Dr. Phyo Paing

https://yec.company

လူတွေတံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုကိုယ် ပြန်ဖန်တီးပါ။

တက္ကသိုလ်တက်တုန်းက ဆေးကျောင်းသား၊အလုပ်ခွင်ဝင်တော့ ဆရာဝန်။ဆေးကုမ္ပဏီဝင်တော့ အရောင်းသမား။အချိန်ပိုင်းစာသင်တော့ သင်တန်းဆရာ။ဖောက်သည်တွေရအောင် ကူညီပေးတော့မားကတ်တင်း ကျွမ်းကျင်ပညာရှင်။ ကိုယ်တိုင်လုပ်ငန်းစတော့ အလုပ်ရှင်။ကိုယ်တိုင်သင်တန်းကျောင်းဖွင့်တော့သင်တန်းကျောင်း ပိုင်ရှင်။တိုင်ပင်ဆွေးနွေးအကြံပေးလုပ်တော့ အကြံပေး။Website တွေ၊ App တွေလုပ်တော့Digital Entrepreneur ဘာညာ။ လူတွေက ကိုယ်ဒီနေ့ လုပ်နေတဲ့ အလုပ်ကိုကြည့်ပြီးတံဆိပ်ကပ်ကြတယ်။ တချို့လူတွေမသိတာကToeTeter တွေကလူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲနေဖို့ကိုယ်ပိုင်ဆိုင်ထား၊ ရရှိထားတဲ့ အရာတွေကိုစွန့်လွတ်ပြီး ကိုယ့်ကိုကိုယ် ပြန်လည်ဖန်တီးရတဲ့အချိန်တွေ ရှိတယ်။ စွန့်လွတ်ရတဲ့အထဲမှာ အတွေးအခေါ်အဟောင်း၊ယုံကြည်မှုဟောင်း၊ လုပ်ပုံကိုင်ပုံအဟောင်း၊လုပ်နေကျအဟောင်းတွေပါဝင်တယ်။You have to give up to grow up. ကိုယ်နေ့စဉ် လုပ်နေတဲ့အရာတွေကကိုယ့်ကို next level ရောက်အောင်ကူညီပေးနိုင်ရမယ်။ Phyo Paing @ Derek

လူတွေတံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုကိုယ် ပြန်ဖန်တီးပါ။ Read More »

လှည့်ကြည့်စရာမလိုတဲ့ Marketing Team
တည်ဆောက်ရေး

သင်တန်းတွေပဲ တက်ပြီးစာသင်တာ ကောင်းလိုက်တာနဲ့ပြီးသွားတတ်ကြတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ ၂၀၁၆ ကတည်းကနည်းလမ်းရှာခဲ့တယ်။၂၀၂၀ မှာ နည်းပညာတွေ့ရှိခဲ့တယ်။ မိုက်လားလို့ မမေးတော့ဘူး။Sapwar.com ရဲ့ Strategy Toolsကိုယ့်လုပ်ငန်းရဲ့ marketing သမားတကယ်တတ်မတတ် Sapwar.com ရဲ့Strategy Tools သုံးခိုင်းလိုက်ရင်အဖြေထွက်တယ်။ လှည့်ကြည့်စရာမလိုတဲ့ Marketing Teamတည်ဆောက်ရေးမှာ ကူညီပေးဖို့www.Sapwar.com လာပါပြီ။ Phyo Paing @ Derek

လှည့်ကြည့်စရာမလိုတဲ့ Marketing Team
တည်ဆောက်ရေး
Read More »

ဘဝမှာ လမ်းပြသူတွေက ဘဝလမ်းကြောင်းမှန်စေခဲ့တယ်။

Tony Buzan ကိုသိလို့ Accelerated learningကိုလုပ်ဖြစ်ခဲ့တယ်။Tony Robbins ကိုသိလို့ Personal developmentကို လုပ်ဖြစ်ခဲ့တယ်။Edward Debono ကိုသိခဲ့တဲ့အတွက်စဉ်းစားနည်းစနစ် lateral thinking ကိုနေ့စဉ်ဘဝမှာ ကျင့်သုံးဖြစ်လာခဲ့တယ်။ Eben Pagan ကိုသိလို့ Digital Product တွေတည်ဆောက်ရမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တယ်။Seth Godin ကိုသိလို့ Marketing ကိုသေချာနားလည်လုပ်ဆောင်နိုင်ခဲ့တယ်။Tim Ferriss ကိုသိခဲ့လို့ Productivity ကိုအလေးပေးရမယ်နားလည်ခဲ့တယ်။ Peter Drucker ကိုသိခဲ့လို့ Management ကိုဘယ်လိုလုပ်ဆောင်ရမယ်နားလည်ခဲ့တယ်။Michael Porter စာအုပ်တွေဖတ်ပြီးStrategy တစ်ခု Competitive advantageဘယ်လို တည်ဆောက်ရမလဲ နားလည်ခဲ့တယ်။Robert Greene ကြောင့် လူ့အကြောင်းတွေသေချာနားလည်ခဲ့တယ်။ ဆရာတော် Thick Nhat Hanh ကိုသိခဲ့တဲ့အတွက်Buddhism ကိုလမ်းမှန်မြင်နိုင်ခဲ့ပြီးနေ့စဉ်ဘဝမှာ ပျော်ပျော်ရွင်ရွင်ဖြတ်သန်းနိုင်နေခဲ့တယ်။ List တွေချရေးရင်

ဘဝမှာ လမ်းပြသူတွေက ဘဝလမ်းကြောင်းမှန်စေခဲ့တယ်။ Read More »

ဘဝဆိုတာ ဂိမ်းတစ်ခုပဲ။

အခက်အခဲတွေ၊ ပြဿနာတွေ၊စိန်ခေါ်မှုတွေကြားကရှင်သန်မှု၊ တိုးတက်မှု၊ဝမ်းနည်း၊ ကြေကွဲ၊ကြည်နူး၊ ဂုဏ်ယူ၊ ပျော်ရွင်မှု၊တွေဖြစ်လာတယ်။ မွေးကတည်းက မပြီးနိုင်တဲ့စာမေးပွဲတွေ ဖြေနေရတယ်။အထက်တန်းစာမေးပွဲကိုမူလတန်းအတွေးအခေါ်နဲ့ဖြေလို့ မရသလိုဒီနေ့ကြုံတွေ့ရတဲ့ စိန်ခေါ်မှုကိုမနေ့က အတွေးအခေါ်နဲ့ လမ်းဟောင်းနဲ့ဖြေရှင်းလို့ ရချင်မှရလိမ့်မယ်။ လောကအမြင်ပြောင်းဖို့ခေါင်းထဲရှိတဲ့ ပုံပြင်တွေ ပြောင်းဖို့လိုတယ်။ ဘဝဆိုတာ ဒုက္ခဆိုတဲ့ အတွေးအခေါ်ကိုဘဝဆိုတာ ဂိမ်းတစ်ခုလို့သတ်မှတ်ထားတယ်။အလုပ်ဆိုတာ ငွေရှာဖို့ဆိုတာထက်အလုပ်ဆိုတာ ကိုယ့်ဘဝတိုးတက်ဖို့လို့သတ်မှတ်ထားတယ်။စီးပွားရေးဆိုတာ ငွေရှာဖို့လို့ သတ်မှတ်ထားကြပေမယ့်စီးပွားရေးဆိုတာ လူတွေကို ကူညီဖို့လို့သတ်မှတ်ထားတယ်။ ပြဿနာဆိုတဲ့ စကားလုံးကိုစိန်ခေါ်မှုလို့ ပြောင်းထားတယ်။ လိုချင်တဲ့အရာမရခဲ့ရင်ပိုကောင်းတာ ရလာလိမ့်မယ်လို့မျက်စိမှိတ်ယုံကြည်ထားတယ်။ တစ်ခုခု အဆိုးကြုံလာတိုင်းအရာရာပိုကောင်းဖို့ ဖြစ်လာတာပါလို့ယုံကြည်ပြီးသားဖြစ်တဲ့အတွက်လောကဓံကို ပိုပြီးခံနိုင်ရည်ရှိလာတယ်။ လူတွေအပေါ်မှာ မျှော်မှန်းချက်တွေထားပြီးသောကတွေများနေတဲ့ ဘဝအစားကိုယ့်ကိုကိုယ်အပေါ် မျှော်မှန်းချက်တွေထားပြီးအကောင်ထည်ဖော်ဖြစ်လာတယ်။ Phyo Paing @ Derek

ဘဝဆိုတာ ဂိမ်းတစ်ခုပဲ။ Read More »

Derek Philosophy

ဘူကောင်တွေကို ရှောင်။ အလုပ်ကို ပိုးစိုးပက်စက်လုပ်။ ဒူပေဒဏ်(ဒါ)ပေခံ။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် တုံးတိုက်တိုက်ကျားကိုက်ကိုက်လုပ်။ နေ့စဉ် ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အရာတစ်ခုလုပ်။ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲစေမည့်အရာ မလုပ်နဲ့။ ရှင်သန်မှုအတွက် ကျေးဇူးတင်စိတ်နဲ့နေပါ။ သာမာန်ဆိုတာ အကောင်းဆုံးရဲ့ရန်သူပဲ။ Phyo Paing @ Derek

Derek Philosophy Read More »

လှည့်ကြည့်စရာမလိုတဲ့ Marketing Team

သင်တန်းတွေပဲ တက်ပြီးစာသင်တာ ကောင်းလိုက်တာနဲ့ပြီးသွားတတ်ကြတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ ၂၀၁၆ ကတည်းကနည်းလမ်းရှာခဲ့တယ်။၂၀၂၀ မှာ နည်းပညာတွေ့ရှိခဲ့တယ်။ မိုက်လားလို့ မမေးတော့ဘူး။Sapwar.com ရဲ့ Strategy Toolsကိုယ့်လုပ်ငန်းရဲ့ marketing သမားတကယ်တတ်မတတ် Sapwar.com ရဲ့Strategy Tools သုံးခိုင်းလိုက်ရင်အဖြေထွက်တယ်။ လှည့်ကြည့်စရာမလိုတဲ့ Marketing Teamတည်ဆောက်ရေးမှာ ကူညီပေးဖို့www.Sapwar.com လာပါပြီ။ Phyo Paing @ Derek

လှည့်ကြည့်စရာမလိုတဲ့ Marketing Team Read More »

သက်လုံမကောင်းတဲ့
သင့်ပြိုင်ဖက်တွေက
ကျန်ခဲ့လိမ့်မယ်။

ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာ သက်လုံမကောင်းတဲ့ သင့်ပြိုင်ဖက်တွေကကျန်ခဲ့လိမ့်မယ်။တစ်နှစ်၊ နှစ်နှစ် မစဉ်းစားနဲ့ဆယ်နှစ်၊ နှစ်နှစ်ဆယ်အနည်းဆုံးစဉ်းစားထားဖို့လိုတယ်။ Phyo Paing @ Derek

သက်လုံမကောင်းတဲ့
သင့်ပြိုင်ဖက်တွေက
ကျန်ခဲ့လိမ့်မယ်။
Read More »

သင့်ပြိုင်ဖက်တွေကကျန်ခဲ့လိမ့်မယ်။

ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာသက်လုံမကောင်းတဲ့သင့်ပြိုင်ဖက်တွေကကျန်ခဲ့လိမ့်မယ်။တစ်နှစ်၊ နှစ်နှစ် မစဉ်းစားနဲ့ဆယ်နှစ်၊ နှစ်နှစ်ဆယ်အနည်းဆုံးစဉ်းစားထားဖို့လိုတယ်။ Phyo Paing @ Derek

သင့်ပြိုင်ဖက်တွေကကျန်ခဲ့လိမ့်မယ်။ Read More »

ကိုယ့်ကိုကိုယ် နားလည်ဖို့
အရေးကြီးတယ်။

ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံးလူကကိုယ်ကိုယ်တိုင်ပဲ။ ကိုယ့်ကိုကိုယ် နားလည်အောင်လေ့လာနေတာနှစ်ပေါင်း ၃၀ ကျော်ပြီ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ဖို့
အရေးကြီးတယ်။
Read More »

ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။

ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံးလူကကိုယ်ကိုယ်တိုင်ပဲ။ကိုယ့်ကိုကိုယ် နားလည်အောင်လေ့လာနေတာနှစ်ပေါင်း ၃၀ ကျော်ပြီ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။ Read More »