: выгодное сотрудничество и дополнительный дохо

Партнерская программа казино Pin-up: выгодное сотрудничество и дополнительный доход Официальный сайт Pin Up Casino играть онлайн казино Пин ап Content Где можно получить специальные промокоды для получения бонусов? Официальное зеркало Pin Up Депозиты Пинкионы и статусы игроков Пин Ап официальный сайт География деятельности казино Пин Ап Партнерская программа казино Pin-up: выгодное сотрудничество и дополнительный доход […]

Партнерская программа казино Pin-up: выгодное сотрудничество и дополнительный дохо Read More »

ဆက်ဆံရေးရဲ့ အနှစ်သာရက
ရလဒ်ပဲတဲ့။

ကွန်ဖြူးရှပ်က လူတွေကိုယ့်ကိုဆက်ဆံစေချင်သလို တခြားသူတွေကို ဆက်ဆံပါတဲ့။နှစ်ပေါင်းများစွာအဲ့လိုကျင့်သုံးလာတယ်။တချို့အပိုင်း အလုပ်ဖြစ်တယ်။တချို့အပိုင်း အလုပ်မဖြစ်ဘူး။ NLP မှာကျတော့ ဆက်ဆံရေးရဲ့ အနှစ်သာရက ရလဒ်ပဲတဲ့။မုန့်ကျွေးတာနဲ့ အဆင်ပြေရင် မုန့်ကျွေး။ဒုတ်ကျွေးတာနဲ့ အဆင်ပြေရင် ဒုတ်ကျွေး။Mr. Nice Guy အားနာတာက အလုပ် မဖြစ်ဘူး။ Phyo Paing @ Derek

ဆက်ဆံရေးရဲ့ အနှစ်သာရက
ရလဒ်ပဲတဲ့။
Read More »

ကိုယ်ပိုင်အယူအဆ အရေးကြီးတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်တဲ့နေရာမှာ ကိုယ်ပိုင်အယူအဆတွေ ရှိဖို့ လိုတယ်။ လုပ်ငန်းရှင်တစ်ယောက်ရဲ့ ကိုယ်ပိုင်အယူအဆဟာ ကိုယ့်လုပ်ငန်းကို တခြားလုပ်ငန်းတွေနဲ့ ကွဲပြားသွားစေတယ်။ ကျွန်တော့်အနေနဲ့ကတော့ နောက်ပိုင်း ကိုယ်လုပ်တဲ့ လုပ်ငန်းတွေမှာ ဒီအယူအဆတွေ ထည့်ထားတယ်။ ၁။ ကိုယ့်ရဲ့လုပ်ငန်းက လူပေါင်း ၁၀၀၀ ရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ရမယ်။ ၂။ စျေးကို ကိုယ်တိုင် ထိန်းချုပ် သတ်မှတ်နိုင်ရမယ်။ ၃။ လုပ်ငန်းစတင်တဲ့အချိန်မှာ အပင်ပန်းခံပြီး သတ်မှတ်ချိန်တစ်ခုရောက်ရင် ကိုယ် လုံးဝပါစရာမလိုတာမျိုး ဖြစ်ရမယ်။ ၄။ ဒီနေ့ လုပ်လိုက်တဲ့အလုပ်ဟာ အနာဂတ်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အားဖြည့်ပေးနိုင်ရမယ်။ ၅။ ကိုယ်လုပ်တဲ့ လုပ်ငန်းတိုင်းဟာ အလွယ်တကူချဲ့ထွင်နိုင်တဲ့ Scalable business ဖြစ်ရမယ်။ ၆။ လူ (ဝန်ထမ်း) အသုံးပြုမှု အနည်းဆုံးနဲ့ လည်ပတ်နိုင်ရမယ်။ ၇။

ကိုယ်ပိုင်အယူအဆ အရေးကြီးတယ်။ Read More »

တစ်နာရီလောက် အချိန်ပေးပါ။

Health, Wealth, Love, Happiness တဲ့Tai Lopez အမြဲပြောနေတဲ့လေးခု။တစ်ခုပြီးမှ တစ်ခုလာတယ်။ကျန်းမာ၊ ချမ်းသာ၊ အချစ်၊ ပျော်ရွင်မှု။ကျန်းမာရေးအတွက် တစ်ရက်တစ်နာရီလောက် အချိန်ပေးပါ။ Phyo Paing @ Derek

တစ်နာရီလောက် အချိန်ပေးပါ။ Read More »

Rules စည်းမျဉ်း

တရွာမပြောင်း သူကောင်းမဖြစ်။သေချင်တဲ့ကျားတောပြောင်း။ အခွင့်အရေးတစ်ခုလာရင် “Yes” လို့အရင်ပြောလိုက် နောက်မှဘယ်လိုလုပ်ရမလဲ ရှာဖွေလို့Richard Branson က ပြောတယ်။ အရမ်းအောင်မြင်တဲ့သူတိုင်းကအရာရာနီးပါးကို “No” လို့ပြောတယ်လို့Warren Buffet က ပြောတယ်။ ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ပါလို့Steve Jobs က ပြောတယ်။ကိုယ်ချစ်တာမလုပ်နဲ့ကိုယ်အားသာတာကိုပဲလုပ်လို့Mark Cuban က ပြောတယ်။ ဘယ်သူ့စကားနားထောင်မလဲ။ ကိုယ်ရောက်နေတဲ့အဆင့်ပေါ်မူတည်ပြီးကိုယ်သတ်မှတ်ထားတဲ့ စည်းမျဉ်းကိုလိုက်နာရမှာပဲ။ဒီစည်းမျဉ်းကလဲ အလုပ်ဖြစ်လားလေ့လာနေဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

Rules စည်းမျဉ်း Read More »

လုပ်ငန်းတစ်ခုကြီးထွားဖို့ အခရာကျတဲ့ (၄) ခု

လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းကို အခုထက်ပိုပြီး ကြီးထွားအောင် တိုးချဲ့ချင်ရင် ဒီအချက် (၄) ချက်ကို အလေးထားလုပ်ဆောင်ပါ။ ၁။ ကိုယ့်မှာ Team တစ်ခုလိုမယ်။ ဒီ Team မှာ လူလေးမျိုးလိုမယ်။ • အဖန်တလဲလဲလုပ်ရတဲ့ အလုပ် Repetitive task တွေလုပ်နိုင်တဲ့သူ • တီထွင်စမ်းသစ်မှုတွေ လုပ်ဆောင်နိုင်တဲ့သူ • ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူနဲ့ • သူတို့အားလုံးကို သေချာအုပ်ချုပ် စာရင်းဇယားလုပ်နိုင်မည့်သူတွေ လိုပါမယ်။ ၂။ မဟာဗျူဟာ Strategy လိုတယ်။ ကိုယ့်လုပ်ငန်းက ဘယ်စီးပွားရေးထဲမှာ ရှိနေတာလဲ ? အနာဂတ်မှာ ဘာတွေ ပြောင်းလဲလာနိုင်လဲ ? အနာဂတ်မှာ ဖြစ်လာနိုင်မယ့် ပြဿနာတွေအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားဖို့ လိုမလဲ ? ဒီမေးခွန်းတွေကို အမြဲဖြေနေဖို့ လိုပါမယ်။

လုပ်ငန်းတစ်ခုကြီးထွားဖို့ အခရာကျတဲ့ (၄) ခု Read More »

CreaThit

အနာဂတ်မှာ အင်တာနက်ကတော့ဆက်ရှိနေအုံးမယ်လို့ထင်တယ်။မရှိရင် ကိုယ်တွေလဲ ဒီမှာနေနိုင်မယ်လို့ မထင်ဘူး။ အင်တာနက်ရှိနေရင်Creator Economy ကတော့ရှိနေအုံးမှာပဲ။ Creator တွေဟာ လွတ်လပ်စွာဖော်ထုတ်ပိုင်ခွင့်နဲ့Digital နည်းပညာတွေတိုးတက်မှုနဲ့အတူပေါ်လာကြတယ်။ ကျွန်တော်ကတော့ Creator တွေကိုArtistsBloggersCodersDesigners Entrepreneurs ဆိုပြီးA, B, C, D, E ဆိုပြီး အလွယ်တကူပြောလေ့ရှိတယ်။ ဒီလူတွေ တခြားသူတွေနဲ့ မတူတာကကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုအသစ်တွေ ဖန်တီးပေးခြင်းနဲ့အလုပ်အကျွေးပြုတယ်။ #CreaThit Phyo Paing @ Derek

CreaThit Read More »

Dream List ကို မဖြစ်နိုင်ဘူးပြောတဲ့သူက
ရန်သူပဲ။

ငယ်ငယ်ကကိုယ့်ဘဝမှာ သက်သေပြချင်တဲ့အရာတွေကိုList ကို ချရေးထားခဲ့တယ်။ ဝင်းမာက သူ့သားအထင်ကြီးတာဆယ်တန်း ဂုဏ်ထူးတွေမှန်းမနေပါနဲ့။ စကားမပီပဲနဲ့လူရှေ့ဘယ်လို စကားပြောလွမ်းမိုးမလဲ။ ABE Graduate Diploma ကိုလေးလခွဲနဲ့ အကုန်အောင် A+ ထွက်တာမရှိသေးဘူး။ ဘယ်လုပ်ငန်းမဆို ကိုယ်မပါပဲ လည်ပတ်တယ်ဖြစ်ရအောင်နိုင်ငံခြားစာအုပ်တွေဖတ်ပြီးလျှောက် မစဉ်းစားပါနဲ့။ Subscription ဆိုတာ မဖြစ်နိုင်ပါဘူးကွာ။ သုံးလအတွင်းပေါင် ငါးဆယ်ချပြီးပြန်မဝဘူးဆို မဖြစ်နိုင်ပါဘူး။ဖတ်တီးတိုင်း ပြန်ဝကြတာပဲ။ ငယ်ငယ်က အဲ့လို Enemy Listထားတယ်။Dream List ကို မဖြစ်နိုင်ဘူးပြောတဲ့သူကရန်သူပဲ။ Phyo Paing @ Derek

Dream List ကို မဖြစ်နိုင်ဘူးပြောတဲ့သူက
ရန်သူပဲ။
Read More »

လုပ်ငန်းဆိုတာ
ပြဿနာ ဖြေရှင်းတာဖြစ်တယ်။

ခုနှစ်တန်းလောက်က တရုတ်စီးပွားရေးနတ်မင်းလို့ ယူဆရတဲ့ ဒဏ္ဏာရီအကြောင်းဖတ်လိုက်ရတယ်။ အဲ့လူက ဘယ်မြို့ရောက်သွားသွားသုညက ပြန်စတာ ခဏဆိုပြန်ကြီးပွားသွားတယ်။မြန်မာလိုဆို ကြွက်သေတစ်ခုအရင်းပြုတဲ့ ပုံပြင်နဲ့ဆင်တယ်။ အဲ့ကတည်းက စီးပွားရေးဆိုတာစိတ်ဝင်စားပြီး စျေးထဲမှကြီးတော့ရောင်းလို့ရတာတွေ ရောင်းပြီးပိုက်ဆံရှာခဲ့တယ်။ နောက်ပိုင်း စီးပွားရေးပညာကိုထဲထဲဝင်ဝင်လေ့လာ မိတော့ ပိုတောင် စိတ်ဝင်စားလာခဲ့တယ်။ ကျွန်တော်စဥ်းစားထားတဲ့ framework တစ်ခုတော့ရှိတယ်။ဒါကတော့ လုပ်ငန်းဆိုတာ ပြဿနာ ဖြေရှင်းတာဖြစ်တဲ့အတွက်၁။ Problem-Person Fit၂။ Problem-Project Fit ၃။ Product-Market Fit၄။ Platform-Market Fit (With my younger brother, Dr. Han Lynn Naing) Phyo Paing @ Derek

လုပ်ငန်းဆိုတာ
ပြဿနာ ဖြေရှင်းတာဖြစ်တယ်။
Read More »